Friday, May 13, 2011
ကမ္ဘာ့ကုန်စည်ပြပွဲနေ့
ကမ္ဘာ့ကုန်စည်ပြပွဲနေ့ကို မေလ စနေနေ့ (မေလ ၁၄ ရက်) ဒုတိယမြောက်အပတ်ထဲမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ အဲဒီနေ့ကို ကမ္ဘာတ၀မ်း နိုင်ငံပေါင်း (၈၀)ထဲမှာ လှုပ်ရှားလုပ်ကိုင်နေတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲ အဖွဲ့က(WFTO) ဖွဲ့စည်းခဲ့ပါတယ်။ ကမ္ဘာ့ကုန်စည်ပြပွဲအဖွဲ့သည် လူပေါင်း (၁၁၀)သန်း ကိုယ်စားပြုပြီး အမျိုးမျိုးသော ကုန်သွယ်ရေး အဖွဲ့အစည်း(၃၅၀)ထဲမှ အသင်းဝင်တစ်ယောက်ကို ဂုဏ်ပြုချီးမြှင့်မှုများကိုလည်း ပြုလုပ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့ဝင်များကို FT100 လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အလုပ်ဟာ ကုန်သွယ်မှုကို ရာနှုန်းပြည့် ကတိပေးပြီးသော အလုပ်ဖြစ်တဲ့အတွက်ကြောင့်ပါ။
ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့ဝင်အများစုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများနဲ့ ဆင်းရဲသော နိုင်ငံများမှ ဖြစ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် အဖွဲ့အစည်း၏ တာဝန်သည် အပြန်အလှန် ဆွေးနွေးခြင်း၊ ရိုးသားပွင့်လင်းခြင်းနဲ့ အလေးထားမှုအပေါ်မှာ အခြေခံလျက်၊ အကြီးမားဆုံးသော အစုရှယ်ယာများကို ရှာဖွေတဲ့ ကမ္ဘာ့ကုန်သွယ်မှု နည်းစနစ်ကို တိုးမြှင့်ဖို့ပဲဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့ကုန်စည်ပြပွဲနေ့ကို ၂၀၀၂ နှစ်ထဲမှာ ကျင့်ပခဲ့ပါတယ်။
ကမ္ဘာ့ကုန်စည်ပြပွဲနေ့ မှာ ကမ္ဘာတ၀မ်း အမျိုးမျိုးသော လှုပ်ရှာမှုများနဲ့ ပါဝင်လှုပ်ရှားကြပါတယ်။ ထိုနေ့မှာ ကုန်စည်ပြပွဲနံနက်စာ၊ သင်တန်းပေး ဟောပြောပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ဖက်ရှင်ပြပွဲများ ပါဝင်ကြပါတယ်။ ထို့အပြင် စင်မြင့် ဈေးဆိုင်များ နဲ့ ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းကိုလည်း ရောင်းချခြင်းများကို ပြုလုပ်ကြပါတယ်။
Labels:
အထွေထွေဗဟုသုတ
0 comments:
Post a Comment