Showing posts with label Proverbs. Show all posts
Showing posts with label Proverbs. Show all posts
Sunday, May 15, 2011
Proverbs ( စကားပုံ ဆိုရိုးများ)
(၁) Beauty is only skin deep.
လှတာမက်တော့ ညစာခက်တယ်။ အလှအပဟာ အပေါ်ယံမျှသာဖြစ်တယ်။
(၂) A bird in the hand is worth two in the bush.
အမေကျော် ဒွေးတော်မလွမ်းနဲ့။ လက်ရှိအချိန်လောက် သေချာတာမရှိ။ မနက်ဖြန်သည် ယနေ့လောက် မသေချာပါ။ ချုံပုပ်ထဲ့က ငှက်နှစ်ကောင်ထက် လက်ထဲက ငှက်တစ်ကောင်က ပိုတန်ဖိုးရှိပါတယ်။
(၃) Actions speak louder than words.
အပြောမဟုတ် အလုပ်သက်သေ။ အာမရိုက်နဲ့။ လူပြောမသန် လူသန်မပြော။
(၄) A fool and his money are soon parted.
လူမိုက်နှင့်ငွေ အတူမနေ။ အခုရ အခုကုန်။
(၅) A friend in need is a friend indeed.
လိုအပ်တဲ့အခါ ကူညီမှ ကလျာမိတ်ကောင်းပ။ စစ်မှန်မိတ်ဆွေ လိုလျှင်နေ။ အရေးကြုံသည့်အခါ အားကိုးရမှ မိတ်ဆွေစစ်။
(၆) A little knowledge is a dangerous thing.
မပြည့်တဲ့အိုး ဘောင်ဘင်ခပ်။
(၇) All roads lead to Rome.
နောက်ဆုံးတော့လည်း ဒီဘူတာဆိုက်တာပါပဲ။
(၈) All’s well that ends well.
အစကောင်းမှ အနှောင်းသေချာ။
(၉) All that glitters is not gold.
အရောင်တောက်တိုင်းရွှေမဟုတ်ပါ။ ၀ါဝါမြင်တိုင်း ရွှေလို့မထင်လိုက်ပါနဲ့။
(၁၀) An eye for an eye, a tooth for a tooth.
သူတစ်ပြန် ကိုယ်တစ်ပြန်။ ဘ၀တစ်ပြန် ကျားတစ်ပြန်။ ပါးရိုက်ရင် နားကိုက်။
(၁၁) Prevention is better than cure.
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း။
(၁၂) A penny saved is a penny earned.
တစ်ပဲစု တစ်မူးရ။ ချွေတာစုဆောင်း သူဌေးလောင်း။ ချွေချွေတာတာတို့ချမ်းသာ။
(၁၃) A rolling stone gathers no moss.
လိမ့်နေတဲ့ကျောက်ခဲ ရေညှိမတက်။
(၁၄) A watched pot never boils.
အိပ်မပျော်သောသူအတွက် ညတာရှည်၏။
(၁၅) Beggars can’t be choosers.
ရှိတာလေးနဲ့ လှအောင်ဝတ်။ ရတာလေးနဲ့ ၀အောင်စား။ ရွေးလွန်းလျှင် မရ။ သွေးလွန်းလျှင် မလှ။ သူတောင်းစား ချီးဂျောင် မများနဲ့။
(၁၆) Birds of a feather flock together.
မျိုးတူရာပေါင်း။ အသွင်တူအိမ်သူဖြစ်။ သူတော်ချင်းချင်းသတင်းလွေ့လွေ့။
(၁၇) Charity begins at home do as I say, not as I do.
ဒါန အစ ကိုယ့်အိမ်က။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်။
(၁၈) Curiosity killed, the cat.
စပ်စုလွန်းတော့ ဒုက္ခတွေ့။
(၁၉) Do as I say, not as I do.
ငါပြောသလိုလုပ်။ ငါလုပ်သလိုမလုပ်နဲ့။
(၂၀) Examine what is said, not him who speaks.
ဘာပြောသလဲဆိုတာဆန်းစစ်ပါ။ ပြောသူကို ဆန်းစစ်ဝေဖန်စရာ မလိုပါ။
Labels:
Proverbs
Tuesday, May 10, 2011
သင့်အတွက် တန်ဘိုးရှိသော စကားလုံးများ
အောင်မြင်မှုရဲ့လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ြ ခင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)
အောင်မြင်ကျော်ကြားသူဖြစ်အောင်မကြိုးစားပါနှင့်၊တန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)
လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။
ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌
အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။

(ဟင်းရစ်အစ်ဆန်)
ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
(အီစွတ်)
ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
(အီစွတ်)
သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား
ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဆမ်းမာဆက်မော)
ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး
အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။
(လိုင်ဗွီ)
စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။
(ဆာဖရန်စစ်ဘေကွန်)
မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)
တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
(လူခရီးတပ်စ်)
သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)
ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင် တယ်။
(ဂျော့ဖရီချော်ဆာ)

မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်
(ဂျော့ဖရီချော်ဆာ)
Labels:
Proverbs