အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။
Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Monday, May 16, 2011

Disseminating of Metta Sutta = မေတ္တာသုတ်ရှုပွားပုံ


(၁)     May all beings be happy and peaceful!
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၂)     May all beings feeble or strong, be happy and peaceful!
ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၃)     May all beings long, medium, or short, be happy and peaceful!
          ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၄)     May all beings great, medium or short, be happy and peaceful!
          ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၅)     May all beings seen or unseen, be happy and peaceful!
          မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၆)     May all beings living-far or near, be happy and peaceful!
          ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၇)     May all beings unborn or being born, be happy and peaceful!
          ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၈)     Let none deceive another.
          လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။

(၉)     Let none despise another.
          ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။

(၁၀)   Let none get angry wishing misery to others.
          ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။

(၁၁)   May they all be free from ailment, enmity and happy in peace!
          ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။


The eleven benefits of disseminating Metta bhavana= မေတ္တာပွားများခြင်းရဲ့အကျိုး (၁၁)မျိုး

(၁) Enjoying a sound sleep ချမ်းသာစွာ အိပ်ရခြင်း။

(၂) Waking up peacefully= ချမ်းသာစွာ နိုးရခြင်း။

(၃) Do not having bad dreams=မကောင်းသော အိပ်မက်ကို မမြင်မက်ရခြင်း။

(၄) Being loved by human beings= လူတို့ ချစ်ခင်နှစ်သက်ခြင်း။

(၅) Being loved by non-human beings= နတ်တို့ မြတ်နိုးခင်မင်ခြင်း။

(၆) Being guarded by devas= နတ်တို့ စောင့်ရှောက်ခြင်း။

(၇) Being unaffected by fire, poison and weapons= မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း။

(၈) Developing concentration quickly= စိတ်လျင်မြန်စွာ တည်ကြည်ခြင်း။

(၉) Being serene and cheerful= မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း။

(၁၀)Never dying in bewilderment= မတွေဝေဘဲ သေရခြင်း။

(၁၁)Being reborn in the brahma realm when dying=သေသောအခါ  ဗြဟ္မာပြည်သို့ လားရခြင်း။

Saturday, May 14, 2011

ဘယ်သူတွေ ကူညီနိုင်မလဲ


တစ်ချိန်တုန်းက ချမ်းသာတဲ့အမျိုးအနွယ်မှ ကိသာဂေါတမီဆိုတဲ့ မိန်းမပျိုငယ်လေးတစ်ရှိခဲ့ပါတယ်။ သူမ အရွယ်ရောက်လာခဲ့တဲ့အခါ  ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးလို့ နှစ်အနည်းငယ်ကြာပြီးနောက် တစ်ဦးတည်းသောသားငယ်လေး တစ်ယောက်ကို မွေးဖွားပေးခဲ့တယ်။ သူမရဲ့ သားငယ်လေးသည် တစ်နှစ်သားအရွယ်လောက် ရောက်တဲ့အချိန် ရုတ်တရက်ဆိုသလို ရောဂါဝေဒနာခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။  သောကမီးများနဲ့ မွှန်ထူနေတဲ့ ကိသာဂေါတမီဟာ သေနေတဲ့ သူမရဲ့ ကလေးငယ်လေးကို ရင်ခွင်ထဲမှာ ပွေ့ချီပြီး၊ လူတိုင်းကို သူမရဲ့ သားငယ်လေးအသက် ပြန်လည်ရှင်သန်လာနိုင်တဲ့ ဆေးကောင်းများရှိသလားဆိုတာကိုပဲ မေးမြန်းလျက်၊ တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်ခဲ့ပါတယ်။  တကယ်တော့ ဘယ်သူမှ သူမကို မကူညီနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓ၏ တပည့်သား သာဝက တစ်ပါးနဲ့ သူမ တွေ့ခဲ့ပြီးနောက်  မြတ်ဗုဒ္ဓနဲ့ တွေ့စုံဖို့ သူမကို အကြံပြုခဲ့ပါတယ်။

