အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Thursday, March 8, 2012

So Clever son who obeys to the parents



02-03-2012 23:00
Fred is 35 years old and he is still single.
One day a friend asks him, "Why aren't you married? Can't you find a woman who would be a good wife?"
 Fred replies, "I found many women in the past who I wanted to marry, 
but when I bring them home to my parents, my mother doesn't like them."

His friend thinks for a moment and says, "I have the perfect idea. Find a girl who is exactly like your mother."

Two months later they meet again and his friend says, "Did you find the perfect girl? 

Did your mother like her?"

With an unhappy face, Fred answers, "Yes, I found the perfect girl. She was exactly like my mother. 

You were right, my mother liked her very much."

The friend says, "So, what's the problem?"

Fred replies, "My father didn't like her.”
                                                                                         
                                                                           Written by Danny for News in Levels
Interesting words: reply, exactly.

Tuesday, January 3, 2012

Avoid from doing evil in deed, word and thought



Yassa kāyena vācāya manasā natthi dukkaṭaṃ saṃvutaṃ tīhi ṭhānehi taṃ ahaṃ brūmi brāhmaṇaṃ. (Dhamma pada. 391)
           He who does no evil in deed, word, and thought, who is restrained in these three ways- him do I call a holy man.
              This verse says that to observe our deed word and thought in good behavior in day to day life. In short, that means we have to refrain from ten unmeritorious deeds (Dasa Duccarita) like killing, stealing and so on. It is opposites of ten meritorious deeds. I will mention about ten meritorious deeds below. Those ten unmeritorious deeds are also called unwholesome (Akusala) such as lobha(greed), dosa(hatred) and moha(delusion). We have to avoid from the bad things and bad behaviors. When we refrain from  the unmeritorious deeds, we can be a good person. How do we observe those things in our daily life? For example, from morning to the bed time for a day, we are able to maintain carefully and nicely our behavior according to these three ways. There are also different behaviors as follows,
a.    Kāya= deed
1.    Refrain from killing
2.    Refrain from stealing
3.    Refrain from indulging in ignoble sexual enjoyments
b.    Vāca= word
1.    Refrain from telling lie
2.     Refrain from slandering
3.    Refrain from harsh speech
4.    Refrain from vain talk
c.    Mana = mind, thought
1.    Refrain from covetousness
2.    Refrain from ill-will
3.    Refrain from wrong view
In Abhidhamma term, those ten are called “The Ten meritorious deeds. In this way,

Saturday, December 31, 2011

နှစ်ခါအရှုံး မဖြစ်ပါစေနဲ့


''ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏စိတ်သည် နာကျင်မှုကင်းသည်ဖြစ်လတ္တံ့''ဟု ဤသို့ သင် ကျင့်အပ်၏ ( မြတ်ဗုဒ္ဓ)


