Tuesday, August 14, 2012
သတိရခြင်းနဲ့ လွမ်းတခြင်း
သူငယ်ချင်းတစ်ယောက်က မေးဖူးတယ် တစ်ယောက်ယောက်ကို သတိရနေတာ ဘယ်လိုဖြေဖျောက်ရမလဲ… နေ့တိုင်းလိုလို သတိရနေတာတဲ့။ ကျနော်ကလည်း မင်းက ဘယ်သူ့ကို သတိရနေတာလဲလို့ပြန်မေးလိုက်တယ် ၊ ကျနော်မေးတာကို ပြန်မဖြေသေးပဲ မိနစ်အနည်းငယ်လောက်ထိ သူနှုတ်ဆိပ်သွားခဲ့တယ်။ ဟေ့.. မေးနေတယ်လေကွာလို့ ကျနော်က ပြန်ပြီး ပြောလိုက်တော့မှ သူက ဘာရယ်မဟုတ်ပါဘူးကွာ တစ်စုံတစ်ယောက်ကိုပါတဲ့။ အမယ် မင်းက တယ်ဟုတ်နေပါလား သတိရ ရမည့် သူတွေတောင် ရှိနေပါလားလို့ ကျနော်က သူကို ခက်ရွှတ်ရွှတ်သဘောနဲ့ ပြောလိုက်တယ်။ ဒါနဲ့ မပြီးသေးဘူး ကျနော်က ပြန်ဆက်မေးတယ်။ မင်းက ဘယ်လို သတိရနေလို့ ဖြေဖျောက်လို့ မရအောင်ဖြစ်နေတာလဲ ပြောပြပါဦးလို့။ သူနည်းနည်းလေး ကျနော်ကို သိပ်မကြည်တော့သလိုနဲ့ အကြည့်တချက် မထိခနဲ့ နှင့် မင်းကလဲကွာတဲ့ ငါမသိလို့မှ မင်းကို မေးကာမှ ငါ့ကို ပုလိပ်စစ် စစ်နေပြန်ပါပြီးဟု စိတ်ဘ၀င်မကျပုံနဲ့ ကျနော်ကို ပြန်ပြောပါတယ်။ ကျနော်ကလည်း သူကို မေးရခြင်းနဲ့ ပတ်သက်လို့ ဖြောင့်ချက်သဘောအနေနဲ့ မင်းကလည်းကွာလို့ ငါမေးတယ်ဆိုတာကလည်း မင်းဆီက အကြောင်းအရာ အင်ဖော်မေးရှင်းလေးတော့ သိသင့်တယ်လေလို့ အဲဒါမှ မင်းမေးတာကို ငါက ဘယ်လို ဘာကြောင့်ဆိုတာ ပြန်ပြီးတော့ ပြောပြလို့ရမှာပေါ့လို့ ပြောလိုက်တော့မှ ကျနော်ပြောတာကို သူ သဘောတူလက်ခံသလိုနဲ့ ငါသတိရတယ်ဆိုတာ နေ့တိုင်းလိုလိုကို သူကိုသတိရနေတာကွာတဲ့ အဲဒါပဲ ငါ ပြောပြတတ်တယ် ကျန်တာတော့ ဘယ်လိုသတိရတယ်၊ ဘာကြောင့်ဆိုတာတော့ မင်းပဲ ငါ့ကိုပြောပြတော့ ဆိုပြီး နေပူထဲက ပြန်လာတဲ့သူတစ်ယောက် ပင်ပန်းနွှမ်းနယ်လွန်းလို့ ရေအေးအေးလေး တစ်ခွက်သောက်ပြီး ပင်ပန်းနွှမ်းနယ်မှုကို ဖြေချလိုက်တဲ့ ပုံစံမျိုးနဲ့ သက်ပြင်းတစ်ချက်ချကာ စကားကို ခက်နွှမ်းနွှမ်းလေး ကျနော်ကို သူပြောလိုက်တာ မြင်ရောင်နေမိသေးတယ်။ သူပြောပြချက်ကို နားထောင်ပြီးနောက် ကျနော် စိတ်ထဲ သိပ်ဘ၀င်မကျသလိုလည်း ဖြစ်လာပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ သူပြောတဲ့ သတိရတယ်ဆိုတဲ့ စကားနဲ့ သူဖြစ်ပျက်နေတဲ့ ပုံစံမျိုးနဲ့က အံဝင်ခွင်ကျမရှိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်ကလည်း ဟေ့ သူငယ်ချင်း မဟုတ်သေးဘူးနော် တစ်ခုခုတော့ လွဲနေပြီ မင်းဟာက ခါးတောင်းကြိုက်တာက တစ်ခြား ဟိုဟာက တစ်ခြားတော့ ဖြစ်နေပြီထင်တယ်လို့ ကျနော်က ပြောလိုက်တော့ ထို့နောက် သူငယ်ချင်းက ချက်ချင်းဆိုသလို ဘာလွဲတာလဲ သူငယ်ချင်းရဟု ကျနော်ကို ပြန်မေးပြန်ပါတယ်။ ကျနော်ကလည်း မင်းပဲ စဉ်းစားကြည့်လေလို့ မင်းက တစ်ယောက်ယောက်ကို သတိရတယ်တာပြောနေတာ မင်းပုံစံက တစ်စုံတစ်ယောက်ကို သတိရတဲ့ ပုံစံမျိုးလဲပေါက်မနေဘူးလို့ သူငယ်ချင်းက အဲဒါဆို ငါက ဘယ်လိုပုံပေါက်နေလို့လဲဟတဲ့။ ကျနော်ကလည်း သူကို နောက်သလိုလိုနဲ့ ပြန်ပြောလိုက်တယ် မင်းပုံစံက သတိရတဲ့ သူတစ်ယောက် တစ်စုံတစ်ယောက်ကို သတိရလို့ မျက်နှာလေးက ကြည်လင်ဝင်းပပြီး ခံစားမှုပီတိလေးတွေ သူ့မျက်နှာပြင်ပေါ်မှာ အရောင်သန်းနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ လင်းတ(လဒ)ကြီး အသားပုတ်မစားရလို့ လင်းတ(လဒ)မှိုင် မှိုင်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့။ ဒါနဲ့ သူငယ်ချင်းက “ငါနဲ့ မင်းပြောလိုက်မှ ငါ့ပုံစံက ပုံဆိုးပန်းဆိုးကို ဖြစ်ရတော့တယ်၊ ဟင်း…..သတိရတာလေးတောင် ပြန်ပြင်ပြီး သတိရ, ရမလိုဖြစ်နေပြီး”ဟု ကျနော်ကို ပြန်ပြောပါတယ်။ သူကပြန်မေးတယ် ဒါနဲ့ နေပါဦးတဲ့ မင်းပြောသလို လင်းတ(လဒ)မှိုင် မှိုင်တာ ဘယ်လိုမျိုးလဲတဲ့။ ကျနော်ကလည်း သူငယ်ချင်း စိတ်မကြည်မလင်ဖြစ်နေတာသိလို့ သူပျော်ရွှင်အောင်ဆိုပြီး ခြေထောက်နှစ်ဖက်ကို အောက်နဲနဲကွေး၊ လက်နှစ်ဖက်ကို ရှေ့ထုတ်ကွေး၊ မျက်လုံးနှစ်ဖက်ကို အပေါ်မော့၊ လက်ဟန်ခြေဟန်ပြလျက် ဂဲ..ဂဲ ဆိုးပြီး ဟိုကြည့် ဒီကြည့် ကြည့်ကာ အသံမြည်ပြီး လမ်းလျှောက်ပြလိုက်တော့
Labels:
Myanmar articles
Sunday, July 22, 2012
အနှစ်ကို အကာထင် ၊ အကာကို အနှစ်ထင်
ညနေဆည်ဆာ နေ၀င်ပြုစအချိန်တိုင်း တက္ကသိုလ်ဝင်းထဲမှာ စာရေးသူတို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်းလိုလို လမ်းလျှောက်ထွက်ရင်း ကျောင်းမှာ တစ်နေ့တာ လေ့လာခဲ့တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးလေ့ရှိပါတယ်။ တက္ကသိုလ်ကျောင်းဝင်းကြီးက ကျယ်ဝန်းလှတော့ ကျောင်းထဲမှာလဲ အရိပ်ကောင်းကောင်း ပေးစွမ်းနိုင်တဲ့ သစ်ပင်ကြီးတွေ၊ စားလို့ရတဲ့ ပိန်းနှဲပင်၊ သရက်ပင်၊ အုန်းပင်၊ မာန်ကလာပင် စသည့် အပင်ပေါင်းစုံတို့ဖြင့်လည်း ၀ိုင်းရံ အုပ်စိုင်းနေပါတယ်။ သီးစားပင်တွေရှိလို့ ကျောင်းထဲမှာလည်း ငှက်ကလေးတွေ၊ မျောက်ကလေးတွေလည်း သူတို့ရဲ့ တစ်နေ့တာ အစားစာအတွက် လာလာစားလေ့ရှိပါတယ်။ တစ်နေ့တော့ လမ်းလျှောက်ထွက်ဖို့ အတူသွားနေကြ သူငယ်ချင်းတွေကလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေကြတော့ စာရေးသူ တစ်ယောက်တည်းပဲ စာအုပ်လေး တစ်အုပ် လက်ကကိုင်ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ကျောင်းဝင်း တစ်ပတ် လမ်းလျှောက်ပြီးနောက် အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်မှာ ခဏထိုင်ရင်း သစ်ပင်အပေါ်မှာ ငှက်ကလေးတွေ၊ မျောက်ကလေးတွေ အစာစားနေကြတာကို ငေးမောကြည့်နေမိခဲ့တယ်။ ကြည်နူးစရာလည်း အရမ်းကောင်းပါတယ်။
ထိုထဲကနေမှ အကြည့်တစ်ချက် ထိဟက်မိသွားတာကတော့ မျောက်ကလေးတစ်ကောင်ပါ၊ ပိန်းနှဲပင်ပေါ်မှာ ပိန်းနှဲသီးတွေကလည်း မှည့်တဲ့အသီးတွေရော၊ စိမ်းတဲ့အသီးတွေပါ ရှိနေပါတယ်၊ မျောက်ကလေးတစ်ကောင်ဟာ အဲဒီပိန်းနှဲပင်ပေါ်တတ်ပြီး ပိန်းနှဲသီးတွေကို လိုက်စမ်းသပ်ကြည့်ပါတယ်။ ပထမဆုံး မှည့်နေတဲ့ ပိန်းနှဲသီးကို သူ့လက်ကလေးနဲ့ နေရာအနှံ့ စမ်းသပ်ပြီး လက်နဲ့ ပိန်းနှဲသီးကို အလွယ်တကူ ကုတ်ဖဲ့လိုက်တာ အထဲ ထဲက ပိန်းနှဲအစံတွေ ထုပ်ယူစားဖို့ အဆင်ပြေသွားပါတယ်။ ဒါပေမယ့် အဲဒီအသီးကို မစားပဲ နောက်ထပ် ပိန်းနှဲသီး တစ်လုံးကို ထပ်ပြီး ရှေးနည်းတူ သူ့လက်ကလေးတွေနဲ့ စမ်းသပ်တယ်။ အဲ..