ကိသာဂေါသမီသည် သေနေတဲ့ သားငယ်လေးကို မြတ်ဗုဒ္ဓအထံတော်သို့ သယ်ဆောင်ခဲ့ပြီး သူမရဲ့ ဇာတ်ကြောင်းအကုန်အစင်ကို ပြောပြခဲ့တဲ့အခါ၊ မြတ်ဗုဒ္ဓကလည်း မဟာကရုဏာတရားကြီးမားစွာနဲ့ လေးလေးနက်နက် နားထောင်ခဲ့ပါတယ်။ ကိသာဂေါတမီသည် ဇာတ်ကြောင်းအကုန်အစင်ကို ပြောပြီးနောက်၊ မြတ်ဗုဒ္ဓသည် “သင့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုသာရှိတယ်” ဟု သူမကို မိန့်ကြားတော်မူခဲ့ပါတယ်။ ထိုနောက် မြတ်ဗုဒ္ဓက တစ်ခါမှ သေဖူးတဲ့သူမရှိတဲ့ မိသာစု တစ်စုဆီမှ မုန့်ညှင်းစေ့ ငါးစေ့ ငါ့ဆီသို့ သွားယူလာခဲ့ပေးပါလို့ ကိသာဂေါတမီကို ခိုင်းလိုက်ပါတယ်။

ကိသာဂေါတမီလည်း ဒီလို လူမသေဖူးတဲ့ မိသာစုကို ကြိုးပန်းရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူမ လှည့်လည်ရှာဖွေခဲ့တဲ့ မိသာစုတိုင်းသည် သေခြင်းတရားကို ရင်ဆိုင်တွေ့ကြံ ခံစားဖူးကြတယ်ဆိုတာပါပဲ။ နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓက သတ္တ၀ါအာလုံးဟာ သေခြင်းတရားနဲ့ မကင်းနိုင်ဘူး၊ သတ္တ၀ါအာလုံးဆီသို့ သေခြင်းတရာဟာ လာနေတယ် ဆိုတာကို သူမကိုယ်တိုင် ရှာဖွေသိရှိစေချင်တဲ့အရာကို ကိသာဂေါသမီသည် နားလည်းသဘောပေါက်သွားခဲ့ပါတယ်။

သေခြင်းတရာဟာ သက်ရှိသတ္တ၀ါတိုင်းအတွက် မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်တွေ့ကြုံရမယ်ဆိုတဲ့ အမှန်တရားကို လက်ခံယုံကြည့်လျက်၊ ကိသာဂေါတမီသည် သူမရဲ့ ၀မ်းနည်းပူဆွေး သောကမီဟုန်များ သိပ်မကြာခင်မှာ ပြောက်ကွယ်သွားခဲ့ပါတယ်။  သူမသည် သားငယ်လေးကို အဝေးသို့သယ်ဆောင်ပြီးနောက် မြတ်ဗုဒ္ဓ၏ တပည့်များထဲမှ တပည့်တစ်ယောက်ဖြစ်လာဖို့ မြတ်ဗုဒ္ဓအထံတော်သို့ ပြန်လာခဲ့ပါတယ်။ 

 ပထမဆုံး ဒုက္ခသစ္စာတရားထဲမှာ ဟောကြားတော်မူခဲ့တဲ့အတိုင် ဒုက္ခဝေဒနာသည် ဘ၀ရဲ့ အမှန်တရားဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ အဲဒီ ဒုက္ခဝေဒနာကို ဘယ်သူမှ ရှောင်လွဲလို့ မရဘူးဆိုတာကို မှတ်သားဖို့ မြတ်ဗုဒ္ဓက ကျနော်တို့ အားလုံးကို သြ၀ါဒပေးခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သက်ရှိသတ္တ၀ါမှန်သမျှ မဖြစ်မနေရင်ဆိုင် တွေ့ကြံကြရမည့် အချက်ကြီးသုံးချက်ရှိပါတယ်။ အဲဒါတွေကတော့ ကျနော်တို့ကိုယ်တိုင် သဘာဝနိယာမတရားဖြစ်တဲ့ မအိုပါရစေနဲ့ အိုခြင်းတရားငါတို့ဆီကိုမလာပါနဲ့လို့ တားဆီးပိတ်ပင်လို့မရပါဘူး အိုခြင်းတရားကတော့ မလွဲမသွေ ကျနော်တို့အထံ ကျရောက်လာမှာပါပဲ။ ဘယ်လောက်ပဲ အလှကုန်ပစ္စည်းတွေနဲ့ လိမ်ချယ်သနေပါစေ၊ ခေတ်ပေါ် စက်ကိရိယာတွေနဲ့ ခွဲစိတ်ကုသပြုပြင်နေပါစေ အိုခြင်းဆိုတဲ့ သဘာဝနိယာမတရားကတော့ ဟားတိုက်ရယ်မောကာ တွံတေးသိန်းတန် သီးချင်းထဲကလို ပြင်းတောင်ပြင်းသေးတယ် ဆိုပြီး မြေကြီးလက်ခတ်မလွဲ ပြေးဝင်လာမှာ မြင်ယောင်နေမိပါသေးတယ်။

 မိမိတို့ ခန္ဓာကိုယ် အိုလာသည်နဲ့အမျှ နာခြင်းဆိုတဲ့ နိယာမတရားကလည်း ကပ်လိုက်နေတာပါပဲ။ နာခြင်းတရားကတော့ အိုတဲ့သူတွေကိုမှ ရောဂါဝေဒနာများ ကပ်ရောက်ခံစားနိုင်တာမဟုတ်ပါဘူး။ အရွယ်သုံးပါးမရွေး နာခြင်းဆိုတဲ့ ရောဂါဝေဒနာကို လူတိုင်း ခံစားနေကြရတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ဆိုသလို နေ့စဉ် မြင်တွေ့နိုင်ပါတယ်။ ကမ္ဘာကြီး ခေတ်မီဖွံ့ဖြိုးတို့တက်လာသည်နဲ့ အမျှ ခေတ်ပြိုင် ရောဂါဝေဒနာများသည်လည်း မရေတွက်နိုင်အောင် တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် လူတိုင်းက နာကြင်မှု ရောဂါဝေဒနာများ မိမိတို့အထံ မလာပါရောက်ဖို့ တားဆီးပိတ်ပင်လို့ မရနိုင်ပါဘူး၊ လူတိုင်း အနည်းနဲ့အများဆိုသလို ရောဂါဝေဒနာကို ခံစားကြရမှာဖြစ်ပါတယ်။ 

သေခြင်းတရားဆိုတာကတော့ ထွေထွေထူးထူးပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ကျနော် အဓိကပြောချင်တဲ့အချက်က ကျနော်တို့တတွေ အထက်ပါ အကြောင်းတရားများနဲ့ ရင်ဆိုင်တွေ့ကြုံလာကြတဲ့အခါ ထိန့်လန့် ကြောက်ရွံ့မှုများ မဖြစ်ဖို့ အမြဲလိုအပ်လှပါတယ်။ အို၊ နာ၊ သေခြင်းဆိုတဲ့ သဘာဝနိယာမတရားများကို မိမိတို့ရဲ့ နေ့စဉ်အဖြစ်အပျက်များထဲမှ အလေ့အထတစ်ခုကဲ့သို့ ဒါမှမဟုတ် မိမိတို့ရဲ့ သူငယ်ချင်းများကဲ့သို့ သတ်မှတ်ပြီး လက်ရှိကျန်နေတဲ့ ဘ၀ခရီးကို ထိန့်လန့် ကြောက်ရွံ့မှု၊ ၀မ်းနည်းပူဆွေးမှုများမရှိဘဲ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင်း….

Sunday, April 10, 2011

Dirty water and telling lies





Rahula, the only son of the Buddha, became a monk. He was the youngest in the 
 Sangha.
 All the monks loved and spoiled him. Rahula did whatever he liked. 
 Sometimes he told lies just for the fun of it.
 One day, the Buddha said to Rahula, “Please bring me a basin of water. I want to
 wash my feet.”
 He washed his feet in the basin of water and asked Rahula, “ Would you drink the
 water?”
 “No, it’s dirty!” Rahula replied.
 Then the Buddha asked Rahula to throw the water away.
The Buddha told Rahula, “ When water gets dirty, no one wants it.
It is the same for those who tell lies, no one cares for them anymore.”
Tears of shame came to Rahula’s eyes. He never told another lie.

                                       We should always tell the truth.

