Showing posts with label Myanmar articles. Show all posts
Showing posts with label Myanmar articles. Show all posts
Tuesday, August 14, 2012
သတိရခြင်းနဲ့ လွမ်းတခြင်း
သူငယ်ချင်းတစ်ယောက်က မေးဖူးတယ် တစ်ယောက်ယောက်ကို သတိရနေတာ ဘယ်လိုဖြေဖျောက်ရမလဲ… နေ့တိုင်းလိုလို သတိရနေတာတဲ့။ ကျနော်ကလည်း မင်းက ဘယ်သူ့ကို သတိရနေတာလဲလို့ပြန်မေးလိုက်တယ် ၊ ကျနော်မေးတာကို ပြန်မဖြေသေးပဲ မိနစ်အနည်းငယ်လောက်ထိ သူနှုတ်ဆိပ်သွားခဲ့တယ်။ ဟေ့.. မေးနေတယ်လေကွာလို့ ကျနော်က ပြန်ပြီး ပြောလိုက်တော့မှ သူက ဘာရယ်မဟုတ်ပါဘူးကွာ တစ်စုံတစ်ယောက်ကိုပါတဲ့။ အမယ် မင်းက တယ်ဟုတ်နေပါလား သတိရ ရမည့် သူတွေတောင် ရှိနေပါလားလို့ ကျနော်က သူကို ခက်ရွှတ်ရွှတ်သဘောနဲ့ ပြောလိုက်တယ်။ ဒါနဲ့ မပြီးသေးဘူး ကျနော်က ပြန်ဆက်မေးတယ်။ မင်းက ဘယ်လို သတိရနေလို့ ဖြေဖျောက်လို့ မရအောင်ဖြစ်နေတာလဲ ပြောပြပါဦးလို့။ သူနည်းနည်းလေး ကျနော်ကို သိပ်မကြည်တော့သလိုနဲ့ အကြည့်တချက် မထိခနဲ့ နှင့် မင်းကလဲကွာတဲ့ ငါမသိလို့မှ မင်းကို မေးကာမှ ငါ့ကို ပုလိပ်စစ် စစ်နေပြန်ပါပြီးဟု စိတ်ဘ၀င်မကျပုံနဲ့ ကျနော်ကို ပြန်ပြောပါတယ်။ ကျနော်ကလည်း သူကို မေးရခြင်းနဲ့ ပတ်သက်လို့ ဖြောင့်ချက်သဘောအနေနဲ့ မင်းကလည်းကွာလို့ ငါမေးတယ်ဆိုတာကလည်း မင်းဆီက အကြောင်းအရာ အင်ဖော်မေးရှင်းလေးတော့ သိသင့်တယ်လေလို့ အဲဒါမှ မင်းမေးတာကို ငါက ဘယ်လို ဘာကြောင့်ဆိုတာ ပြန်ပြီးတော့ ပြောပြလို့ရမှာပေါ့လို့ ပြောလိုက်တော့မှ ကျနော်ပြောတာကို သူ သဘောတူလက်ခံသလိုနဲ့ ငါသတိရတယ်ဆိုတာ နေ့တိုင်းလိုလိုကို သူကိုသတိရနေတာကွာတဲ့ အဲဒါပဲ ငါ ပြောပြတတ်တယ် ကျန်တာတော့ ဘယ်လိုသတိရတယ်၊ ဘာကြောင့်ဆိုတာတော့ မင်းပဲ ငါ့ကိုပြောပြတော့ ဆိုပြီး နေပူထဲက ပြန်လာတဲ့သူတစ်ယောက် ပင်ပန်းနွှမ်းနယ်လွန်းလို့ ရေအေးအေးလေး တစ်ခွက်သောက်ပြီး ပင်ပန်းနွှမ်းနယ်မှုကို ဖြေချလိုက်တဲ့ ပုံစံမျိုးနဲ့ သက်ပြင်းတစ်ချက်ချကာ စကားကို ခက်နွှမ်းနွှမ်းလေး ကျနော်ကို သူပြောလိုက်တာ မြင်ရောင်နေမိသေးတယ်။ သူပြောပြချက်ကို နားထောင်ပြီးနောက် ကျနော် စိတ်ထဲ သိပ်ဘ၀င်မကျသလိုလည်း ဖြစ်လာပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ သူပြောတဲ့ သတိရတယ်ဆိုတဲ့ စကားနဲ့ သူဖြစ်ပျက်နေတဲ့ ပုံစံမျိုးနဲ့က အံဝင်ခွင်ကျမရှိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်ကလည်း ဟေ့ သူငယ်ချင်း မဟုတ်သေးဘူးနော် တစ်ခုခုတော့ လွဲနေပြီ မင်းဟာက ခါးတောင်းကြိုက်တာက တစ်ခြား ဟိုဟာက တစ်ခြားတော့ ဖြစ်နေပြီထင်တယ်လို့ ကျနော်က ပြောလိုက်တော့ ထို့နောက် သူငယ်ချင်းက ချက်ချင်းဆိုသလို ဘာလွဲတာလဲ သူငယ်ချင်းရဟု ကျနော်ကို ပြန်မေးပြန်ပါတယ်။ ကျနော်ကလည်း မင်းပဲ စဉ်းစားကြည့်လေလို့ မင်းက တစ်ယောက်ယောက်ကို သတိရတယ်တာပြောနေတာ မင်းပုံစံက တစ်စုံတစ်ယောက်ကို သတိရတဲ့ ပုံစံမျိုးလဲပေါက်မနေဘူးလို့ သူငယ်ချင်းက အဲဒါဆို ငါက ဘယ်လိုပုံပေါက်နေလို့လဲဟတဲ့။ ကျနော်ကလည်း သူကို နောက်သလိုလိုနဲ့ ပြန်ပြောလိုက်တယ် မင်းပုံစံက သတိရတဲ့ သူတစ်ယောက် တစ်စုံတစ်ယောက်ကို သတိရလို့ မျက်နှာလေးက ကြည်လင်ဝင်းပပြီး ခံစားမှုပီတိလေးတွေ သူ့မျက်နှာပြင်ပေါ်မှာ အရောင်သန်းနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ လင်းတ(လဒ)ကြီး အသားပုတ်မစားရလို့ လင်းတ(လဒ)မှိုင် မှိုင်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့။ ဒါနဲ့ သူငယ်ချင်းက “ငါနဲ့ မင်းပြောလိုက်မှ ငါ့ပုံစံက ပုံဆိုးပန်းဆိုးကို ဖြစ်ရတော့တယ်၊ ဟင်း…..သတိရတာလေးတောင် ပြန်ပြင်ပြီး သတိရ, ရမလိုဖြစ်နေပြီး”ဟု ကျနော်ကို ပြန်ပြောပါတယ်။ သူကပြန်မေးတယ် ဒါနဲ့ နေပါဦးတဲ့ မင်းပြောသလို လင်းတ(လဒ)မှိုင် မှိုင်တာ ဘယ်လိုမျိုးလဲတဲ့။ ကျနော်ကလည်း သူငယ်ချင်း စိတ်မကြည်မလင်ဖြစ်နေတာသိလို့ သူပျော်ရွှင်အောင်ဆိုပြီး ခြေထောက်နှစ်ဖက်ကို အောက်နဲနဲကွေး၊ လက်နှစ်ဖက်ကို ရှေ့ထုတ်ကွေး၊ မျက်လုံးနှစ်ဖက်ကို အပေါ်မော့၊ လက်ဟန်ခြေဟန်ပြလျက် ဂဲ..ဂဲ ဆိုးပြီး ဟိုကြည့် ဒီကြည့် ကြည့်ကာ အသံမြည်ပြီး လမ်းလျှောက်ပြလိုက်တော့
Labels:
Myanmar articles
Sunday, May 8, 2011
ငါ့လိုရဟန္တာမဟုတ်သေးနှင့်ဥရုဝေလမိတ္တူများ
ထိုအခါ မြတ်စွာဘုရားအား “ဤအချည်းနှီးသော ယောက်ျားအား 'ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊(သို့ရာတွင်) ငါကဲ့သို့ရဟန္တာကား မဟုတ်သည်သာတည်း' ဟု အကြံဖြစ်နေသည်မှာကား ကြာမြင့်လှပေပြီ၊ ငါသည် ဥရုဝေလကဿပရသေ့ကို ထိတ်လန့်စေရပါမူကောင်းလေစွ ”ဟု အကြံဖြစ်တော်မူ၏၊
(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)
(၁)
ဥရုဝေလတောအုပ်လေးဆီသို့ ချဉ်းကပ်မိတိုင်း အသိဉာဏ်အလင်းရှာဖွေရင်း ခြောက်နှစ်တာမှောင်ပိန်းခဲ့ရရှာ သည့် သိဒ္ဓတ္ထအရှင်၏ နေ့ရက်များအတွက် ကိုယ်စားနာကျင်မိတတ်ပါသေးသည်။ တစ်လောကလုံးလင်းဖို့ တစ်ကိုယ်တော် မှောင်ခဲ့ရရှာလေသည့် အရှင့်သားသိဒ္ဓတ္ထ ။ အမှောင်ထဲမှာ ခြေဖျားထောက်ထောက်စမ်းရင်း နောက်ဆုံးတော့ အလင်းတွေ့သွားခဲ့လေသည်။ သည်လိုဆိုတော့လည်း သူက နေရဉ္ဇရာကမ်းမှာ ရပ်ရင်း ဓမ္မပီတိဖြင့် ကြည်နူးမိပြန်သေးသည်။ ဗောဓိညောင်ရွက်လေတိုးသံသည်ပင် သစ္စာဆည်းလည်းသံ ပဲ့တင်နေ တတ်လေသည်ပဲ။
ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ ရောက်လေတိုင်း အခါအခွင့်သင့်သည့်အခါ ဗုဒ္ဓဂယာမှ ကီလိုမီတာအနည်းငယ်ကွာ ဝေးသည့် ဥရုဝေလတောအုပ်လေးသို့ ရောက်တတ်မြဲပင်ဖြစ်ပါသည်။ သူ့အတွက်တော့ သိဒ္ဓတ္ထအရှင်၏ သစ္စာအလင်းမတွေ့မီနှင့် သစ္စာအလင်းထွန်းညှိစဉ်ကာလများဖြင့် သမိုင်းအရည်ရွှမ်းသော ဥရုဝေလသည် နေရဉ္ဇရာမြစ်ကမ်းပါးတွင် ကိုက်ဖဲ့ချင်စရာမှဲ့ဝင်းနေတတ်သည်။
တကယ်ဆိုတော့ ဥရုဝေလသည် ရာသီပြောင်းသက္ကရာဇ်တို့၏ တိုက်စားမှုဖြင့် စိမ်းညို့စွပ်စိုမှုတို့ မရှိတော့။ ထီးတည်းကျောက်စရစ်ကုန်းခေါင်ခေါင်များသည်ပင် ဥရုဝေလ၏ စွဲမက်ဖွယ်အာရုံဖြစ်သည်။ မဒမ်သုဇာတာ နို့ဂဏာဆွမ်းကပ်လှူသည့် နေရဉ္ဇရာမြစ်ကမ်းပါးဆီက လှမ်းမျှော် ကြည့်ရသော ဥရုဝေလသည် သူ့ခြေလှမ်း များကို ရှေ့တိုးလာစေရန်ဆွဲဆောင်နိုင်ဆဲပင်ဖြစ်သည်။
