(ဘင်ဂျမင်ဒစ်ဆရေလီ)
အောင်မြင်ကျော်ကြားသူဖြစ်အောင်မကြိုးစားပါနှင့်၊တန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)
လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။
ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌
အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။
ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
(အီစွတ်)
ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဆမ်းမာဆက်မော)
ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး
အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။
(လိုင်ဗွီ)
စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။
(ဆာဖရန်စစ်ဘေကွန်)
မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)
တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
(လူခရီးတပ်စ်)
သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)
ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်
(ဂျော့ဖရီချော်ဆာ)
ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူမျာ
(အဲဖရက်တင်နီဆင်)
အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး
ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။
(ဘလက်စတုံး)
သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။
(ဂျွန်ဒရိုင်းဒန်)
သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့
နားပင်းနေသောလင်ယောကျာင်္း တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။
(ဂျွန်မီတန်)
ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင်
အတော်ဆုံးလူဖြစ်တယ်။
(ဟင်းရစ်အစ်ဆန်)
သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို
သွားမပြောပါနှင့်။
(ပလူးတက်)
သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။
(ချားဒါဝင်)
အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ
အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။
(ဘင်ဂျမင်ဖရင်ကလင်း)
လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။
(စီဆာရို)
ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင်
မလုပ်နိုင်ပါဘူး။
(အယ်လင်နွာရုစဗဲ့)
ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာ
အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင်
ကာရံထားသောကြောင့်ဖြစ်တယ်။
(အလက်ဇန်းဒါးပုတ်)
သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက
စိတ်ပျက်စရာလဲကောင်းလှတယ်။
(ပလူးတက်)
အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)
ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်
(ဗစ်တာဟူဂို)
ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
(ဂျေ ၊ ဂျေ ၊ ရူးဆိုး)
ပညာရှိများနှင့်တစ်နာရီဆွေးနွေး
အကျိုးများ၏။
(သိုးဆောင်းစကားပုံ)
အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။
(အဂ္ဂါး)
သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။
(အင်္ဂလိပ်စကားပုံ)
စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး
အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို
သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချ
အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။
စကားတစ်ခွန်းပြောပေးရုံနှင့်သူ့
(ဒီဖိုမင်း)
စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို
မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း
နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။
(ဒေါက်တာဝီလျံအိုစလာ)
2 comments:
A huge free online English learning resource, thousands of conversations, short stories, and essays with audio and exercises for listening, speaking, reading, and writing, for in-class and after-class use. With over 2,500 conversations with audio and 3,000 short stories and essays with exercises, you are guaranteed to find something that's right for you. Best English Language Courses | Adult English Lessons | Beginner Esl Lessons
Drawing on your students’ background knowledge and experiences, can be an effective method to bridge these gaps and to make the content more accessible. This article presents numerous ideas to classroom teachers as they discover ways to faucet into the background knowledge that college students bring with them. Learning a brand new language requires time, effort, and persistence.
activities for english language learners | American English lessons | Basic Esl Lessons
Post a Comment