လူရယ်လို့ဖြစ်လာရင် လူတိုင်း ဘ၀တည်းဟူသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရမည်မှာ မလွဲမသွေဖြစ်၏ ၊ ထိုသို့ရထားသည်နှင့် အမျှ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို ကံ၊ စိတ်၊ ဥတု၊ အဟာရ နှင့်အညီ ပြုပြင် ထိမ်းသိမ်း စောင့်ရှောက်ကြရဦး မည်ဖြစ်၏။ ဒါတင်မကသေးဘဲ ခန္ဓာကိုယ်တွက် စား၊ ၀တ်၊ နေရေး ဖူလုံးဖို့ အလုပ်တွေ ကိုယ်စီ ရုန်းကန် လုပ်ကြရပေသည်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကြီး သာယာဝဖြိုးရေးအတွက် နယ်ဝေး ရပ်ခြား တိုင်းတစ်ပါးတို့၌ သွားရောက်၍ အမိဝေး အဖဝေး နေထိုင် လုပ်ကိုင်နေကြရသည်မှာလည်း ဤခန္ဓာကိုယ်ကြီးအတွက်ပင် မဟုတ်ပါလား။ ကိုယ်က ဘယ်လောက်ပင် ခန္ဓာကိုယ်ကြီးတွက် ပြီးပြည့်စုံအောင် လုပ်ကိုင် ဆောင်ရွက်နေပေမယ့်လဲ ခန္ဓာကိုယ်ကြီးကတော့ နာကျင်မှုများနှင့် ဖိစီး နှိပ်စက် နေသည်ကို လူတိုင်း သတိမထားမိကြ၊ ခန္ဓာကိုယ်ကြီး ကောင်းစားရေးအတွက်ပင် အလေးအထားလုပ်ကိုင်ကြလေသည်။  ထိုကဲ့သို့ သတိမထားမိခြင်းကြောင့်လဲ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို နာကျင်မှု ရောဂါ ဝေဒနာများနှင့် ဖိစီး နှိပ်စက်ခံလာရတဲ့အခါ လူတိုင်း စိုးရိမ် ပူဆွေး စိတ်သောက ဖြစ်ကြရ၏ ၊ ခန္ဓာကိုယ် နာကျင်မှုများ တိုးပွားလာသည်နှစ် အမျှ ထိုသူများရဲ့ စိတ်နေ သဘော သဘာဝတို့သည်လည်း ပုံမှန်မဟုတ်တော့ဘဲ စိုးရိမ်မှုများနှင့် ၄င်းတို့၏ စိတ်ကို ခြိမ်းခြောက်ထားလေ့ရှိပါသည်။ ခန္ဓာကိုယ် နာကျင်မှု ဖြစ်ရုံတင်မကဘဲ မိမိတို့ရဲ့စိတ်ကိုပါ နာကျင်အောင် ပြုလုပ်မိနေကြပြန်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီး နာကျင်မှုများ ရလာတဲ့အခါ မိမိတို့ရဲ့ စိတ်ကို နာကျင်မှု မရှိအောင် ခိုင်ခိုင်မာမာ တည်ရှိနိုင်အောင် မြတ်ဗုဒ္ဓ၏ မဟာဆေးတည်းဟူသော မြတ်ဓမ္မများဖြင့် မွှမ်းထုံထားရမှာဖြစ်ပါတယ်။ ထိုအကြောင်းအရာနဲ့ ပတ်သက်လို့ မြတ်ဗုဒ္ဓသည် နကုလပိတုသုတ်တော်ထဲမှာ နကုလပိတာသူကြွယ်၏ ခန္ဓာကိုယ်ကြီး နာကျင် နှိပ်စက်မှုနှင့် ဆက်လျင်း၍ သူကြွယ်ထံသို့ ဟောကြားတော်မူခဲ့ပါတယ်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နကုလပိတာသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ကြီးပါပြီ၊ အသက်ကြီးပါပြီ၊ အရွယ်သုံးပါးသို့ ရောက်ပါပြီ၊ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ နာကျင်သောကိုယ်ရှိပါ၏၊ မပြတ်နာကျင်၍ နေပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကိုလည်းကောင်း အမြဲတစေ မဖူးမြင်နိုင်တော့ပါ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

သူကြွယ် ဤစကားသည် မှန်၏၊ သူကြွယ် ဤစကားသည်ဟုတ်၏၊ သူကြွယ် ဤကိုယ်သည်နာကျင်သည်သာတည်း၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏၊ သူကြွယ် တစ်ဦးတစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင်နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းခြင်းကို ဝန်ခံပါလျှင် ထိုသူ့အား မိုက်သည့်အဖြစ်မှတစ်ပါး အခြားမရှိတော့ချေ၊ သူကြွယ် ထို့ကြောင့် ဤအရာဝယ် ''ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏စိတ်သည် နာကျင်မှုကင်းသည်ဖြစ်လတ္တံ့''ဟု ဤသို့ သင် ကျင့်အပ်၏ဟု မိန့်တော်မူ၏။
ထို့နောက် နကုလပိတာသူကြွယ်သည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လျက်နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေ ပြုပြီးလျှင် အသျှင်သာရိပုတြာထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော နကုလပိတာသူကြွယ်အား အသျှင်သာရိပုတြာသည် ဤစကားကို ဆို၏- ''သူကြွယ် သင်၏ ဣနြေ္ဒတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည်လည်း စင်ကြယ်၏၊ ဖြူစင်တောက်ပ၏၊ ယနေ့ မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို နာခဲ့ရပါသလော ''ဟု ဆို၏။