ဥရုဝေလသည် သူ့အတွက် လောကကို နားလည်စေသော သင်ရိုးများဖြင့် စောင့်နေတတ်လေသည်၊ ဥရုဝေလ တောင်ကုန်းလေးပေါ်တွင် ရပ်ကာ နေရဉ္ဇရာမြစ်နှင့် ဂယာကွင်းပြင်ကျယ်ကြီးကို စီးမိုးကြည့်မိတိုင်း ရသေ့ကြီး တစ်ပါး၏ နေမျိုးဆေးကောက်ကြောင်းများကို သူမြင်နေတတ်ပါသည်။ တစ်ခါတစ်ရံမှာတော့ ရသေ့ကြီး၏ ဟန်ပန်အမူအရာများက အော်ပီကျယ်၏ ကာတွန်းပြကွက်ကို ရှုမှတ်လိုက်ရသလိုမျိုး ပြုံးမိရသေး၏။ “ရဟန်းကြီး ဂေါတမကား တန်ခိုးတော့ ကြီးပါပေ၏၊ငါ့လိုတော့ ရဟန္တာမဟုတ် သေးတကား”တဲ့။ အော် ဖြစ်မှဖြစ်ရလေ၊
သူ၊သူ့ပတ်ဝန်းကျင်နှင့် သူနေထိုင်လျက်ရှိသော ကမ္ဘာမြေ၏ ထောင့်ချိုးကအသက်ရှူသံများသည်လည်း ရသေ့ကြီး၏ စကားကို သံယောင်လိုက်ကာ နောက်ကျကျန်ရစ်ခဲ့တတ်ကြလေသည်ပဲ မဟုတ်လား၊ သည်သို့ ဖြင့်သာ ရထားများတစ်စီး ပြီးတစ်စီးထွက်ခွာသွားခဲ့ကြသည်။ သံသရာဟု အမည်ပေးထားသော ဘူတာရုံအို လေးထဲမှာ သူနှင့်အတူ မနိုင်မနင်းအထုပ်အပိုးများ ကျန်ရစ်တတ်မြဲပင်။ ၀ယ်ယူထားမိသည့် ရထား လက်မှတ်က ရီဖန်းဒ်(Refund)ပြန် ထုတ်ယူလို့ မရနိုင်အောင် ရက်လွန်ပုပ်ဆွေးနေခဲ့ပြီ။
(၂)
ရသေ့ကြီး၏ အမည်အပြည့်အစုံက ဥရုဝေလကဿပဖြစ်သည်၊ ရသေ့ကြီးက ဥရုဝေလတောအုပ်တွင် အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်သည်။ သို့သော် ညီနောင်သုံးပါးက သီးခြားစီနေကြသည်။ ဥရုဝေလကဿပက ရသေ့ငါးရာ၊နဒီကဿပက ရသေ့သုံးရာ၊ ဂယာကဿပက ရသေ့နှစ်ရာကို လောကုတ္တရာ အရေးအတွက် ထိန်းကျောင်းပေးနေကြသည်။ ဗုဒ္ဓအရှင်က သစ္စာလေးပါးတရားနှင့် အနတ္တဒေသနာကို ဗာရာဏသီ မိဂဒါဝုန်မှာ ကြေငြာတော်မူပြီးသည်နှင့် နေရာဟောင်းဖြစ်သည့် ဥရုဝေလတောအုပ်လေးဆီ ပြန်လည်ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။
ဥရုဝေလကဿပသည် ဗုဒ္ဓအရှင် ဥရုဝေလတောအုပ်လေးသို့ ကြွလာရခြင်း၏ အဓိကပစ်မှတ်ဖြစ်သည်။ ဥရုဝေလကဿပရသေ့ကြီးပျော်မွေ့ရာ ရသေ့ငါးရာဖြင့် ပြည့်နေသည့် ကျောင်းသင်္ခန်းများထဲ ဗုဒ္ဓအရှင်အတွက် သီတင်းသုံး နားခိုဖွယ်ရာ နေရာလွတ်မရှိ၊ သို့သော် ဗုဒ္ဓအရှင်က ဥရုဝေလကဿပနှင့် အနီးကပ်နေထိုင်ရန် ပိုင်းဖြတ်တော်မူပြီးဖြစ်သည်။ “နေစရာကျောင်းသင်္ခန်းမရှိရင်လည်း လွတ်နေတဲ့ မီးဖိုချောင်လေးမှာ နေပါရစေ”တဲ့။ သာသနာပြုလမ်းပြရာတွင် နုံချာသောမီးဖိုချောင်လေးသို့လည်း ကျောင်းဝိဟာအမှတ်ဖြင့် ဗုဒ္ဓအရှင် ၀င်ရောက်စံပျော်ရပါလိမ့်မည်။ မီးဖိုချောင်းလေးတွင် ဗုဒ္ဓအရှင်၏ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းရန် အရင်းအမြစ်က ရှိနေခဲ့ပါသည်။ မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ်ဇုံ...။
ဥရုဝေလကဿပရသေ့ကြီးက မူရင်းစိတ်ကောင်းလေးရှိသော ပုထုဇဉ်။ ဗုဒ္ဓအရှင်ကို တားရှာပါသေးသည်။ သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့သည်။ ထိုညက ဥရုဝေလကဿပအပါအ၀င် ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြသေးသည်။ ရသေ့တို့အမြင်တွင် ဗုဒ္ဓအရှင်က သာမန်လူချော လူလှ ရဟန်းကြီးဂေါတမသာဖြစ်သည်။
