Saturday, May 14, 2011
ဘယ်သူတွေ ကူညီနိုင်မလဲ
တစ်ချိန်တုန်းက ချမ်းသာတဲ့အမျိုးအနွယ်မှ ကိသာဂေါတမီဆိုတဲ့ မိန်းမပျိုငယ်လေးတစ်ရှိခဲ့ပါတယ်။ သူမ အရွယ်ရောက်လာခဲ့တဲ့အခါ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးလို့ နှစ်အနည်းငယ်ကြာပြီးနောက် တစ်ဦးတည်းသောသားငယ်လေး တစ်ယောက်ကို မွေးဖွားပေးခဲ့တယ်။ သူမရဲ့ သားငယ်လေးသည် တစ်နှစ်သားအရွယ်လောက် ရောက်တဲ့အချိန် ရုတ်တရက်ဆိုသလို ရောဂါဝေဒနာခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ သောကမီးများနဲ့ မွှန်ထူနေတဲ့ ကိသာဂေါတမီဟာ သေနေတဲ့ သူမရဲ့ ကလေးငယ်လေးကို ရင်ခွင်ထဲမှာ ပွေ့ချီပြီး၊ လူတိုင်းကို သူမရဲ့ သားငယ်လေးအသက် ပြန်လည်ရှင်သန်လာနိုင်တဲ့ ဆေးကောင်းများရှိသလားဆိုတာကိုပဲ မေးမြန်းလျက်၊ တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်ခဲ့ပါတယ်။ တကယ်တော့ ဘယ်သူမှ သူမကို မကူညီနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓ၏ တပည့်သား သာဝက တစ်ပါးနဲ့ သူမ တွေ့ခဲ့ပြီးနောက် မြတ်ဗုဒ္ဓနဲ့ တွေ့စုံဖို့ သူမကို အကြံပြုခဲ့ပါတယ်။
ကိသာဂေါသမီသည် သေနေတဲ့ သားငယ်လေးကို မြတ်ဗုဒ္ဓအထံတော်သို့ သယ်ဆောင်ခဲ့ပြီး သူမရဲ့ ဇာတ်ကြောင်းအကုန်အစင်ကို ပြောပြခဲ့တဲ့အခါ၊ မြတ်ဗုဒ္ဓကလည်း မဟာကရုဏာတရားကြီးမားစွာနဲ့ လေးလေးနက်နက် နားထောင်ခဲ့ပါတယ်။ ကိသာဂေါတမီသည် ဇာတ်ကြောင်းအကုန်အစင်ကို ပြောပြီးနောက်၊ မြတ်ဗုဒ္ဓသည် “သင့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုသာရှိတယ်” ဟု သူမကို မိန့်ကြားတော်မူခဲ့ပါတယ်။ ထိုနောက် မြတ်ဗုဒ္ဓက တစ်ခါမှ သေဖူးတဲ့သူမရှိတဲ့ မိသာစု တစ်စုဆီမှ မုန့်ညှင်းစေ့ ငါးစေ့ ငါ့ဆီသို့ သွားယူလာခဲ့ပေးပါလို့ ကိသာဂေါတမီကို ခိုင်းလိုက်ပါတယ်။
ကိသာဂေါတမီလည်း ဒီလို လူမသေဖူးတဲ့ မိသာစုကို ကြိုးပန်းရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူမ လှည့်လည်ရှာဖွေခဲ့တဲ့ မိသာစုတိုင်းသည် သေခြင်းတရားကို ရင်ဆိုင်တွေ့ကြံ ခံစားဖူးကြတယ်ဆိုတာပါပဲ။ နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓက သတ္တ၀ါအာလုံးဟာ သေခြင်းတရားနဲ့ မကင်းနိုင်ဘူး၊ သတ္တ၀ါအာလုံးဆီသို့ သေခြင်းတရာဟာ လာနေတယ် ဆိုတာကို သူမကိုယ်တိုင် ရှာဖွေသိရှိစေချင်တဲ့အရာကို ကိသာဂေါသမီသည် နားလည်းသဘောပေါက်သွားခဲ့ပါတယ်။
သေခြင်းတရာဟာ သက်ရှိသတ္တ၀ါတိုင်းအတွက် မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်တွေ့ကြုံရမယ်ဆိုတဲ့ အမှန်တရားကို လက်ခံယုံကြည့်လျက်၊ ကိသာဂေါတမီသည် သူမရဲ့ ၀မ်းနည်းပူဆွေး သောကမီဟုန်များ သိပ်မကြာခင်မှာ ပြောက်ကွယ်သွားခဲ့ပါတယ်။ သူမသည် သားငယ်လေးကို အဝေးသို့သယ်ဆောင်ပြီးနောက် မြတ်ဗုဒ္ဓ၏ တပည့်များထဲမှ တပည့်တစ်ယောက်ဖြစ်လာဖို့ မြတ်ဗုဒ္ဓအထံတော်သို့ ပြန်လာခဲ့ပါတယ်။
ပထမဆုံး ဒုက္ခသစ္စာတရားထဲမှာ ဟောကြားတော်မူခဲ့တဲ့အတိုင် ဒုက္ခဝေဒနာသည် ဘ၀ရဲ့ အမှန်တရားဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ အဲဒီ ဒုက္ခဝေဒနာကို ဘယ်သူမှ ရှောင်လွဲလို့ မရဘူးဆိုတာကို မှတ်သားဖို့ မြတ်ဗုဒ္ဓက ကျနော်တို့ အားလုံးကို သြ၀ါဒပေးခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သက်ရှိသတ္တ၀ါမှန်သမျှ မဖြစ်မနေရင်ဆိုင် တွေ့ကြံကြရမည့် အချက်ကြီးသုံးချက်ရှိပါတယ်။ အဲဒါတွေကတော့ ကျနော်တို့ကိုယ်တိုင် သဘာဝနိယာမတရားဖြစ်တဲ့ မအိုပါရစေနဲ့ အိုခြင်းတရားငါတို့ဆီကိုမလာပါနဲ့လို့ တားဆီးပိတ်ပင်လို့မရပါဘူး အိုခြင်းတရားကတော့ မလွဲမသွေ ကျနော်တို့အထံ ကျရောက်လာမှာပါပဲ။ ဘယ်လောက်ပဲ အလှကုန်ပစ္စည်းတွေနဲ့ လိမ်ချယ်သနေပါစေ၊ ခေတ်ပေါ် စက်ကိရိယာတွေနဲ့ ခွဲစိတ်ကုသပြုပြင်နေပါစေ အိုခြင်းဆိုတဲ့ သဘာဝနိယာမတရားကတော့ ဟားတိုက်ရယ်မောကာ တွံတေးသိန်းတန် သီးချင်းထဲကလို ပြင်းတောင်ပြင်းသေးတယ် ဆိုပြီး မြေကြီးလက်ခတ်မလွဲ ပြေးဝင်လာမှာ မြင်ယောင်နေမိပါသေးတယ်။