အသျှင်ဘုရား အဘယ်မှာ မနာရဘဲ ရှိပါမည်နည်း၊ အသျှင်ဘုရား ယခုပင် အကျွန်ုပ်ကို မြတ်စွာဘုရားသည် တရားစကားတည်းဟူသော အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။
သူကြွယ် သင့်ကို မြတ်စွာဘုရားသည် တရားစကားတည်းဟူသော အမြိုက်ရေဖြင့် အဘယ်သို့သွန်းလောင်းလိုက်ပါ သနည်းဟု မိန့်၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ပါ၏-''အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ကြီးပါပြီ၊ အသက်ကြီးပါပြီ၊ အရွယ်သုံးပါးသို့ ရောက်ပါပြီ၊ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ နာကျင်သောကိုယ်ရှိပါ၏၊ မပြတ် နာကျင်၍ နေပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကိုလည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံး အမတော်သည် အကျွန်ုပ်အားကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏ ''ဟု လျှောက်ပါ၏၊ ဤသို့လျှောက်လတ်သော် မြတ်စွာဘုရားသည် အကျွန်ုပ်အား ဤစကားကို မိန့်တော်မူ ပါ၏-

သူကြွယ် ဤစကားသည် မှန်၏၊ သူကြွယ် ဤစကားသည်ဟုတ်၏၊ သူကြွယ် ဤကိုယ်သည်နာကျင်သည်သာတည်း၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏၊ သူကြွယ် တစ်ဦးတစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင်နေရပါလျက် တစ်ခဏမျှသော်လည်းအနာကင်းခြင်းကို ဝန်ခံပါလျှင် ထိုသူ့အား မိုက်သည့်အဖြစ်မှ တစ်ပါး အခြား မရှိတော့ချေ၊ သူကြွယ်ထို့ကြောင့် ဤအရာ ဝယ် ''ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည်နာကျင်မှုကင်းသည် ဖြစ်လတ္တံ့''ဟု ဤသို့ သင် ကျင့်အပ်၏၊ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်ကိုမြတ်စွာဘုရားသည် တရားစကားတည်း ဟူသော အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။

သူကြွယ် ''မြတ်စွာဘုရား အဘယ်မျှဖြင့် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သော စိတ်ရှိသူလည်းဖြစ်ပါသနည်း၊ အဘယ်မျှဖြင့် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သော စိတ်မရှိသူဖြစ်ပါသနည်း''ဟု ထို့ထက်အလွန် မြတ်စွာဘုရားအား ပြန်လျှောက်ရန် သင့်ဉာဏ်၌ မထင်ပြီလောဟု မိန့်၏။

Sunday, November 20, 2011

လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ဘုရားရှိခိုးနည်း။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

(နေမာ တတ္သ ဘဂ၀ေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓတ္သ)

အရဟတော- ကိလေသာကင်း ရန်သူရှင်း၍ ထိုက်ခြင်းအလှူ စိတ်ကွယ်မူလည်း ငြီးမြူမယှက် သံသာစက်ကို                 ချိုးဖျက် ဖြိုးလှန်တော်မူတတ်သော…
သမ္မာသမ္ဗုဒ္ဓဿ(သမ်မာသမ်ဗုဒ်ဓတ်သ)- သစ္စာညေယျ ဓမ္မဥဿုံ (ဓမ်မ အုတ်သုံ) အလုံးစုံကို အကုန်အစင် သိမြင်တော်မူတတ်သော…
တဿ ဘဂ၀တော- ဘုန်းတော် ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား၊
နမော- ခြေ၊ လက်၊ နဖူး၊ တဒေါင်၊ ဒူး နှင့် ငါးလီ ညီစွာ ၀န္ဒနာဖြင့် သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်(၉)ပါး ကြည်ညို ပွားနည်း

ယော ဘဂ၀ါ- အကြင်မြတ်စွာဘုရားသည်၊ ဒေ၀မနုဿာနံ(ဒေ၀မနုတ်သာနံ)- နတ်လူတို့၏၊ အတ္ထာယ(အတ်ထာယ)- အကျိုးငှာ၊ ဟိတာယ- အစီးအပွားလို့ငှာ၊ သုခါယ- ချမ်းသာခြင်းငှာ၊ လောကေ- လူလောက၌၊ ဥပ္ပဇ္ဇတိ(အုပ်ပစ်ဇတိ)- ပွင့်ထွန်းကြွမြန်းတော်မူလာ၏။

၁။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ကိလေသာကင်း ရန်သူရှင်း၍ ထိုက်ခြင်းအလှူ စိတ်ကွယ်မူလည်း ငြီးမြူမယှက် သံသာစက်ကို ချိုးဖျက်ဖြိုးလှန် ဤငါးတန်ကြောင့်လည်း၊ အရဟံ- အရဟ မည်တော်မူပါပေ၏။