Labels:
Myanmar articles
Thursday, April 21, 2011
ဘာသာရေး နဲ့ ဥပဒေ
ဥပဒေဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ဆွေးနွေးမှုများ ပြုလုပ်နေကြတာကို ကျနော်တို့ မကြာခဏဆိုသလို မြင်တွေ့နိုင်ပါတယ်။ ဥပဒေမှာ အခြားသော စည်းမျဉ်းအမျိုးအစားများနဲ့ မတူတဲ့ ကြီးမားခိုင်ခံ့တဲ့ သြဇာ အာဏာတစ်ခုရှိပါတယ်။ ဒါကို တစ်စိတ်တစ်ဒေသအားဖြင့် အရင်က တည်ရှိခဲ့တဲ့ ဘာသာရေး နဲ့ ဥပဒေအကြား နီးစပ်သောဆက်သွယ်မှုကို ဇာစ်မြစ်လိုက်ရမယ်ဆိုရင်၊ အစောပိုင်း (ခေတ်ဦးပိုင်းတုန်းက) အဖွဲ့အစည်းများထဲမှာ ဘာသာရေးဟာ ဥပဒေဖြစ်သလို၊ ဥပဒေကလည်း ဘာသာရေးပါပဲ။ သူတို့ဟာ အပြန်အလှန် ဆက်သွယ်နေကြပါတယ်။ ဥပဒေများကို ဘုရားသခင်ကဲ့သို့သော သူတစ်ယောက်က ဒါမှမဟုတ် အဖွဲ့အစည်းက အမြတ်တနိုး ကိုးကွယ်လာသော ဘုရားသခင်က စည်းမျဉ်းဥပဒေများကို ချမှတ်ထားပြီးသကဲ့သို့ သဘောထားခဲ့ကြတယ်။ ဟိန္ဒူပုဂ္ဂိလ်ကြီးများက ရေးသားပြုစုခဲ့သော Manu ဥပဒေများ သည် ဟိန္ဒူကျင့်စဉ်များ ပါဝင်နေပါတယ်။ ခရစ်ယာန်ဘာသာ၌လည်း God က ကိုင်တွယ်ခဲ့တဲ့ ပညက်တော် (၁၀)ပါးကို ရှေးဟောင်း ခရစ်ယာန် ဥပဒေကဲ့သို့ မြင်တွေ့နိုင်ပါတယ်။ တခါတရံ စည်းမျဉ်း ဥပဒေများကို အစိုးရမင်းကဲ့သို့သော လူသားတစ်ယောက်ဆီမှ သိသာထင်ရှားစွာ ပေါ်ထွက်ပြီးကောင်း ပေါ်ထွက်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို မကြာခဏ Gods များနဲ့ အဆက်သွယ်ရှိသော နတ်ကဲ့သို့ အချို့သော နည်းလမ်းများထဲမှာ သုံးသပ်ခဲ့ကြပါတယ်။
ယနေ့ ခေတ်မှာတောင် ဘာသာရေး နဲ့ ဥပဒေအကြား တစ်စိတ်တစ်ပိုင်းအားဖြင့် ဆက်စပ်နေခြင်းများ ရှိနေပါတယ်။ ကမ္ဘာ့ အဓိက ကိုးကွယ်မှု ဘာသာအယူဝါဒများထဲမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ပြစ်မှု အချို့ဟာလည်း ဥပဒေဆိုင်ရာ ပြစ်မှုများဖြစ်ပါတယ်။ သက်ဖြတ်ခြင်း နဲ့ ခိုးယူခြင်းကို တားမြစ်ထားတာဟာ ထင်ရှားတဲ့ ဥပမာများပါပဲ။ ထပ်လောင်း၍ ပြောပြရမယ်ဆိုရင်၊ အချို့သော နိုင်ငံများဟာ ဘာသာရေး စည်းမျဉ်းစည်းကမ်းများကို သူတို့နိုင်ငံရဲ့ ဥပဒေတစ်ခုကဲ့သို့ အသိမှတ်ပြုလက်ခံထားကြပါတယ်။ အကြောင်းပြချက် ဥပမာတစ်ခုအနေနဲ့၊ ဆော်ဒီအာရေဗျ နိုင်ငံကို အစ္စလမ်ဘာသာ စည်းမျဉ်း ဥပဒေများနဲ့ အုပ်ချုပ်ပါတယ်။
Labels:
Myanmar articles
Thursday, April 14, 2011
အံ့ဖွယ်(၈)ဖြာ သာသနာ
တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်က မြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေ မွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍ မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊ မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ မေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။ “ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာ မေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုး ရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်က မြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာ ဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ (၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည် သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍ ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။ “ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာ မေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုး ရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်က မြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာ ဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ (၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည် သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍ ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်း နက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။
၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာ ကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တွေက အသက်ဟူသောအကြောင်းကြောင့်ပင် မလွန်ကြူးကြပေ။၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါ သမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်း ဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ ဒုဿီလပုဂ္ဂိုလ်တွေကို သာသနာတော်ကြီးက အရှည်မထားပါဘူး။ သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူ၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှ ရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။ သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့် အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ ဤရဟန်းက သူဆင်းရဲပဲလို့ နာမည်အသီးသီး မခွဲခြားတော့ပါဘူး။သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့ တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏ သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။
၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့ မရှိသလို မြတ်စွာဘုရားသာသနာတော်မှာလည်း ရေတွက်လို့မရနိုင်လောက်အောင်မျာ၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ ရတနာအမျိုးမျိုးတွေ (ဆယ်မျိုးလောက် ရေတွက်လို့ရတယ်) ရှိနေတာလည်းပဲ အံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊ သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ် ၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ ရေတို့၏ အရသာသည် ဆားငံအရသာတစ်မျိုးတည်းပင် ရှိသကဲ့သို့ မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှ လွတ်မြောက်ခြင်း အရသာတည်းဟူသော ၀ိမုတ္တိရသ အရသာတစ်မျိုးတည်း ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာ သမုဒ္ဒရာအတွင်းက တိမိင်္ဂလ စသည့် အလွန်ကြီးသော ငါးကြီးတွေ နေရာ ဖြစ်ပါတယ်။ ဒါဟာလည်း သမုဒ္ဒရာကြီး၏ အံ့ဖွယ် တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း မဂ္ဂဋ္ဌာန် ၄-ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်း သာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင် ဖြေကြားတော်မူခဲ့ပါတယ်။ (အံ-၃၊ ၄၂၊ ၄၃)
Labels:
Myanmar articles
Tuesday, April 12, 2011
ကမ္ဘာကြီးက ရက်စက်တယ်တဲ့လား
အလွန်ပူနေသော တစ်ရက်က ဖြစ်ပါသည်။ အခန်းအပြင်ထွက်လို့ မနေနိုင်အောင် ပူသည်။ ခန်းစီးလိုက်ကာကို မကြည့်လိုက်တော့ ပြီးလုဆဲဆဲ ကျောင်းဆောင်သစ်ကြီးပေါ်တွင် အလုပ်လုပ်နေကြသူများကိုလည်း တွေ့နေရသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ပင်ပင်ပန်းပန်း လုပ်နေကြတာကို တွေ့ရတော့ စိတ်ထဲမှာ မကောင်း။ သို့ရာတွင် သူတို့မှာ အပေါ်က နေရောင်နဲ့ ပင်ပန်းနေပေမယ့် ကိုယ့်မှာလည်း နေပူသာ မခံရတယ်၊ ဂုတ်ကြောတွေ၊ ခါးတွေလည်း ညောင်းကိုက်နေပါသည်။ လူတိုင်းလူတိုင်းမှာ အပူတွေ ဒုက္ခတွေ ရှိနေတတ်ကြတာပဲဟု ဖြည့်တွေးမိသည်။
ကွန်ပြူတာရှေ့တွင် တကုပ်ကုပ် အလုပ်ရှုပ်နေစဉ် ကျောင်းသားတစ်ယောက် ပြေးလာသည်။ “ဦးဇင်း ဂျပန်မှာ ဆူနာမီ ၀င်နေတယ်”ဟု အမောတကော ဆိုသည်။ ရင်ထဲမှာ ထင့်ခနဲ ဖြစ်သွားသည်။ အင်တာနက်ကနေ ဘီဘီစီ ၀က်ဘဆိုက်ကို ဖွင့်ကြည့်လိုက်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးများက ဖူကူရှီးမားမြို့ကလေး တရကြမ်း ၀ါးမြိုနေသည်။ သင်္ဘောကြီးများပင် မြို့ထဲကို ဒလိမ့်ခေါက်ကွေး မျောပါနေသည်။ တံတားတွေ ပြိုသည်။ အိမ်တွေ ပျက်သည်။ လူတွေ သေသည်။ လူတွေ ငိုသည်။ သတင်းတွေ ကြည့်ရင်း ၀မ်းတွေ နည်းနေမိသည်။
သဘာဝဘေးအန္တရာယ်ကို မည်သူတွေ အန်တုနိုင်ပါမည်နည်း။ ယနေ့ခေတ်ကို သိပ္ပံပညာခေတ်ဟု လူတွေ တင်စားပြောဆိုနေကြသည်။ အမှန်တကယ် တင်စားလောက်အောင်ပဲ သိပ္ပံပညာတွေ ထွန်းကားသည်။ ပူပြင်းသည့်နေရောင်အောက်တွင် အေးအေးလူလူနေလို့ ရအောင် အဲယားကွန်းတွေ ထွင်သည်။ ချမ်းအေးလွန်းသည့် အအေးဓာတ်ကို အန်တုဖို့ ဟိတာ(အပူပေးစက်)တွေ ဖန်တီးသည်။ နေရာတကာ စက်ပစ္စည်းတွေ ထွင်ပြီး လူတွေကို ကူညီသည်။ အချို့နေရာများတွင် လူအစား စက်ရုပ်(ရိုဘော့)များကိုပင် တီထွင်ခိုင်းစားနေကြသည်ကို တွေ့နိုင်သည်။
ခရီးသွားလာရေး အဆင်ပြေဖို့အတွက် လေယာဉ်ကြီးတွေ ဖန်ဆင်းသည်။ သင်္ဘောကြီးတွေ ဖန်တီးသည်။ ဇိမ်ခံကားတွေ ထုတ်လုပ်သည်။ လျှပ်စစ်ပစ္စည်းမျိုးစုံကို ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့နေရသည်။ ခေတ်ပေါ်အသုံးအဆောင်များဖြင့် လူသားသည် လှပခန့်ငြား တင့်တယ်လှသည်။ သိပ္ပံပညာက ဖန်ဆင်းပေးလိုက်သည့်အရာများဖြင့် လူသားများ ၀င့်ဝါလို့ မဆုံး၊ ဂုဏ်ယူလို့ မကုန်၊ ၂၁-ရာစုမှာ လူဖြစ်ရတာ နတ်ပြည်မှာ နတ်သားပဲ ဖြစ်နေရသလိုလို ပျော်နေကြပုံရသည်။
