![]() |
ဘုရားလောင်းသိဒ္ဓတ္ထ မွေးဖွားပြီးနောက် ခြေလှမ်း(၇) လှမ်းနေပုံ |
![]() |
မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံနေတော်မူစဉ် |
![]() |
မြန်မာဗုဒ္ဓဘာသာဝင်များ ညောင်ရေသွန်းလောင်နေစဉ် |
ကိုယ့်ကျင့်တရား ကောင်းခြင်းက၊လောကကြီးကို အလှဆင်နိုင်သလို၊စိတ်ထားကောင်းခြင်းက၊မိမိကိုယ်ကို အလှဆင်နိုင်ပါတယ်။
နောက်ထပ်နေရာ တစ်ခုမှာလည်း ဘယ်လို အနှောင့်ယှက်မျိုးမှ ရှိလာမှာမဟုတ်ဘူးဆိုတဲ့ အာမခံချက်ရှိလား” ‘ပြဿနာ အနှောင့်ယှက်များကို ကျော်လွှားနိုင်ဖို့ အဝေးသို့ ရှောင်ထွက်သွားခြင်းဟာ တုန့်ပြန်ချက် အဖြေတစ်ခုမဟုတ်ပါဘူး။ (မြတ်ဗုဒ္ဓ)
လူသားတိုင်း၏ လိုအပ်ချက်အတွက် ကမ္ဘာမြေကြီးက လုံလောက်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် လူသားတိုင်း၏ လောဘအတွက်တော့ ကမ္ဘာမြေကြီးက လုံလောက်မှုကို မပေးစွမ်းနိုင်ပါဘူး။ (မဟတ္တမဂန္ဓီ)
အကောင်းတွေထဲက ကောင်းတာလေးတွေနဲ့ လူတိုင်း မိမိတို့ရဲ့ စိတ်ကို နူးညံ့အောင် သိမ်မွှေ့အောင် မွှမ်းထုံလို့ရသလို၊ အဆိုးတွေထဲကနေမှလည်း ကောင်းတာလေးတွေနဲ့ လူတိုင်း မိမိတို့ရဲ့ စိတ်ကို နူးညံ့အောင်၊ သိမ်မွှေ့အောင် မွှမ်းထုံလို့ရ၏။ အကောင်းထဲက ကောင်းတာလေးနဲ့ စိတ်ကို မွှမ်းထုံခြင်းသည် စိတ်ကို နူးညံ့အောင်သာ ပြုလုပ်ပေးနိုင်၏။ အဆိုးထဲက ကောင်းတာလေးနဲ့ စိတ်ကို မွှမ်းထုံးခြင်းသည် စိတ်နူးညံ့မှုကိုလည်း ပြုလုပ်ပေးနိုင်ပြီး စိတ်ရင့်ကျက်မှုကိုပါ တပါတည်း ပြုလုပ်ပေးနိုင်၏။ (က၀ိရနံ့)
![]() |
ဘုရားလောင်းသိဒ္ဓတ္ထ မွေးဖွားပြီးနောက် ခြေလှမ်း(၇) လှမ်းနေပုံ |
![]() |
မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံနေတော်မူစဉ် |
![]() |
မြန်မာဗုဒ္ဓဘာသာဝင်များ ညောင်ရေသွန်းလောင်နေစဉ် |
အမှန်တကယ်တော့ တရုတ် နိုင်ငံ၌ ယန်စီမြစ်ဆိုသည့် မြစ်ဟူ၍ မရှိပေ။ ယန်စီမြစ် ဆိုသည့်အမည်ကို တရုတ်လူမျိုး အများအပြားက ကြားပင်မကြားဖူးကြဟု ဆိုသည့်စကားက အမှန်ပင်ဖြစ်ပါ၏။ သို့သော် ကမ္ဘာပေါ်ရှိ လူအားလုံးက သိပြီးဖြစ်သော တရုတ်နိုင်ငံမှ ယန်စီမြစ်ကို တရုတ်လူမျိုးများက တာ့ကျန်း-Da Jiang ကြီးမားသော မြစ် သို့မဟုတ် ချန်ကျန်-Chang Jiang ရှည်လျားသောမြစ်ဟု အမည် တပ်ခေါ်ဝေါ်ကြသည်။ ချုံ့ကင်း- Chongqing မြို့သည် ယန်စီမြစ်ကမ်း နဖူး၌ ရှိ၍၊ ချုံကင်းမြို့ အထက်ဘက်၌ နေထိုင်သော သူများကမူ ယန်စီမြစ်သည် ရေစီးသန်ခြင်း၊ နှုန်းရွှံ့များ ပါလာခြင်းကို တွေ့နေရ၍ ချိန့်စာကျန်း Chin-sha Jiang ရွှေ ရောင်သဲများရှိသည့်မြစ်ဟု ခေါ်ဝေါ် ကြသည်။ ယန်စီမြစ်သည် အာရှတိုက်၌ အရှည်လျားဆုံး မြစ်တစ်စင်း ဖြစ်သည်။ ကမ္ဘာပေါ်၌ တတိယမြောက် အရှည်လျားဆုံး မြစ်လည်းဖြစ်၏။ ယန်စီမြစ်၏ အလျားမှာမိုင် ၃၉ဝဝ (၆၃ဝဝ ကီလိုမီတာ)ရှည်ပြီး တရုတ်နိုင်ငံ အနောက်ဘက်၊ တိဘက်ကုန်းပြင် မြင့်၌ မြစ်ဖျားခံကာ အရှေ့ဘက်ဖျား အရှေ့တရုတ် ပင်လယ်ထဲသို့ စီးဝင်သည့် သဘာဝတရားက တရုတ်နိုင်ငံကို မြောက်ပိုင်းနှင့် တောင်ပိုင်းခွဲခြားထားရာ နယ်နိမိတ်မျဉ်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် အလွန် အဓိကကျသော အရေးပါသော မြစ်တစ်စင်းဖြစ်သည်။ ယနေ့ယန်စီ၏ ပုံသဏ္ဌာန်နှင့် အထက်ပါ အမည်များသည် လုံးဝ ဆက်စပ်၍ မရတော့ပေ။ မှားယွင်း သော အမည်ပေးထားမှုဟုပင် ထင် စရာ။ ဆောင်းကာလ နေ့ရက်နေ့များ၌ မြစ်ရေမျက်နှာပြင်သည် ကျဆင်းသွားလေ့ ရှိသည်။ မြစ်ကမ်းနဖူး၌ လူအများက ရွှေကျင်နေကြသည်ကို တွေ့ရမည်။ ယန်စီမြစ်အခြေအနေ ပြောင်းသည်နှင့်အမျှ မြစ်၏ အမည်များက အမျိုးမျိုးပြောင်းသွားတတ်သည်။ စာရေးဆရာ Archibald Little က ခရီးသွား ဆောင်းပါးတစ်ပုဒ်၌ ''နေ့စဉ်နေ့တိုင်း ဖြစ်ရပ်တွေကို ကျွန်တော်က သူ့နေ့နဲ့သူ၊ အလွန် ဂရုတစ်စိုက်နဲ့ မှတ်ထားခဲ့ဖူးပါတယ်။ ဒီမြစ်က သိပ်ထူးဆန်းတယ်။ ရာသီဥတု ပြောင်းသွားတာနဲ့ ဒီမြစ်က ပြောင်းသွားတာက သိပ်အံ့အားသင့် ဖို့ကောင်းတယ်။ သူ့အနေနဲ့ သူ့ဖြစ် ရပ်တွေ ပြောင်းလဲသွားမှုတွေ မှတ်ထားပေလို့သာ သိရနိုင်တာ''ဟုရေးခဲ့ ဖူးသည်။ Little သည် အမေရိကန်နိုင်ငံမှ မစ္စစ်စပီ-Mississippi နှင့် အမေဇုန် မြစ်-Amazon တို့နှင့် နှိုင်းကြည့်ခဲ့ သည်။ မည်သို့မျှရှင်းပြ၊ ပြောပြ၍မရ နိုင်ဟုဆို၏။ ယန်စီမြစ်နှင့် ပတ်သက်၍ အသေးစိတ် အနီးကပ်ကြည့်မည် ဆိုပါက ထူးဆန်းအံ့သြဖွယ် ကြမ်းတမ်း ခက်ထန်မှုကိုလည်း တွေ့ရမည်။ ဆိုလိုရင်းမှာ လူအများကို ဇီဝိန်ချွေနေ သည့် ရေလျှံမှုရေကြီးမှုဖြစ်၏။ ဆောင်းဦးကာလ၌ ရေပြင်မြင့် တက်မှုသည် ရုတ်ခြည်းဖြစ်တတ်ကာ လျှင်မြန်လွန်း၏။ ထို့ကြောင့်ပင် ရေထုမငြိမ်မသက်မှု ဖြစ်စေသည်။ ယင်းအချိန်၌ ယန်စီမြစ်တစ်လျှောက် ခုတ်မောင်းနေသော သင်္ဘော အမျိုးအစားအလိုက် မာလိန်မှူးများသည် သူ့သင်္ဘောကို ဂရုတစိုက် ပဲ့ကိုင်ကြရသည်။ ရုတ်ခြည်း ရပ်မသွားစေရန်၊ သင်္ဘောဦး တစ်ပတ်လည် မသွားစေ ရန်ဖြစ်၏။ ယန်စီမြစ်ကို လေးပိုင်းပိုင်း၍ လေ့လာကြသည်။ တိကျစွာဆိုရလျှင် မြစ်လေးစင်းပမာ အမည်လေး မျိုးပေးကာ ခွဲခြားထားကြပါ၏။ ချုံကင်းမြို့၏ အထက်ဘက်ကို ပထမပိုင်း၊ ယင်း အပိုင်းက အလွန်ဒဏ္ဍာရီဆန်သော ဖြစ်ရပ်များဖြင့် ပြည့်နှက်နေ၏။ ထိုအပိုင်း၌ ရွှေထွက်သည့် နေရာများ ရှိသည်။ ကမ်းပါးပြိုတတ်သည့် ဖြစ်ရပ်ကလည်း အချိန်အခါ မရွေး။ မြစ်အထက်ပိုင်း ချုံကင်းမှ ယီချန်း- မြစ်အထက်ပိုင်း ချုံကင်းမှ ယီချန်း-Ichang နှစ်မြို့ကြားဖြစ်သည်။ ထို အပိုင်း၌ မြစ်ကကြမ်းတမ်းသည်။ လျှိုမြောင်များ ပေါများသည်။ ရေစီး ပြင်းသည်။ သို့သော် ကုန်းမြေပြင် ကမူ ပြန့်ပြူးသည်။ |