Wednesday, June 8, 2011
ဲ့ပြဿနာများကို ဘယ်လိုရင်ဆိုင်ကြမလဲ
ပြဿနာများကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ သူများသည် စိုးရိမ်မှုများကို ပိုမိုဖန်တီတက်ကြပါတယ်။ သူတို့ရဲ့ မိသားစုအသိုင်းအ၀ိုင်းထဲမှာ နားလည်မှုလွဲခြင်း၊ သဘောထားကွဲလွဲခြင်းများ ဖြစ်ပွားလာတဲ့အခါ၊ သူတို့သည် ဘ၀ကို ပိုမိုစိတ်ပျက်အောင် ပြုလုပ်လေ့ရှိပါတယ်။ တခါတရံမှာ အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများ နှင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများလည်း ဖြစ်ပျက်လေ့ရှိနေကြပါတယ်။ အဲဒါကြောင့် လောကလူသား ဘ၀ထဲမှာ အားရကျေးနပ် ပြည့်ဝမှုများ ဘယ်နေရာမှာရှိပါသလဲ။
ဒီနေ့ခေတ် လူများသည် သူတို့ရဲ့ စား၊ ၀တ်၊ နေရေးများတွက် စီမံခန့်ခွဲခြင်း၊ ရှာဖွေလုပ်ကိုင်ခြင်း နှင့် သူတို့ရဲ့ တာဝန်ဝတ္တရားများကို ဖြည့်စည်းခြင်းကဲ့သို့သော နေ့စဉ် ဘ၀ အသက်ရှင်နေထိုင်ခြင်းတွက် ၀င်ငွေ ပိုမိုလိုအပ်ရုံသာမက၊ သူတို့ရဲ့ ကာမဂုဏ်အာရုံနဲ့ပတ်သက်တဲ့ ဇိမ်ခံမှု တိုးမြှင့်လာခြင်း ကဲ့သို့သော ဘ၀နေနည်း နည်းလမ်းတစ်ခုကိုလည်း ဖွဲစည်းထားမှုဆိုတာကိုလည်း လိုအပ်ကြပါတယ်။ အဲဒါကတော့ ပြိုင်ပွဲအမျိုးအစား တစ်ခု ဖြစ်လာပါတယ်။
လူများသည် သူတို့ရဲ့ တာဝန် နှင့် ၀တ္တရားများထက် ကာမဂုဏ်အာရုံပေါ်မှာ ပိုမို အာရုံစူးစိုက်လေ့ရှိကြပါတယ်။ ကာမဂုဏ်ဆိုသည်မှာ လူများနားလည်ထားတဲ့ အရာတစ်ခုတည်းကိုပဲ မယူဆစေခြင်ပါဘူး။ “ကာမ” ဆိုသည်မှာ အရာဝတ္ထုတစ်ခုခုပေါ်မှာ လိုချင်မှု၊ နှစ်သက်မှု၊ လိုလားတောင်းတမှုကိုဆိုလိုပါတယ်။ “ဂုဏ်” ဆိုတာကတော့ လိုချင်စရာကောင်းတဲ့အရာ၊ စွဲမက်စရာကောင်းတဲ့အရာ၊ လိုလားတောင်းတမှုကို စွဲဆောင်တဲ့အရာပဲဖြစ်ပါတယ်။
“ကာမဂုဏ်” ဆိုတာ နှစ်သက်ဖွယ်ကောင်းတဲ့ ဂုဏ်ဒြပ်တွေ၊ အရာဝတ္ထုတွေပေါ်မှာ လိုချင်မှု၊ နှစ်သက်မှု ဖြစ်တယ်ဆိုတာကို ဆိုလိုတာပါ။ လောကလူသားတို့ ပြောဆိုနေကြတဲ့ ဂုဏ်ရှိမှ တင့်တယ်မယ်။