၂။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ သစ္စာညေယျ ဓမ္မဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ(သမ်မာသမ်ဗုဒ်ဓေါ)- သမ္မာသမ္ဗုဒ္ဓ(သမ်မာသမ်ဗုဒ်ဓ) မည်တော်မူပါပေ၏။

၃။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော(၀ိဇ်ဇာ စရဏ သမ်ပန်နော)- ၀ိဇ္ဇာစရဏသမ္ပန္န(၀ိဇ်ဇာ စရဏ သမ်ပန်န) မည်တော်မူပါပေ၏။

၎။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ စကားဆိုရိုး ခွန်းခြောက်မျိုးတွင် မှန်ကန်အကျိုးများ ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။

၅။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ သတ္တောကာသ(သတ်တောကာသ) သင်္ခါရဟု လောက သုံးခွင် ဘုံအပြင် အကုန်အစင် သိမြင်တော်မူတတ်သော ဤကြောင်းကြောင့်လည်း၊ လောက၀ိဒူ- လောက၀ိဒူ မည်တော်မူပါပေ၏။

၆။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်။ ဆုံးမထိုက်သူ နတ်လူ တိရစ္ဆာန် ယောက်ျား မှန်သမျှတို့ကို အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊အနုတ္တရောပုရိသဓမ္မသာရတ္ထိ(အနုတ်တရောပုရိသဓမ်မသာရတ်ထိ)- အနုတ္တရောပုရိသဓမ္မသာရတ္ထိ (အနုတ်တရောပုရိသဓမ်မသာရတ်ထိ)မည်တော်မူပါပေ၏။

၇။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ဗြဟ္မာနတ်လူ(ဗြန်မာနတ်လူ) သုံးဘုံလူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ(သတ်ထာဒေ၀မနုသ်သာနံ)-သတ္ထာဒေ၀မနုဿာန(သတ်ထာဒေ၀ မနုသ်သာန ) မည်တော်မူပါပေ၏။

၈။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူတက်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ (ဗုဒ်ဓေါ)- ဗုဒ္ဓ (ဗုဒ်ဓ) မည်တော်မူပါပေ၏။

၉။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂ၀ါ- ဘဂ၀ါ မည်တော်မူပါပေ၏။ 
      
ဤသို့ အတုမရှိကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဘုရားတည့်တော်သည် သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။

Tuesday, October 25, 2011

How to be a good leader


What is the leadership or quality of a leader? First of all, I am going to express of the leadership of a leader who performs his activities in different way. Leadership is an important function of management which helps to maximize efficiency for a society and people, to overcome all problems to come on the community, by guiding a proper way related to its condition and to achieve organizational goals and Leadership is a function which is important at all levels of management. Therefore it is so necessary for an association to have a leader so that it is managed and given a suitable guidance.
Now   I would like to mention about how to be a good leader and I will explain about my topic with different types of question regarding to it. What is the leader? Leader is the person who leads or commands a group, organization or county, who deploys his effort and energy for a community. He absorbs his mind as well as body in the people who follow him. There are various kind of leaders such as economic leader, political leader, social leader, religious leader and so on, who are controlling and handling countries, towns, provinces, villages, and diverse organizations. In short, there are only two leaders as follows;
a.   1. Material leader
b.   2. Spiritual leader
The Material leader relates to those who lead worldly matters like a sociality, economy, and politic, etc. The spiritual leader refers to those who lead and take reasonability on its respective religions and who organizes to promote peace and harmony among its members and guides to realize enlightenment and to live a life that is in agreement with and contributes to their religious objectives. What is a good leader? In this world, every one can be a leader but hard to be a good and right leader because a leader must give up his own benefits and do for people’s happiness and advantages in the righteous system. In the Singalovadasutta, The Lord Buddha mentioned that there are six kinds of duty of a Leader. They are;
1.   1. He must be more industrious than other.
2.   2. He must be vigilant in order to lead others.
3.   3. He must be kind to his subordinates.
4.   4. He must be patient with and forgive others.
5.   5. He must be considerate and reasonable whatever he does.
6.   6. He must be wise and foresighted in doing things.