အဲဒီနောက်တစ်လုံးက အတော် စိမ်းမည့်ပုံရပါတယ် မျောက်ကလေးဟာ အားကြိုးမာန်တတ် သူ့လက်တွေနဲ့ ကုတ်ဖဲ့လိုက်၊ ပါးစပ်နဲ့ ကိုက်ဖဲ့လိုက် လုပ်နေလိုက်တာ အချိန်အတော်ကလေး ကြာသွားပါတယ်။ မျောက်ကလေးလည်း အလွန်ပင်ပန်း သွားပုံပေါ်ပါတယ်။ ထို့နောက် သူ့ရဲ့ ကြိုးပန်းမှု့ အောင်မြင်သွားပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက အဲဒီတစ်လုံးကိုလည်း မစားပဲ စွန့်ခွာပြီး နောက်ထပ်တစ်ခါ အသစ်ပိန်းနှဲသီးတစ်လုံးကို ထပ်ပြီးတော့ ရှေးနည်းအတိုင်း ထပ်လုပ်ဆောင်ပြန်ပါတယ်။ ဒီတခါ တစ်လုံးကတော့ စောနက အစိမ်းသီး စိမ်းတာထပ်ကို တော်တော်လေး စိမ်းပါတယ်။ ပြီးတော့ အသီးကလည်း သေးငယ်တော့ ကျစ်လစ် မာကြောလောက်မယ်ထင်ပါတယ်။ ဒါကိုလည်း မျောက်ကလေးကတော့ ဇွဲမလျှော့ဘူး အားကြိုးမာန်တတ် အထဲ ထဲက အနှစ်သာရတွေ စားရဖို့တွက် အလွန်ထက်မြက်လှတဲ့ စူးတွေကိုလည်း ကြောက်ရွန့်မှု့မရှိဘဲ အဆက်မပြတ် ခွာထုပ်နေခဲ့ပါတယ်။ ဒုတိယ တစ်လုံးတောင် ဖက်ဖက်မောအောင် ကြိုးစားလုပ်ဆောင်ခဲ့ရတာ အခုနောက်ထပ် တစ်လုံးသာဆို
သူအတွက် ဘယ်လောက်တောင် ထပ်ပြီး ပင်ပန်းရဦးမလဲ၊ စာဖက်သူတို့သာ စဉ်းစားကြည့်ပါတော့။ ထိုကဲ့သို့ပါပဲ စာရေးသူ၊ စာဖက်သူတို့ဘ၀မှာလဲ အခွင့်ခါခိုက်လို့ ရခဲ့တဲ့ အရာ၊ ခက်ခက်ခဲခဲနဲ့ ကိုယ်လုပ်ဆောင်လို့ ရခဲ့တဲ့ အရာကို တခါတရံ တန်းဖိုးထားရကောင်းမှန်းမသိ၊ အကျိုးရှိရှိ အသုံးချရကောင်းမှန်းမသိဘဲ မသေချာ မရေရာသေးတဲ့ အရာများနောက်သို့သာ ကောင်းနိုး ကောင်းနိုးနဲ့ လိုက်လေ့ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ လက်ရှိရှိနေတာတွေလည်း တန်းဖိုးထားရကောင်းမှန်းမသိတော့ လက်လွတ် ဆုံးရှုံးလိုက်ရတယ်။ မရသေးတဲ့ အရာတွေနောက်ကို လိုက်ပြန်တော့လည်း အခက်ခဲတွေ၊ အဆင်မပြေမှုတွေနဲ့သာ တွေ့ကြုံကြရတယ်။
Labels:
စဉ်းစားစရာလေးတွေ
Thursday, June 7, 2012
ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ
ိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။
(ဗန်းမော်ဆရာတော်)
Labels:
Dhamma article
Sunday, June 3, 2012
ကိုယ်ကျင့်တရား နေ့တိုင်းပွားက၊ သူ ငါ့ နှစ်ဖြာ ချမ်းသာသာ
မြတ်စွာဘုရားရှင် သာသနာမှာ ကျင့်ရမယ့် အကျင့်သုံးမျိုး ( သို့မဟုတ်) သိက္ခာသုံးပါး ရှိပါတယ်၊ သီလသိက္ခာ သမာဓိသိက္ခာနဲ့ ပညာ သိက္ခာတို့ပဲဖြစ်ပါတယ်၊ အဲဒီအထဲမှာ သီလဟာ သိက္ခာသုံးရပ်မှာ အခြေခံ အကျဆုံးဖြစ်သလို ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာကုသိုလ်လို့ ခေါ်တဲ့ ကုသိုလ်အားလုံးရဲ့ အစ မူလ ပဓာနလဲ ဖြစ်ပါတယ်၊ နောက်သိက္ခာနှစ်ပါးကို ဖြည့်ကျင့်လိုတယ်ဆိုရင် သီလသိက္ခာကို အရင်ဖြည့်ကျင့်ရပါတယ်၊ ဘုရားရှင်ရဲ့ တရားတော်တွေမှာတော့ သီလေ ပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယေ- ဆိုပြီး မိန့်တော်မူပါတယ်၊ သီလမှာ အခြေခံပြီး သမာဓိနဲ့ ပညာကိုပွားများကျင့်ရင် စိတ်အရှုပ်တွေကို ရှင်းလင်းနိုင်မယ်လို့ ဆိုလိုတာပါ၊ အများသိနေတဲ့ သီလအကြောင်းကိုပဲ မိမိနားလည်သလို ပြောပြချင်ပါတယ်၊