ဂုဏ်ရှိမှ လူရာဝင်မယ်ဆိုတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုချင်မှု၊ နှစ်သက်မှုတွေကြောင့်ပဲ လူတွေဟာ အဲဒီ နှစ်သက်စရာကောင်းတဲ့ ဂုဏ်တွေနောက်ကို တမ်းတမ်းတတ အငမ်းမရ လိုက်နေကြတာဖြစ်ပါတယ်။ အချို့သူများသည် လက်ရှိအခြေအနေမှာ ပြည့်ပြည့်စုံစုံရှိနေသထက် ပိုမို ပြီးပြည့်စုံနေသော်လည်း၊ သူတို့ရဲ့ ရည်ရှည် အနာဂတ်နဲ့ပတ်သက်လို့ စိုးရိမ်းမှုများဖြင့် သူတို့ရဲ့ မရောင့်ရဲ မတင်းတိမ်မှုများကို ဆက်လက်ကျွေးမွေးနေကြပါတယ်။ လူများသည် သူတို့ရဲ့ အိုခြင်း၊ နာခြင်း နှင့် သေခြင်းတရားနဲ့ပတ်သက်လို့ ထိပ်လန့်တုန်လှုပ်ကြသလို၊ သူတို့ရဲ့ တမလွန်ဘ၀မှာလည်း ငရဲသွားရလိမ့်မလား၊ နတ်ပြည်သွားရလိမ့်မလားဆိုပြီးတော့ စိုးရိမ်ထိပ်လန့်နေကြပါတယ်။
နေ့တိုင်းဆိုသလို လူများသည် သူတို့ရဲ့ ဘ၀ထဲမှာ မရောင့်ရဲမတင်းတိမ်မှုများနဲ့ တွေ့ကြုံနေကြရပြီး၊ ဘ၀တစ်လျှောက်လုံး သူတို့ရဲ့ ပြဿနာများ၊ မရောင့်ရဲ မတင်းတိမ်မှုများကို အဆုံးသက်ဖို့ ကုစားမှုတစ်ခုကို ရှာဖွေလျှက် ဟိုပြေးလိုက်ရ၊ ဒီပြေးလိုက်ရ လုပ်နေကြပါတယ်။ လူများသည် သူတို့ သေသွားသည့်တိုင်အောင် ပျော်ရွှင်ငြိမ်းချမ်းမှုကို ဆက်လက်ရှာဖွေနေကြပါတယ်။ ဒါပေမယ့် တကယ့်အစစ်အမှန် ပျော်ရွှင်ငြိမ်းချမ်းမှု အဖြေကိုတော့ မတွေ့ရှိကြပါဘူး။ ဒီလိုနဲ့ပဲ လူတွေဟာ ဘ၀ကို အဆုံးသက်သွားနေကြပါတယ်။ လူများသည် သူတို့ အိုလာပြီဆိုတာ ခံစားသိရှိခဲ့တဲ့အခါ စိုးရိမ်ကြတယ်။ သူတို့ လိုချင်တာမရတဲ့အခါ စိုးရိမ်ကြတယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာများ ဆုံးရှုံးတဲ့အခါ စိုးရိမ်ကြတယ်။ ပြီးတော့ သူတို့ ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်များ ဆုံးရှုံးရတဲ့အခါ စိုးရိမ်မှုများဖြစ်တက်ကြပါတယ်။ အဲဒါတွေဟာ စိတ်ပျက်စရာ၊ စိတ်ဝေဒနာများဆီသို့ ဦးတည်ပေးနေပါတယ်။ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်မှုများထိတောင် ဖြစ်ပွားကောင်းဖြစ်ပွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘ၀ရဲ့ တကယ့်အစစ်အမှန် သဘောသဘာဝကို မသိရှိကြပါဘူး။ ဒါပေမယ့် ဘယ်လို အနှောက်အယှက်များ၊ ဘယ်လို ပြောင်းလဲမှုများကိုမှ ထိတွေ့ မရင်ဆိုင်ဘဲ ဘ၀ကို ထိန်းသိမ်းဖို့ ကြိုးစားနေကြပါတယ်။