Those are duties to must be performed by a leader on his subordinates and group. If a leader does the above six obligations, he can lead his people easily and peacefully and association and he will be regarded by his people that he is a good leader.
What are the basic qualities of a good Leader? To become a good leader, a leader needs to have qualifies and qualities such as right view, right thought, right speech, right action, right livelihood, right effort, right mindfulness and right concentration to achieve in his leadership and he has to use them practically and skillfully. Right view is the beginning. It simply means to see and to understand things as they really are and to realise truth on every situation. Right view is the cognitive aspect of wisdom. It means to see things through, to grasp imperfect nature of worldly objects and ideas.
While right view refers to the cognitive aspect of wisdom, right thought refers to the volitional aspect. Right thought can be described best as commitment to ethical and mental self-improvement. Right speech is the first principle of ethical conduct. Ethical conduct is viewed as a guideline to moral discipline, which supports the other principles. This aspect is not self-sufficient, however, essential, because mental purification can only be achieved through the cultivation of ethical conduct and a leader should have a good speech.
The second ethical principle, right action, involves the body as natural means of expression, as it refers to deeds that involve bodily actions. Unwholesome actions lead to unsound states of mind, while wholesome actions lead to sound states of mind. Right livelihood means that a leader should earn one's living in a righteous way and that wealth should be gained legally and peacefully. Right effort can be seen as a prerequisite for the other principles of the path. Without effort, which is in itself an act of will, nothing can be achieved, whereas misguided effort distracts the mind from its task. Right mindfulness is the controlled and perfected faculty of cognition. It is the mental ability to see things as they are, with clear consciousness. Right concentration, refers to the development of a mental force that occurs in natural consciousness.

Those are qualifies and qualities for a good leader to lead the community and his people. In a conclusion, I wish to say that a good leader should have not only educational qualities but also moral qualities and To become a good leader in the future, we should study how they do to become a good leader and take and practice their ways which were practiced by leaders

Friday, September 23, 2011

What is Dukkha?

    
Now I would like to mention about what Dukkha is. The Buddha said that life is suffering. So, every one who lives in this world must face suffering. No one can protect suffering not to come to us. However, we can cure our suffering with medicine of the Dhamma of the Buddha.
Birth is dukkha, aging is dukkha, death is dukkha; sorrow, lamentation, pain, grief, & despair are dukkha; association with the unbeloved is dukkha; separation from the loved is dukkha; not getting what is wanted is dukkha. In short, the five clinging-aggregates are dukkha."( SN 56.11 Dhammacakkapavatta Sutta)

Three kinds of dukkha

"There are these three forms of stressfulness,
1)   The stressfulness of pain (Dukkha Dukkha-kayika-dukkha, cetasika-dukkha)
2)   The stressfulness of fabrication (Sankhara-dukkha)
3)   The stressfulness of change (Viparinama-dukkha)
 These are the three forms of stressfulness." (SN 38.14. Dukkha sutta)

a)  The stressfulness of pain (Dukkha Dukkha-kayika-dukkha, cetasika-dukkha) Ordinary suffering, as defined is one form of dukkha. This includes physical, emotional and mental pain.

b) The stressfulness of fabrication (Sankhara-dukkha) Anything that is not permanent, that is subject to change, is dukkha. Thus, happiness is dukkha, because it is not permanent. Great success, which fades with the passing of time, is dukkha. Even the purest state of bliss experienced in spiritual practice is dukkha.
This doesn't mean that happiness, success and bliss are bad, or that it's wrong to enjoy them. If you feel happy, then enjoy feeling happy. Just don't cling to it.

c)  The stressfulness of change (Viparinama-dukkha) To be conditioned is to be dependent on or affected by something else. According to the teaching of dependent origination, all phenomena are conditioned. Everything affects everything else. This is the most difficult part of the teachings on dukkha to understand, but it is critical to understanding Buddhism.

A contemporary definition of Dukkha:

Dukkha is:
Disturbance, irritation, dejection, worry, despair, fear, dread, anguish, anxiety; vulnerability, injury, inability, inferiority; sickness, aging, decay of body and faculties, senility; pain/pleasure; excitement/boredom; deprivation/excess; desire/frustration, suppression; longing/aimlessness; hope/hopelessness; effort, activity, striving/repression; loss, want, insufficiency/satiety; love/lovelessness, friendlessness; dislike, aversion/attraction; parenthood/childlessness; submission/rebellion; decision/indecisiveness, vacillation, uncertainty.

— Francis Story in Suffering, in Vol. II of The Three Basic Facts of Existence (Kandy: Buddhist Publication Society, 1983)

As a conclusion, I like to say by Buddha’s word. The Buddha said “Even though we have a body of pain, We must be one trying not to hurt our mind”.

MAY YOU BE ALWAYS HAPPY AND PEACEFUL!

အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!