တကယ်တော့ သီလဆိုတာ ကိုယ်နှုတ် အမူအရာတွေနဲ့ မကောင်းမှု ဒုစရိုက်မလွန်ကျူးမိအောင် ကောင်းစွာထားခြင်း စောင့်ထိန်းခြင်းကို သီလလို့ ခေါ်ဆိုတာပါ၊ ခြင် ကြမ်းပိုးစတဲ့ သတ္တ၀ါ အငယ်လေးတွေက စလို့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ အသက်ကို မသတ်တာ၊ လူများပစ္စည်းကို ပိုင်ရှင်မပေးဘဲ ပိုင်ရှင်မသိအောင် မခိုးယူတာ၊ သူတစ်ပါး သားမယားကို မပြစ်မှားတာ၊ မဟုတ် မမှန်တဲ့စကား အကျိုးမရှိတဲ့စကား ကြမ်းတမ်းတဲ့စကား ညီညွတ်နေသူတွေကို ကွဲပြားအောင် ကုန်းတိုက်တဲ့စကား စတာတွေကို မပြောမဆိုတာ၊ သေရည် အရက် မူးယစ်ဆေးဝါးကို မမှီဝဲ မသုံးဆောင်ဘဲ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားတာဟာ သီလပါ၊
စောင့်စောင့်စည်းစည်းနေတော့ သူ့အသက်သတ်ဖြတ်တာ ထိခိုက်နာကြင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စားမူးရစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက် ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာနေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ်လိုအပ်လှတယ်. ဒီလို ကောင်းကောင်းထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလဲ တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ၊
စောင့်စောင့်စည်းစည်းနေတော့ သူ့အသက်သတ်ဖြတ်တာ ထိခိုက်နာကြင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စားမူးရစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက် ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာနေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ်လိုအပ်လှတယ်. ဒီလို ကောင်းကောင်းထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလဲ တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ၊
မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေကို ဒုစရိုက်မလွန်ကျူးမိစေဘဲ ကောင်းကောင်းမွန်မွန် စောင့်ထိန်းတဲ့သူဟာ ကောင်းမှုကုသိုလ်တွေ(ကောင်းတာတွေ)ကို ဆင့်ကာ မြှင့်ကာ ကြိုးစားပြုလုပ်လာမှာ သေချာလှပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလံ အာဒိမှိ ကလျာဏံ- ကောင်းမှုအားလုံးရဲ့ အစဟာ သီလပဲလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်၊
သီလရဲ့ အဓိကဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရားဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊
သီလရဲ့ အဓိကဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရားဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊
တကယ့်တော့ လက်တွေ့ပြုကျင့်ရမယ့် စာရိတ္တသီလ လို့ခေါ်တဲ့ မိဘကျင့်ဝတ် ဆရာ့ကျင့်ဝတ် လင့်ကျင့်ဝတ် မယားကျင့်ဝတ် တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်တွေ ကျေပွန်သူကို လူတိုင်းက ကဲ့ရဲ့ ပစ်တင် ပြောဆိုခြင်းမရှိသလို ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူ ကိုယ့်ကျင့်တ၇ားနဲ့ပြည့်စုံ လို့ လေးစား ချီးကျူး ပြောဆိုကြမှာ သေချာပါတယ်၊ ဒီလို ချီးကျူးပြောဆိုခြင်းကို သီလရဲ့ ရသ အဖြစ် မှတ်သားနိုင်ပါတယ်၊သီလကို ပြည့်ပြည့်၀၀ စင်စင်ကြယ်ကြယ် စောင့်ထိန်းသူဟာ ကိုယ့်ရဲ့ စင်ကြယ်တဲ့သီလကို သတိရတိုင်း ဆင်ခြင်တွေးမိတိုင်း ၀မ်းမြောက် ၀မ်းသာဖြစ်ရ သလို သီလစောင့်ထိန်းနေစဉ်လဲ လောဘ ဒေါသ စတဲ့ စိတ်ညစ်ညူးစရာတွေ ၀င်မလာအောင် အတတ်နိုင်ဆုံး စောင့်စည်းတားမြစ်တာဖြစ်လို့ စိတ်နှလုံးကြည်ရွှင် အေးမြ လန်းဆန်းရပါတယ်၊ ဒုစရိုက်အမှုကို မလွန်ကျူးဘဲ ကိုယ်တွေ နှုတ်တွေကို ကောင်းစွာ စောင့်ထိန်းထားသူဟာ တရားအားထုတ်စဉ်မှာလဲ မိမိရဲ့ စင်ကြယ်တဲ့ အပြစ်ကင်းတဲ့ ကိုယ်နှုတ်အမူတွေဟာ ဥာဏ်မှာထင်လာပြီး တ၇ားဘာဝနာ ရှုမှတ်ရာမှာ အလွန်ထိရောက်တာကို တွေ့ရပါတယ်၊
ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ်အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊
ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်းဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ရပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်းကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြားနားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊
ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ်အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊
ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်းဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ရပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်းကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြားနားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊
သူတစ်ပါးကို လိမ်လိမ်လှည့်ဖျား မဟုတ်တာပြော မိဘဆရာတွေရဲ့ စကားကို နားမထောင် မိဘတွေကို စိတ်ဆင်းရဲအောင်လုပ် ကျောင်းပြေး ကျူရှင်ပြေး စတာတွေဟာ
Labels:
Dhamma article
Tuesday, May 8, 2012
The ten wholesome actions
The three bodily actions of:
Compassion
Generosity
Self-control
The four verbal actions of:
Truthful speech
Kind speech
Pleasant speech
Meaningful speech
The three mental actions of:
Sympathetic joy
Loving-kindness
Right view
Labels:
Dhamma article
Saturday, April 28, 2012
BUDDHA MUDRAS
At the Buddha’s life time, Lord Buddha has different hand gestures and finger-postures which are called “Mudras”. Mudras are a non-verbal mode of communication and self-expression, consisting of hand gestures and finger-postures. They are symbolic sign based finger patterns taking the place, but retaining the efficacy of the spoken word, and are used to evoke in the mind ideas symbolizing divine powers or the deities themselves. The composition of a mudra is based on certain movements of the fingers; in other words, they constitute a highly stylized form of gestural communication. It is an external expression of 'inner resolve', suggesting that such non-verbal communications are more powerful than the spoken word.