ဘ၀က အမြဲတမ်း ပြောင်းလွဲနေပြီး၊ အမြဲတမ်းပြောင်းလွဲနေတဲ့ စွမ်းအင်များ နှင့် အခြေခံသဘောတရားများ၏ ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ဘ၀နှင့်အညီ ဘယ်လိုအခြေနေမျိုးမှာမှ အမြဲဖြစ်တည်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘ၀ဟာ ဘက်လိုက်မှုမရှိဘူးဆိုတာ ကျွန်တော်တို့ ခံစားမိမှာပါ။ အခြေခံသဘောတရားများ၊ စွမ်းအင်များ ညီမျှမှုမရှိတဲ့အခါ၊ ကျွန်တော်တို့သည် စိုးရိမ်ပူပန်ခြင်း၊ ဖျားနာခြင်း၊ ဝေဒနာခံစားရခြင်း နှင့် အခြားသော ပြဿနာများကို တွေ့ကြုံရပါတယ်။ အချိန်ကာလ အတားအဆီးမရှိ ကျော်လွန်နေတယ်လို့ ခံစားမိလျင် ထိုစိတ်ပိုင်းဆိုင်ရာ ပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကဲ့သို့ သူတို့ကိုယ်တိုင် အလိုလျောက် ပေါ်လာတက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကိုယ်အင်္ဂါအဖွဲ့အစည်းများနှင့် အကျိတ်များဟာလည်း သူတို့ရဲ့ ပုံမှန် လည်ပတ်ခြင်းကို ပြောင်လွဲနေပါတယ်။ ပြီးတော့ သွေးလှည့်ပတ်မှု၊ နှလုံးခုန်မှု နှင့် ဦးနှောက် ကလာပ်စည်းများကို အကျိုးသက်ရောက်မှုရှိစေပါတယ်။
ပြီးတော့ လှေကား တစ်ခုကို တွင်းထဲချပြီး၊ လူအချို့ကို တစ်ယောက်ချင်းစီ အောက်ဆင်းခိုင်းလျင်၊ ပထမဆုံး အောက်ကိုစဆင်းတဲ့ သူများသည် ပေ(၄၀)(၅၀) အနက်ထိ ဆင်းသက်သည့်တိုင်အောင် သေးငယ်တဲ့ အပူပမာဏကို ခံစားမိပြီးနောက်၊ မီးအပူရှိန်နဲ့ပတ်သက်လို့ ညည်းတွားမှာမဟုတ်သေးပါဘူး။ နောက်ထပ် ပေ (၇၀)(၈၀) မီးအပူရှိန် အနီးအနားအထိ ရောက်သွားတဲ့ အခါမှာတော့ မီးလောင်ခြင်း၏ အပူရှိန်ဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခံစားမိကြတယ်။ ပထမဆုံး တွင်းထဲကို ဆင်းတဲ့သူများသည် အောက်၌ရှိတဲ့ အန္တရာယ်နဲ့ပတ်သက်လို့ သူတို့နောက်ကို လိုက်လာတဲ့သူများကို သတိပေးဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ဘယ်သူမှ သူတို့စကားကို နားမထောင်ကြပါဘူး။ ထပ်တူဆိုသလိုပဲ လူငယ်များသည် “ သူတို့က အမှားဆိုတာဘာမှမရှိဘူး၊ ပြီးတော့ ဒုက္ခဆင်းရဲဆိုတာကိုလည်း မတွေ့ကြုံကြဘူး” ဟု ပြောကြတယ်။ ဝေဒနာခံစားရခြင်း ဒုက္ခဆိုတာ ကျွန်တော်တို့ အသက်တွေ ပို၍ကြီးလာသောကြောင့်ဖြစ်ပါတယ်။ အပူရှိန်ကို စပြီးခံစားမိတယ်ဆိုတာ သေခြင်းနီးလာသောကြောင့်ဖြစ်ပါတယ်။
