Thursday, April 21, 2011
ဘာသာရေး နဲ့ ဥပဒေ
ဥပဒေဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ဆွေးနွေးမှုများ ပြုလုပ်နေကြတာကို ကျနော်တို့ မကြာခဏဆိုသလို မြင်တွေ့နိုင်ပါတယ်။ ဥပဒေမှာ အခြားသော စည်းမျဉ်းအမျိုးအစားများနဲ့ မတူတဲ့ ကြီးမားခိုင်ခံ့တဲ့ သြဇာ အာဏာတစ်ခုရှိပါတယ်။ ဒါကို တစ်စိတ်တစ်ဒေသအားဖြင့် အရင်က တည်ရှိခဲ့တဲ့ ဘာသာရေး နဲ့ ဥပဒေအကြား နီးစပ်သောဆက်သွယ်မှုကို ဇာစ်မြစ်လိုက်ရမယ်ဆိုရင်၊ အစောပိုင်း (ခေတ်ဦးပိုင်းတုန်းက) အဖွဲ့အစည်းများထဲမှာ ဘာသာရေးဟာ ဥပဒေဖြစ်သလို၊ ဥပဒေကလည်း ဘာသာရေးပါပဲ။ သူတို့ဟာ အပြန်အလှန် ဆက်သွယ်နေကြပါတယ်။ ဥပဒေများကို ဘုရားသခင်ကဲ့သို့သော သူတစ်ယောက်က ဒါမှမဟုတ် အဖွဲ့အစည်းက အမြတ်တနိုး ကိုးကွယ်လာသော ဘုရားသခင်က စည်းမျဉ်းဥပဒေများကို ချမှတ်ထားပြီးသကဲ့သို့ သဘောထားခဲ့ကြတယ်။ ဟိန္ဒူပုဂ္ဂိလ်ကြီးများက ရေးသားပြုစုခဲ့သော Manu ဥပဒေများ သည် ဟိန္ဒူကျင့်စဉ်များ ပါဝင်နေပါတယ်။ ခရစ်ယာန်ဘာသာ၌လည်း God က ကိုင်တွယ်ခဲ့တဲ့ ပညက်တော် (၁၀)ပါးကို ရှေးဟောင်း ခရစ်ယာန် ဥပဒေကဲ့သို့ မြင်တွေ့နိုင်ပါတယ်။ တခါတရံ စည်းမျဉ်း ဥပဒေများကို အစိုးရမင်းကဲ့သို့သော လူသားတစ်ယောက်ဆီမှ သိသာထင်ရှားစွာ ပေါ်ထွက်ပြီးကောင်း ပေါ်ထွက်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို မကြာခဏ Gods များနဲ့ အဆက်သွယ်ရှိသော နတ်ကဲ့သို့ အချို့သော နည်းလမ်းများထဲမှာ သုံးသပ်ခဲ့ကြပါတယ်။
ယနေ့ ခေတ်မှာတောင် ဘာသာရေး နဲ့ ဥပဒေအကြား တစ်စိတ်တစ်ပိုင်းအားဖြင့် ဆက်စပ်နေခြင်းများ ရှိနေပါတယ်။ ကမ္ဘာ့ အဓိက ကိုးကွယ်မှု ဘာသာအယူဝါဒများထဲမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ပြစ်မှု အချို့ဟာလည်း ဥပဒေဆိုင်ရာ ပြစ်မှုများဖြစ်ပါတယ်။ သက်ဖြတ်ခြင်း နဲ့ ခိုးယူခြင်းကို တားမြစ်ထားတာဟာ ထင်ရှားတဲ့ ဥပမာများပါပဲ။ ထပ်လောင်း၍ ပြောပြရမယ်ဆိုရင်၊ အချို့သော နိုင်ငံများဟာ ဘာသာရေး စည်းမျဉ်းစည်းကမ်းများကို သူတို့နိုင်ငံရဲ့ ဥပဒေတစ်ခုကဲ့သို့ အသိမှတ်ပြုလက်ခံထားကြပါတယ်။ အကြောင်းပြချက် ဥပမာတစ်ခုအနေနဲ့၊ ဆော်ဒီအာရေဗျ နိုင်ငံကို အစ္စလမ်ဘာသာ စည်းမျဉ်း ဥပဒေများနဲ့ အုပ်ချုပ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဓိကက ဘာသာရေး စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်တဲ့ ပြစ်မှုများအားလုံးဟာ ဥပဒေဆိုင်ရာ ပြစ်မှုများ မဟုတ်ဘူးဆိုတာကို သတိပြုမိဖို့ အရေးကြီးလှပါတယ်။ ဘာသာရေးသည် ဥပဒေထက် အကျင့်စာရိတ္တဆိုင်ရာ၊ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာများကို ပိုမို အသားပေးထင်ဟပ်စေပါတယ်။ ဘာသာအယူဝါဒအများစုဟာ လိမ်လည်ပြောဆိုခြင်း နဲ့ မယားငယ်ယူခြင်း၊ လင်ငယ်နေခြင်းများကို မကျူးလွန်ဖို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ ထိုအရာများဟာ ဥပဒေဆိုင်ရာ အမှားအယွင်းများ မဟုတ်ပါဘူး။ အချို့က ဒီလို မလိုလားအပ်တဲ့ အပြုမူများကို တားမြစ်ခြင်းသည် အဖွဲ့အစည်းတစ်ခုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို့ ထင်ချေးပေးနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိကြတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းအများစုဟာ ဒီလို အပြုအမူလှုပ်ရှားမှုများကို အပြစ်ပေး တားမြစ်သည့် ဥပဒေကို အသုံးမပြုဖို့ ဆုံးဖြတ်ထားကြပါတယ်။ အကြောင်းကတော့ အဖွဲ့အစည်းကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခြင်းအတွက် အဲဒီလို လုပ်ဖို့ မလိုအပ်ဘူးဆိုတာကို ယူဆခဲ့ကြလို့ပါ။
အလားတူဆိုသလို ဥပဒေသည် ဘာသာရေး၊ ဒါမှမဟုတ် ကိုယ့်ကျင့်သိက္ခာနဲ့ လုပ်ဖို့ ဘာမှမရှိတဲ့ ကျယ်ပြန့်သော ကိစ္စအမျိုးစုံ အပေါ်မှာ ထိတွေ့သတ်လျောက်နိုင်ပါတယ်။ ဥပမာ။ မော်တော်ဆိုင်ကယ်များကို စီးနင်းမောင်းနှင်တဲ့အခါ ဆိုင်ကယ်ဦးထုပ်များ ဆောင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ဥပဒေ၊ နောက်တစ်ချက်က တရားဝင် သေတမ်းစာ စာတစ်စောင် ကို ခိုင်လုံတဲ့ သက်သေအထောက်အထားများနဲ့ လက်မှတ်ရေးထိုးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ဥပဒေများမှာ ဘာသာရေး၊ အကျင့်စာရိတ္တဆိုင်ရာ အရိပ်အယောင် ဘာတစ်ခုမှ မပါရှိပါဘူး။ ထိုဥပဒေများဟာ အဖွဲ့အစည်း နဲ့ ၄င်း၏ ပုဂ္ဂိုလ်ရေးရာတစ်ယောက်ချင်းစီရဲ့ လုံးခြုံရေးကို နည်းမျိုးစုံနဲ့ တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးဖို့ အတွက်သာ တည်ရှိပါတယ်။ ပထမတစ်ချက်က လမ်းပေါ်မှာ မတော်တဆဖြစ်ပွားမှုများထဲမှာ ဘေးအန္တရာယ်ကို နည်းနိုင်သမျှနည်းစေဖို့နဲ့ နောက်တစ်ချက်က လိမ်လည်မှုများကို ကာကွယ်ဖို့ ပြဋ္ဌာန်းခြင်းမျှသာ ဖြစ်ပါတယ်။
Labels:
Myanmar articles
0 comments:
Post a Comment