 ရေအညစ်အကြေး နဲ့ လိမ်ညာပြောခြင်း
မြတ်ဗုဒ္ဓ၏ တစ်ဦးတည်းသော သားတော် အရှင်ရာဟုလာသည် ရဟန်း ဘောင်သို့ဝင်ရောက်ခဲ့၏။ အရှင်ရာဟုလာသည် သံဃာများထဲတွင် အငယ်ဆုံးလည်းဖြစ်၏။ ဒါကြောင့် ရဟန်းများအားလုံးက သူကို ချစ်လည်းချစ်ကြ၏၊ ချစ်သောကြောင့် အလိုလည်းလိုက်ကြသည်။ အရှင်ရာဟုလာသည် သူဘာပဲ နှစ်သက်နှစ်သက် အဲဒါအတွက် လုပ်ဆောင်ခဲ့၏။ တခါတရံ အရှင်ရာဟုလာသည် နောက်ပြောင်လိုတဲ့ ရည်ရွယ်ချက်နဲ့တောင် လိမ်ညာပြောခဲ့၏။ တစ်နေ့သောအခါ၌ မြတ်ဗုဒ္ဓသည် ခြေထောက်များကို ဆေးကြောဖို့အတွက် အရှင်ရာဟုလာကို ရေဇလုံတစ်လုံး  ယူလာခိုင်း၏။ မြတ်ဗုဒ္ဓသည် ရေဇလုံထဲမှာ ခြေထောက်များကို ဆေးကြောပြီးနောက် “ ဒီရေများကို သင် သောက်မလားလို့” အရှင်ရာဟုလာကို မေးမြန်း၏။ “ ညစ်ပတ်နေတဲ့ ရေများကို မသောက်ချင်ပါဘုရားလို့” အရှင်ရာဟုလာသည် ပြန်လည် လျှောက်ကြား၏။ မြတ်ဗုဒ္ဓသည် ရေများကို စွန့်ပစ်ခိုင်းလေ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် “ ရေများ ညစ်ပတ်လာတဲ့အခါ၊ အဲဒီရေကို ဘယ်သူမှ မလိုချင်ကြ၊ မသုံးချင်ကြတော့သလို။ ထို့အတူပဲ လိမ်လည်လှည့်စားတဲ့သူများကိုလည်း ဘယ်သူကမှ နောက်ထပ် ယုံကြည်မရှိကြ၊ ဘယ်သူကမှလည်း သူတို့ပြောတာကို အလေးထား ဂရုမစိုက်ကြတော့ဘူး” ဟု အရှင်ရာဟုလာကို ဆုံးမလေ၏။ အရှင်ရာဟုလာသည် ရှက်စိတ်များနဲ့အတူ မျက်ရည်များဝဲလာခဲ့၏။ ထိုအချိန်မှစ၍ အရှင်ရာဟုလာသည် လိမ်လည်လှည့်စားခြင်းကို ရှောင်ကြင်ခဲ့လေ၏။

Thursday, April 7, 2011

What is the Dhamma?



What is the Dhamma? If it is simply explained, Dhamma means “protection”. By whom Dhamma was taught? It was taught by The Lord Buddha. By practising Buddha’s teachings we protect ourself from suffering and other problems. 

All the problems we experience during daily life originate in ignorance. In short, all the problems are created by ignorance, and the best method for eliminating ignorance is to practise Dhamma. 
Practising Dhamma is the supreme method for improving the quality of our human life.

The quality of life depends not upon external development or material progress, but upon the inner development of peace and happiness. 
For example, in the past many Buddhists lived in poor and underdeveloped countries, but they were able to find pure, lasting happiness by practising what Buddha had taught.
If we integrate Buddha’s teachings into our daily life, we will be able to solve all our inner problems and attain a truly peaceful mind. 
Without inner peace, outer peace is impossible. If we first establish peace within our minds by training in spiritual paths, outer peace will come naturally; but if we do not, world peace will never be achieved, no matter how many people campaign for it.