ဘ၀ဟာ ဒုက္ခဖြစ်သလို ဒုက္ခဟာ ဘ၀ရဲ့ အမှန်တရားဖြစ်တယ်ဆိုတာကို မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါဟာ ဘ၀၏ သဘောသဘာဝကိုနားလည်ဖို့ လူငယ်များအတွက် ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်။ လူကြီးများမှာလည်း အမြော်အမြင်၊ ရှုမြင်တွေးတော့မှု အချို့ရှိကြပါတယ်။ လူငယ်များသည် သူတို့ပြောစကားကို မြေ၀ယ်မကျ နားထောင်မယ်ဆိုလျင်၊ အမှားများစွာကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ သိတာထက် ပိုမိုလွန်ကဲစွာ သိမြင်နားသော မြတ်ဗုဒ္ဓကဲ့သို့ ပညာရှိသော ပုဂ္ဂိုလ်များက ပေးတဲ့ အဆုံးအမသြ၀ါဒကို အဆင်သင့်လက်ခံဖို့တွက် အလွန်သေးငယ်တဲ့ အရာဝတ္ထုများထဲမှာ ပုဂ္ဂိုလ်ရေးရာ အတွေ့အကြုံရှိဖို့ မလိုအပ်ဘူးဆိုတာ ကျွန်တော်တို့ကို ဒီရိုးရှင်းတဲ့ ဥပမာက ပြောပြနေပါတယ်။ ထို့ကြောင့် ဘ၀ နှင့် ၄င်း၏ ပြဿနာများကို ရှောင်ရှားပုံ၊ ရှောင်ရှားနည်းနဲ့ ပတ်သက်လို့ ဘယ်သူမှ ကျွန်တော်တို့ကို နည်းပေးလမ်းညွှန် မသင်ပြပေးနိုင်ဘူးဆိုတာရယ်၊ ပြီးတော့ ကျွန်တော်တို့ဟာ အရာရာတိုင်းကို သိတယ်ဆိုတာကို အထင်မှား၊ အမြင်မှား မရှိသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူကြီးသူမများ နှင့် မိဘများက သူတို့အမြင်မှာ မသင့်တော်သော သေးငယ်တဲ့ အရာဝတ္ထုများကို မလုပ်ဖို့ ကျွန်တော်တို့ကို ပြောဆိုဆုံးမတဲ့အခါ၊ ကျွန်တော်တို့ဟာ သူတို့ပြောစကားကို တသွေမတိမ်း လိုက်နာကြရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လောကရေးရာ ဘ၀ အတွေ့အကြုံနဲ့ စပ်လျင်း၍ ကျွန်တော်တို့ရဲ့ အယူအဆဆိုင်ရာ အသိပညာ ဗဟုသုတထက် သူတို့ရဲ့ ဘ၀ အသိပေး အတွေ့အကြုံက ပိုမိုသာလွန်နေသောကြောင့် ဖြစ်ပါတယ်။ အဲဒါကြောင့် မိဘများဟာ သူတို့ရဲ့ သားသမီးများကို အန္တရာယ်ရှိနိုင်တဲ့ သေးငယ်တဲ့ အရာဝတ္ထုများနဲ့ အခြားသော အရာများကို မလုပ်ကြဖို့ အမြဲတမ်း ဆိုဆုံးမလေ့ရှိကြပါတယ်။
လူငယ်များဟာ လူကြီးသူမများက ဆိုဆုံးမတဲ့ စကားများကို လျစ်လျူရှုကြတဲ့အခါ၊ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင်၊ နည်းလမ်းနှင့်အညီ အရာရာတိုင်းကို လျှောက်လုပ်ကြတော့တာပါပဲ။