စက်မှုပစ္စည်းများကို ဘိန်းစွဲသလို စွဲနေသော လူသားများကြောင့် စက်မှုပစ္စည်းတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ထုတ်သူက ထုတ်သည်။ ဖြန့်သူက ဖြန့်သည်။ တဖြည်းဖြည်းနှင့် လူသားသည် စက်မှုပစ္စည်းများ၏ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ၀ယ်လိုအားများလာသောကြောင့် စက်မှုပစ္စည်းများသည် တစ်နေ့တစ်ခြား အမျိုးမျိုး တိုးလာရသည်။ စက်မှုပစ္စည်းတွေ တိုးလာခြင်းသည် လူသားများအတွက် ကောင်းပါသည်။ သို့ရာတွင် စက်မှုပစ္စည်းတွေ တိုးလာလေလေ ကမ္ဘာကြီးမှာ အန္တရာယ်အတွင်းသို့ သက်ဆင်းနေလေလေ ဖြစ်နေသည်ကို လူသားများ သတိမမူနိုင် (သတိမူမိသော်လည်း အရေးမစိုက်နိုင်)ဖြစ်ခဲ့ကြသည်။
လူသားတို့ သုံးစွဲနေကြသော ကြွပ်ကြွပ်အိတ်များ၊ သိန်းသန်းချီနေသော ကားများမှ ထုတ်လွှတ်လိုက်သော လောင်စာဆီ အငွေ့များ၊ အဲယားကွန်းပေါင်းများစွာမှ ထုတ်လွှတ်လိုက်သော အပူငွေ့များ၊ လူတို့ စားကုန်သုံးကုန်များ ထုတ်လုပ်ပေးနေသော စက်ရုံပေါင်းများစွာမှ အခိုးအငွေ့များ…..ထိုအရာများသည် လူသားတို့အတွက် အဆင်ပြေကောင်းအဆင်ပြေနေနိုင်သော်လည်း ကမ္ဘာမြေကြီးကို စိတ်ပျက်စေပါလိမ့်မည်။ သို့ဖြစ်၍ ကမ္ဘာမြေကြီးက ပြန်လည် ဒဏ်ခတ်သည်။ သဘာဝဘေးအန္တရာယ်များမှာ ကမ္ဘာမြေကြီးက ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။
လူသားတို့သည် နေ့စဉ်နေ့တိုင်း အချိန်ရှိသရွေ့ ကမ္ဘာမြေကြီးနှင့် ကမ္ဘာ့လေထုကို နှိပ်စက်သည်။ ရက်ရက်စက်စက် ပြုမူသည်။ ကမ္ဘာမြေကြီး မကြိုက်သော အငွေ့များကို ထုတ်လွှတ်သည်။ ကမ္ဘာမြေကြီး ရွံရှာသော ကြွပ်ကြွပ်အိတ်များကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်သည်။ လူသားတို့ တီထွင်ဖန်တီးလိုက်သော စက်ပစ္စည်းများမှ ထုတ်လွှတ်သော အငွေ့များနှင့် နေ့စဉ်နေ့တိုင်း အသက်ရှူကြပ်စွာ ရပ်တည်နေရသည်။ အိုဇုန်းလွှာလည်း ပေါက်ပြဲနေပြီ။ ကမ္ဘာမြေကြီးအနေဖြင့် လူသားများကို အသိဉာဏ်ရှိအောင် နိမိတ်အမျိုးမျိုး ပြသည်။ အယ်လ်နီညို၊ လာနီညာနှင့် ရာသီဥတုများ ပြောင်းလဲဖြစ်ပေါ်ပေးခြင်းဖြင့် လူသားကို အသိဉာဏ်ရှိအောင် ပြောပြသည်။ သို့ရာတွင် လူသားက အသိဉာဏ်ကင်းမဲ့လျှက်ပင် ရှိလေသည်။ လူသားများ၏ ရက်စက်သော ဒဏ်ကို ကမ္ဘာမြေကြီးခမျာ ကြည်ရှည် သီးခံနိုင်စွမ်းမရှိ ဖြစ်လာခဲ့သည်။
အမှန်အားဖြင့် သဘာဝလောက ဤမြေကမ္ဘာသည် လူသားတို့အတွက် သူ့မှာရှိသမျှ အားအင်များဖြင့် ပြုစုစောင့်ရှောက်ထားသည်။ သို့ရာတွင် လူသားတို့ကား ကျေးဇူးတင်ရမှန်း မသိ။ ကမ္ဘာပေါ်တွင် နေထိုင်ပြီး ကမ္ဘာကြီးကို လျစ်လျူရှုသည်။ နှစ်ကာလပေါင်း ထောင်သောင်းချီပြီး လူသားတို့သည် ကမ္ဘာကြီးအပေါ်တွင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့ကြသည်။ လူသားများအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ အန္တရာယ်အလွန်များလှသော အနုမြူများကိုပင် သူ့ထက်ငါ ဦးအောင် သာအောင် တီထွင်ဖန်တီးကြသည်။ ကမ္ဘာကြီးက ပညာအမျိုးမျိုး ပြသည်။ ထိုအခါ လူသားက ငိုကြွေးမြည်တမ်းသည်။ “ရက်စက်လိုက်တာ ကမ္ဘာကြီးရယ်”ဟူ၍။ ထိုအသံကို ကမ္ဘာကြီးက ကြားသောအခါ “တော်တော် တရားမျှတတဲ့ လူတွေပဲ”ဟုပြောရင်း ဟားတိုက်ရယ်မောနေခဲ့လေသည်။