ဓမ္မ”(တရား) ဆိုတာ ဘာလဲ။ ရိုးရှင်း လွယ်ကူစွာ ပြောရမယ်ဆိုရင် ဓမ္မဆိုတာ ကာကွယ်ခြင်း ၊ စောင့်ရှောက်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဘယ်သူက တရားဓမ္မကို ဟောကြားခဲ့တာလဲ? တရားဓမ္မကို မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်၊ စောင့်ရှောက်နိုင်သလို၊ ဆင်းရဲဒုက္ခများ နဲ့ အခြား ပြဿနာများကို ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။ နေ့စဉ်ဘ၀တွင် ကျွန်တော်တို့ တွေ့ကြုံ ရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးဟာ မသိမှု၊ ဖုံးလွှမ်မှု၊ အမိုက်အမှောင်တိုက်ဆိုတဲ့ “အ၀ိဇ္ဇာ” ထဲမှာ အကျုံးဝင် ပေါ်ပေါက်နေပါတယ်။ လိုရင်းပြောရမယ်ဆိုရင် မသိမှု “အ၀ိဇ္ဇာ” က ပြဿနာအားလုံးကို ဖန်တီးနေတာပါပဲ။ မသိမှု “အ၀ိဇ္ဇာ” ကို သုတ်သင်ရှင်းလင်းဖို့အတွက် အကောင်းဆုံး နည်းစနစ်ကတော့  ကာကွယ်စောင့်ရှောက်ခြင်း ဆိုတဲ့ မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို လိုက်နာကျင့်သုံးရပါမယ်။ တရားဓမ္မကို ကျင့်သုံးစောင့်တည်ခြင်းဟာ ကျွန်တော်တို့ရဲ့   လူမှု့ဘ၀ အရည်အသွေးများ တိုးတက်ကောင်းမွန်ခြင်းအတွက် အလွန့်အလွန် ကောင်းသော နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘ၀၏ အရည်အသွေးဆိုတာကလည်း အပြင်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအပေါ်မှာ မမှီတည်ပါဘူး၊ ဒါပေမဲ့ အတွင်းပိုင်းဆိုင်ရာ စိတ်၏ ငြိမ်းချမ်း၊ ပျော်ရွှင်မှု အပေါ်မှာသာ မူတည်နေပါတယ်။ ဥပမာပြောရရင် တစ်ချိန်တုန်းက ဗုဒ္ဓဘာသာအများစုဟာ ဆင်းရဲပြီး စီးပွားရေး မဖွံ့ဖြိုးသေးသော နိုင်ငံများ၌ နေထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ မြတ်ဗုဒ္ဓက သွန်သင်ဆုံးမထားတဲ့ တရားဓမ္မများကို တသွေမတိမ်း လိုက်နာ၊ ကျင့်သုံးစောင့်တည်ခြင်းဖြင့် သန့်ရှင်း၊ ခိုင်မာပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကို တွေ့ရှိခံစားနိုင်ခဲ့ကြတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ထဲမှာ ထည့်သွင်း ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ကျွန်တော်တို့ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အတွင်းပိုင်းဆိုင်ရာ(ကိုယ်တွင်း) အခက်ခဲပြဿနာများကို ကိုင်တွယ်ဖြေးရှင်း နိုင်ရုံသာမက၊ စစ်မှန်တဲ့ စိတ်ရဲ့ ငြိမ်းချမ်းမှုကိုပါ ရရှိနိုင်ပါတယ်။ ကိုယ်တွင်းပိုင်းဆိုင်ရာ စိတ်ရဲ့ ငြိမ်းချမ်းမှု မရှိဘဲ၊ အပြင်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုဆိုတာ မဖြစ်နိုင်တဲ့အရာပါပဲ။ စိတ်ပိုင်းဆိုင်ရာ လမ်းစဉ်များထဲမှာ လေ့ကျင့်ခြင်းဖြင့် ပထမဆုံး ကျွန်တော်တို့ရဲ့ စိတ်ထဲတွင် ငြိမ်းချမ်းမှုကို ထူထောင်လိုက်မယ်ဆိုရင်၊ အပြင်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုသည် သဘာဝအလျှောက် ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီလိုမှ လိုက်နာကျင့်သုံးမှု မရှိရင် လောကရဲ့ ငြိမ်းချမ်းမှုဆိုတာကို ဘယ်တော့မှ ရရှိနိုင်မှာမဟုတ်သလို၊ ငြိမ်းချမ်းမှုအတွက် ဘယ်လိုပဲ တိုက်ပွဲတွေ ၀င်နေ ၀င်နေ no matter အချဉ်းနှီးတွေပဲ ဖြစ်လာလိမ့်မယ်။

တရားရေအေး အမြိုက်ဆေးကို လူတိုင်းသောက်သုံး နိုင်ကြပါစေ.........