မိမိတို့ ခန္ဓာကိုယ် အိုလာသည်နဲ့အမျှ နာခြင်းဆိုတဲ့ နိယာမတရားကလည်း ကပ်လိုက်နေတာပါပဲ။ နာခြင်းတရားကတော့ အိုတဲ့သူတွေကိုမှ ရောဂါဝေဒနာများ ကပ်ရောက်ခံစားနိုင်တာမဟုတ်ပါဘူး။ အရွယ်သုံးပါးမရွေး နာခြင်းဆိုတဲ့ ရောဂါဝေဒနာကို လူတိုင်း ခံစားနေကြရတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ဆိုသလို နေ့စဉ် မြင်တွေ့နိုင်ပါတယ်။ ကမ္ဘာကြီး ခေတ်မီဖွံ့ဖြိုးတို့တက်လာသည်နဲ့ အမျှ ခေတ်ပြိုင် ရောဂါဝေဒနာများသည်လည်း မရေတွက်နိုင်အောင် တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် လူတိုင်းက နာကြင်မှု ရောဂါဝေဒနာများ မိမိတို့အထံ မလာပါရောက်ဖို့ တားဆီးပိတ်ပင်လို့ မရနိုင်ပါဘူး၊ လူတိုင်း အနည်းနဲ့အများဆိုသလို ရောဂါဝေဒနာကို ခံစားကြရမှာဖြစ်ပါတယ်။
သေခြင်းတရားဆိုတာကတော့ ထွေထွေထူးထူးပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ကျနော် အဓိကပြောချင်တဲ့အချက်က ကျနော်တို့တတွေ အထက်ပါ အကြောင်းတရားများနဲ့ ရင်ဆိုင်တွေ့ကြုံလာကြတဲ့အခါ ထိန့်လန့် ကြောက်ရွံ့မှုများ မဖြစ်ဖို့ အမြဲလိုအပ်လှပါတယ်။ အို၊ နာ၊ သေခြင်းဆိုတဲ့ သဘာဝနိယာမတရားများကို မိမိတို့ရဲ့ နေ့စဉ်အဖြစ်အပျက်များထဲမှ အလေ့အထတစ်ခုကဲ့သို့ ဒါမှမဟုတ် မိမိတို့ရဲ့ သူငယ်ချင်းများကဲ့သို့ သတ်မှတ်ပြီး လက်ရှိကျန်နေတဲ့ ဘ၀ခရီးကို ထိန့်လန့် ကြောက်ရွံ့မှု၊ ၀မ်းနည်းပူဆွေးမှုများမရှိဘဲ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင်း….
Long time ago Kisā Gautamī was a young woman from a rich family who was married to a wealthy merchant. A few years later, when her only son was about a year old, he suddenly fell ill and died. Overcome with grief, Kisā Gautamī took the dead child in her arms and went from house to house asking people if they knew of a medicine that could restore her child’s life. Of course no one was able to help her. Finally, she met a follower of the Buddha, who advised her to see the Buddha.
When she carried the dead child to Buddha and told him. Her sad story, he listened with patience and compassion. He said to her, “There is only one way to solve your problem. Go and get me five mustard seeds from any family in which there has never been a death.”
Kisā Gautamī set off to look for such a household but without success. Every family she visited had experienced the death of one person or another. At last, she understood what the Buddha had wanted her to find out for herself that death comes to all.
Accepting the fact that death is inevitable, she no longer grieved. She took the child’s body away and later returned to the Buddha to become one of his followers. The Buddha taught us to recognise that suffering is a fact of life and that no one can avoid it, as stated in the First Noble Truth.
0 comments:
Post a Comment