ရေးသားသူ=အရှင်ကုသလသာမိ(ပျော်ဘွယ်)
Labels:
Myanmar articles
Sunday, April 10, 2011
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ
သာဝတ္ထိပြည်၌ ဝေဒေဟိကာ အမည်ရှိသော အိမ်ရှင်မတစ်ဦး ရှိခဲ့လေ၏။ ထို ဝေဒေဟိကာသည် ယဉ်ကျေးသိမ်မွေ့သူအဖြစ် ကျော်ကြားသူဖြစ်သည်။ နှိမ့်ချကျိုးနွံ၍ အေးအေးဆေးဆေး ရှိသူအဖြစ်လည်း ကျော်စောနေသူ ဖြစ်သည်။ ထို ဝေဒေဟိကာ၏ အိမ်၌ ကာဠီအမည်ရှိသော အခိုင်းအစေတစ်ဦးရှိ၏။
“ ငါ၏အရှင်မ ဝေဒေဟိကာသည် ယဉ်ကျေးသိမ်မွေ့သူဟူ၍ သတင်းကြီးလှ၏ ။ အေးဆေးညင်သာလှသူ ဟူ၍လည်း သတင်းကြီးနေ၏ ။ အမှန်တကယ် ဟုတ်ပါမည်လော ။ ငါနဲ့ အခြားသူတွေက အရှင်မ အလိုကျ ပြောဆို ဆက်ဆံလျှက်၊ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်၍ ငါတို့ အပေါ် ပြန်ကောင်းနေတာများလား ။ အရှင်မကို အကဲစမ်းရလျှင် ကောင်းပေမည်” ဟု ကာဠီသည် အကြံဖြစ်ပေါ်လေ၏ ။
နောက်နေ့နံနက်၌ ကာဠီသည် အိပ်ရာမှ မထဘဲ နေ၏ ။ နံနက်စောစောထပြီး ကိစ္စကြီးငယ် ဆောင်ရွက်လေ့ရှိသော ကာဠီကို မတွေ့ ရသဖြင့် ဝေဒေဟိကာသည် ကာဠီ၏ အိပ်ရာသို့ သွားလေသည် ။
“ ကာဠီ၊ ဘာဖြစ်လို့ အိပ်ရာက မထသလဲ၊ နေမကောင်းလို့လား” ဟု မေး၏။
“ဘာမှမဖြစ်ပါဘူး အရှင်မ၊ နေကောင်းပါတယ်။ အိပ်ရာထဲ နေချင်လို့ နေတာပါ” ဟု ကာဠီက ပြန်ပြော၏ ။ ထိုအခါ ဝေဒေဟိကာသည် မကျေနပ်ခြင်းဖြစ်ကာ “ ဟဲ့ကျွန်မ၊ အိပ်ရာက နေမြင့်မှ ထရသလား၊ နင် ဘာအသုံးကျသလဲ” ဟု မျက်မှောင်ကြုတ်၍ မာမာ ကျောကျော ပြော၏ ။ “ ငါ၏အရှင်မသည် ဘယ်သို့ပင် သတင်းကြီးသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသိမ်မွေ့ သူမဟုတ်၊ အေးဆေး ညင်သာသူမဟုတ်၊ ငါက အစစအရာရာ အလိုကျ ဆောင်ရွက်ပေးနိုင်၍သာ ကျေနပ်မှု ရနေခြင်း ဖြစ်၏” ဟု တွေးတောမိလေသည်။
Labels:
Myanmar articles
Saturday, April 9, 2011
ဗုဒ္ဓ၏ ဟောပြောချက်အရ ပုစ္ဆာမျာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း(၄) သွယ်
၁ ။ အချို့ ပုစ္ဆာများကို တိုက်ရိုက်တည့်တည့် ဖြေကြားရပေသည်။
၂ ။ အချို့ ပုစ္ဆာများကို ခွဲခြမ်းစိတ်ဖြာသောနည်းဖြင့် ဖြေကြားရပေသည်။
၃ ။ အချို့ ပုစ္ဆာများကိုမူ ပုစ္ဆာပြန်လှန်မေးခြင်းအားဖြင် ဖြေရှင်းရပြီး။
၎ ။ နောက်ဆုံးဖြေဆိုနည်းမှာ ပုစ္ဆာများကို ပယ်ချပစ်သောနည်းလမ်း ပင် ဖြစ်လေသည်။
ပုစ္ဆာတစ်ခုကို ပယ်ချပစ်သော နည်းအမျိုးမျိုး ရှိနိုင်ပေသည်။ ဥပမာ ၀စ္ဆဂေါတ္တက လောကသည် ထာဝရတည်မြဲသလော၊မတည်မြဲသလော အစရှိသည့် အကျိုးမရှိ၊ အချဉ်းနှီးဖြစ်သော မေးခွန်းများကို တစ်ကြိမ်မက လျှောက်ထားရာ ဗုဒ္ဓကမဖြေကြား၊မရှင်းလင်းဆိတ်ဆိတ်နေတော်မူခြင်းအားဖြင့် ပယ်ပစ်တော်မူသည်ဟု ဆိုနိုင်ပေသည်။
Labels:
Myanmar articles