Dharmachakra in Sanskrit means the 'Wheel of Dharma'. This mudra symbolizes one of the most important moments in the life of Buddha, the occasion when he preached to his companions the first sermon after his Enlightenment in the Deer Park at Sarnath. It thus denotes the setting into motion of the Wheel of the teaching of the Dharma.
Bhumisparsha mudra
Literally Bhumisparsha translates into 'touching the earth'. It is more commonly known as the 'earth witness' mudra. This mudra, formed with all five fingers of the right hand extended to touch the ground, symbolizes the Buddha's enlightenment under the bodhi tree, when he summoned the earth goddess, Sthavara, to bear witness to his attainment of enlightenment. The right hand, placed upon the right knee in earth-pressing mudra, and complemented by the left hand-which is held flat in the lap in the dhyana mudra of meditation, symbolizes the union of method and wisdom, samasara and nirvana, and also the realizations of the conventional and ultimate truths. It is in this posture that Shakyamuni overcame the obstructions of Mara while meditating on Truth.
Varada mudra
This mudra symbolizes charity, compassion and boon-granting. It is the mudra of the accomplishment of the wish to devote oneself to human salvation. It is nearly always made with the left hand, and can be made with the arm hanging naturally at the side of the body, the palm of the open hand facing forward, and the fingers extended.
Dhyana mudra
The Dhyana mudra may be made with one or both hands. When made with a single hand the left one is placed in the lap, while the right may be engaged elsewhere. The left hand making the Dhyana mudra in such cases symbolizes the female left-hand principle of wisdom. Ritual objects such as a text, or more commonly an alms bowl symbolizing renunciation, may be placed in the open palm of this left hand.
Abhaya Mudra
Abhaya in Sanskrit means fearlessness. Thus this mudra symbolizes protection, peace, and the dispelling of fear. It is made with the right hand raised to shoulder height, the arm crooked, the palm of the hand facing outward, and the fingers upright and joined. The left hand hangs down at the side of the body. In Thailand, and especially in Laos, this mudra is associated with the movement of the walking Buddha (also called 'the Buddha placing his footprint'). It is nearly always used in images showing the Buddha upright, either immobile with the feet joined, or walking.
Labels:
Dhamma article