တခါတုန်းက မြတ်ဗုဒ္ဓ နှင့် သူ၏ တပည့်သာဝကများသည် ရွာတစ်ရွာဆီသို့ ဒေသစာရီလှည့်လည် ကြွသွားတော်မူခဲ့ကြပါတယ်။ ထိုရွာမှာ နေထိုင်ကြသည့် လူအချို့က မြတ်ဗုဒ္ဓကို အမျက်ဒေါသ ထွက်နေကြပါတယ်။ ထိုသူများသည် မြတ်ဗုဒ္ဓကို စပြီးဆဲရေး အပြစ်တင်ကြတဲ့အခါ၊ တပည့်သာဝတို့သည် ဆဲရေးတိုင်းထွာခြင်းကို ရှောင်ရှာဖို့ နောက်တစ်ရွာကို ဒေသစာရီဆက်လက်ကြွချီဖို့ မြတ်ဗုဒ္ဓကို လျှောက်ကြားတော်မူကြပါတယ်။ မြတ်ဗုဒ္ဓသည် “နောက်ထပ်နေရာ တစ်ခုမှာလည်း ဘယ်လို အနှောင့်ယှက်မျိုးမှ ရှိလာမှာမဟုတ်ဘူးဆိုတဲ့ အာမခံချက်ရှိလား”ဟု မေးတော်မူခဲ့ပါတယ်။ ထိုနောက် မြတ်ဗုဒ္ဓက ‘ပြဿနာ အနှောင့်ယှက်များကို ကျော်လွှားနိုင်ဖို့ အဝေးသို့ ရှောင်ထွက်သွားခြင်းဟာ တုန့်ပြန်ချက် အဖြေတစ်ခုမဟုတ်ပါဘူး။ ငါတို့ဟာ ငါတို့ရဲ့ စိတ်ထဲမှာ ဘယ်လို ပြစ်မှုမျိုးမှ မရှိဘူးဆိုတာ ခံစားသိရှိလျင်၊ အပြစ်တင်ပြောဆိုခြင်းသည် ငါတို့ထံသို့ ဘယ်တော့ လာမှာမဟုတ်ပါဘူး။ ထိုကြောင့် ဆဲရေးတိုင်းထွာသူများသည် သူတို့ကိုယ်သူတို့ စိတ်ကုန်လာတဲ့အထိ အပြစ်တင်ပြောဆိုဖို့ ငါတို့က သူတို့ကို သနားသည်းခံပြီး၊ ခွင့်လွှတ်ကြရမယ်’ ဟု မိန့်ကြားတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓကို ဆဲရေးတိုင်းထွာ ပြစ်တင်ပြောဆိုကြတဲ့ ရွာသူရွာသားများသည် မြတ်ဗုဒ္ဓ နှင့် သူ၏တပည့်သာဝကများအထံတော်မှ ဘယ်လို တုန့်ပြန်အပြုအမူမျိုးကိုမှ မရရှိခဲ့ကြဘူးဆိုတာ သိရှိနားလည်ခဲ့ကြတဲ့အခါ၊ ရက်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ ဆဲရေးတိုင်းထွာမှုများကို ရပ်တန့်ခဲ့ကြပါတယ်။
ဒီနေရာမှာ လူများက သူတို့ရဲ့ ကိုယ်ပိုင် စိတ်နေသဘောထားနှင့်အညီ အမျိုးမျိုးသော နည်းလမ်းများထဲမှာ တူညီတဲ့ အဖြစ်ပျက်များကို ဘယ်လိုရှုမြင်သုံးသပ်ကြတယ်ဆိုတာ ခင်ဗျားတို့ နားလည်သိရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်က ပြဿနာများကို ဖန်တီးနေကြတာပါပဲ။ သည်းခံမှု၊ ခံနိုင်ရည်ရှိမှု နှင့် နားလည်ခြင်းကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ရဲ့ စိတ်ကို တိုးတက်ပြောင်းလဲထားမယ်ဆိုလျင်၊ နောက်ထပ်ပြဿနာများကို ဖန်တီးဖို့ ဘယ်လို အဖြစ်ပျက်မျိုးကိုမှ ကျွန်တော်တို့သည် အရေးတကြီး ယူတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြဿနာတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုတွေပါပဲ။ အခြားသူများ၏ ဖန်တီးမှုများ မဟုတ်ပါဘူး။
Labels:
You and your problems
1 comments:
တကယ်ကိုတန်ဖိုးရှိတဲ့... စာပါ..ဘုရား
Post a Comment