Wednesday, January 19, 2011

Good and Bad



The Buddha and Ananda were wandering for alms in a city. They passed a fishmonger’s.
The Buddha said, “ Ananda, touch the rope where the fish are hanging and smell your fingers.”
Ananda did this and said, “It smells awful!”
The Buddha said, “This is the same with making friends, if you mix with bad people, you will become bad. This is like the smell from the rope in the fishmonger’s.”
Next, they passed a spice shop. The Buddha said, “Ananda, touch the spice wrapper and then smell your fingers.”
Ananda did this and said, “My fingers smell very nice.”
The Buddha said, “This is the same with making friends. If you mix with good people, you will be a good person. This is like the nice smell you got from the spice wrappers.”
If you mix with good and honest people, you will be a good person. If you mix with lazy and bad people, you will be a bad person.
အဆိုး နဲ့ အကောင်း
မြတ်ဗုဒ္ဓသည် အရှင်အာနန္ဒာ နှင့် အတူ မြို့ထဲ လှည့်လည် ဆွမ်းခံနေခဲ့စဉ်၊ ငါးစိမ်းသည်၏ ငါးတန်းကို ဖြတ်သွားခဲ့ကြ၏။ ဘုရားရှင်က အရှင်အာနန္ဒာကို “ အာနန္ဒာ ငါးများ လှန်းထားတဲ့ ကြိုးတန်းကို သင့်ရဲ့လက်နှင့် ထိပြီး အနံ့ခံကြည့်ပါ” လို့ မိန့်တော်၏။ အရှင်အာနန္ဒာသည် ဘုရားရှင်ပြောသလိုလုပ်ခဲ့လေ၏။ ပြီးတော့ အရှင်အာနန္ဒာသည် “ အနံ့အသက်သည် အလွန်အမင်းဆိုးလွန်ပါတယ် ဘုရား” လို့ ဘုရာရှင်ကို ပြန်လည်လျှောက်ကြား၏။ ထို့နောက် ဘုရားရှင်သည် ” အာနန္ဒာ ထို့အတူပင် မိတ်ဆွေ သူငယ်ချင်းများကို ပေါင်းသင်းရာ၌လည်း၊ ငါးစိမ်းသည်ရဲ့ ကြိုးတန်းကို ထိလိုက်တဲ့အခါ ကပ်ပါလာတဲ့ အနံ့ကဲ့သို့၊ ဆိုးတဲ့သူများနှင့် ပေါင်းသင်းလျှင် ဆိုးတဲ့သူဖြစ်လာလိမ့်မယ် ဟု မိန့်ကြားတော်မူ။
ထို့နောက် ဘုရားရှင် နှင့် အရှင်အာနန္ဒာ သည် ဟင်းခတ်အမွှေးအကြိုင်ရောင်းတဲ့ ဆိုင်ကို ဖြတ်သွားခဲ့ကြ၏။ ရှေ့နည်းအတူပင် ဘုရားရှင်သည် အရှင်အာနန္ဒာကို “ အာနန္ဒာ ထိုဟင်းခက်အမွှေးကြိုင်ထုတ်ကို သင့်ရဲ့လက်နဲ့ထိပြီး အနံ့ခံကြည့်ပါ” လို့မိန့်တော်မှု၏။ အရှင်အာနန္ဒာသည် ဘုရားရှင်ပြောသလိုလုပ်ခဲ့လေ၏။ ပြီးတော့ အရှင်အာနန္ဒာသည် “ အနံ့အသက်သည် အလွန်အမင်းမွှေးကြိုင်ပါတယ် ဘုရား” လို့ ပြန်လည်လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ အာနန္ဒာ ထို့အတူပင် မိတ်ဆွေ သူငယ်ချင်းများကို ပေါင်းသင်းရာ၌လည်း၊ ထို ဟင်းခက်အမွှေးကြိုင်ထုတ်ကို ထိတဲ့အခါ ကပ်ပါလာတဲ့ အနံ့ကဲ့သို့ ၊ ကောင်းတဲ့သူများနဲ့ ပေါင်းသင်းလျှင် ကောင်းတဲ့သူဖြစ်လာလိမ့်မယ် ဟု မိန့်ကြားတော်မူ၏။
သင်ဟာ ရိုးသားကောင်းမွန်တဲ့ သူများနှင့် ပေါင်းသင်းဆက်ဆံလျှင်၊ ရိုးသာကာင်းမွန်တဲ့သူ တစ်ယောက်ဖြစ်လာလိမ့်မယ်။ ပျင်းရိဆိုးသွမ်းတဲ့သူများနှင့် ပေါင်းသင်းဆက်ဆံလျှင် ဆိုးသွမ်းတဲ့ သူတစ်ယောက်ဖြစ်လာလိမ့်မယ်။

Friday, January 14, 2011

Seven qualities of a good friend

In the daily life, we have to deal with the four aspects such as economic, political, educational and social affairs. Here I wish to say about social affair out of these four aspects. In the world, there are different various types of people and also their mind. Everywhere, it is so easy to make a friend with one another but not easy to know an individual mind, to understand. Therefore, it is necessary for all of us to have ethical moralities with each other and to observe one’s dignity on friend to friend. In the Anguttara Nikaya also, Our Lord Buddha disclosed about moralities of a good friend. There are seven qualities of a good friend as follow.


1. He gives what is hard to give

2. He does what is hard to do

3. He endures what is hard to endure

4. He reveals his secrets to you

5. He keeps your secrets

6. When misfortunes strike, he doesn't abandon you

7. When you're down and out, he doesn't look down on you

(From Anguttara Nikaya of the Lord Buddha 7.35)‌

အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!