အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Friday, May 20, 2011

Effortless English= သက်သောင့်သက်သာ အင်္ဂလိပ်စာ


Rule 7 to learn English Fast = စည်းမျဉ်း (၇) အင်္ဂလိပ်စာကို အမြန်လေ့လာခြင်း

Use Listen & Answer Stories= ဇာတ်ကြောင်းပုံပြင်များကို နားထောင်ပြီး ဖြေဆိုခြင်းကို အသုံးပြုပါ။

Hi. Today is the last rule! Remember, I promised you 7 Rules. Today is number 7
ဟိုင်း၊ ဒီနေ့ကတော့ နောက်ဆုံး စည်းမျဉ်းဖြစ်တယ်။ စည်းမျဉ်း(၇)ချက် မင်းကို ကတိပေးခဲ့တာ မှတ်မိမှာပါ။ ဒီနေ့က စည်းမျဉ်း နံပါတ်(၇)ဖြစ်ပါတယ်။

Today is the last Rule, and it is the easiest: နောက်ဆုံး စည်းမျဉ်း၊ အလွယ်ကူဆုံး စည်းမျဉ်း။

Most English CDs use “listen and repeat”. The speaker says something in English, and you repeat exactly what they said. This method is a failure. အင်္ဂလိပ် စီဒီအများစုက နားထောင်းပြီး ပြန်ပြောတာကို အသုံးပြုကြတယ်။ စကားပြောသူက အင်္ဂလိပ်စာထဲမှာ တစ်ခုခုပြောတယ်။ ပြီးတော့ မင်းက သူတို့ ပြောခဲ့တာကို တိတိကျကျ ပြန်လည်ပြောဆိုတယ်။ ဒီ နည်းစနစ်က ကျရှုံးမှု တစ်ခုပဲ။

Thanks very much! I am studying English according to your method. I will introduce your lessons to my friends!–Fred Zhao အလွန်ကျေးဇူးတင်ပါတယ်။ ကျနော် ခင်ဗျားရဲ့ နည်းစနစ် နှင့်အညီ  အင်္ဂလိပ်စာကို လေ့လာနေပါတယ်။ ကျနော်ရဲ့ သူငယ်ချင်းများဆီသို့ ခင်ဗျားရဲ့ သင်ခန်းစာများကို မိတ်ဆက်ပေးလိုက်ပါ့မယ်။

Rule 7: An English Success Story = စည်းမျဉ်း(၇) အင်္ဂလိပ်စာ အောင်မြင်သူ၏ ပြောပြချက်။

Emi, a Japanese woman, had a problem. Her speaking was SLOW. She could not answer questions quickly. ဂျန်ပန် အမျိုးသမီး ဖြစ်တဲ့ အေးမီမှာ ပြဿနာ တစ်ခုရှိခဲ့ပါတယ်။ သူမရဲ့ စကားပြောဟာ နှေးကွေးခဲ့တယ်။ သူမက မေးခွန်းများကို မြန်မြန် မဖြေဆိုနိုင်ခဲ့ဘူး။

Emi listened to many English tapes and CDs. She listened. She repeated what the speaker said. အင်္ဂလိပ်စာ တိတ်ခွေများနဲ့ စီဒီများကို အေးမီ နားထောင်ခဲ့တယ်။ သူမက နားထောင်ခဲ့တယ်။ ပြီးတော့ စကားပြောသူ ပြောခဲ့တဲ့အရာကို သူမက လိုက်ပြီးတော့ ထပ်ပြောခဲ့တယ်။

Emi emailed me. I recommended “Listen & Answer” lessons. I told her not to use “listen and repeat”. အေးမီ ငါ့ဆီသို့ အီးမေးပို့ခဲ့တယ်။ သင်ခန်းစာများကို နားထောင်ပြီး ဖြေဆိုရတာကို ကျမ အကြံပြု ထောက်ခံပါတယ်။ နားထောင်ပြီး ပြန်ပြောတာကို အသုံးမပြုဖို့ သူမကို ငါ ပြောခဲ့ပါတယ်။

I told her to use “Listen & Answer” Mini-Stories. မိနီ ပုံပြင် ဇာတ်ကြောင်းများကို နားထောင်ပြီး ဖြေဆိုတာကို အသုံးပြုဖို့ သူမကို ပြောပြခဲ့ပါတယ်။

I told her that “listen and repeat” is not enough– when you repeat, you only copy the speaker. But when you hear a question and you ANSWER it– you must think in English.
နားထောင်ပြီး ပြန်ပြောတာလေးနဲ့ မလုံလောက်ဘူးဆိုတာ သူမကို ပြောခဲ့ပါတယ်။ မင်း ပြန်ပြောခဲ့တဲ့အခါ၊ စကားပြောသူ ပြောဆိုတာကိုသာ မင်းက အတုလိုက်ပြီး ပြောဆိုတာပါ။ ဒါပေမယ့် မင်း မေးခွန်း တစ်ခုကို ကြားတဲ့အခါ၊ အဲဒါကို ဖြေဆိုတဲ့အခါ၊ အင်္ဂလိပ်လို မင်း တွေးတော ရတော့မယ်။

After using listen & ANSWER lessons for just 4 months, her speaking was fast, easy, and automatic. (၄)လလောက် ကြာကြာ သင်ခန်းစာများကို နားထောင်ပြီး ဖြေဆိုခြင်းကို အသုံးပြုပြီးနောက်မှာတော့၊ သူမရဲ့ စကားပြောဟာ အလွန်မြန်ဆန်ခဲ့ပါတယ်။ လွယ်ကူပြီး အလိုအလျောက် ပြောနိုင်ခဲ့တယ်။

Wednesday, May 18, 2011

Effortless English= သက်သောင့်သက်သာ အင်္ဂလိပ်စာ


Rule(6)
Use Only Real English Materials= အစစ်အမှန် အင်္ဂလိပ်စာ အထောက်အကူပစ္စည်းများကိုသာ အသုံးပြုပါ။

Hi again. It’s me, your English teacher… with another rule!
ဟိုင်း။ နောက်ထပ် စည်းမျဉ်းတစ်ခုနဲ့ မင်းရဲ့ အင်္ဂလိပ်ဆရာပါ။

I want you to think about something today: You have studied English for more than 4 years- why do you still have trouble understanding native speakers? ဒီနေ့ ငါ မင်းကို တစ်ခုခုနဲ့ပတ်သက်လို့ တွေးတော့စေချင်တယ်။ လေးနှစ်ကျော် ကြာကြာ အင်္ဂလိပ်စာကို မင်း လေ့လာထားပြီးပြီ။ ဘာဖြစ်လို့ အခုထိ အင်္ဂလိပ်လူမျိုးများပြောတာကို မင်း နားမလည်သေးတာလဲ။

Nothing is wrong with you. Something is wrong with the schools you went to, and the textbooks you used. English textbooks and audio tapes are horrible. မင်း ဘာမှ မမှားဘူး။ မင်းအသုံးပြုခဲ့တဲ့ ပြဌာန်းစားအုပ်များ၊ မင်းတက်ခဲ့တဲ့ ကျောင်းများနဲ့ တစ်ခုခုမှားနေတာပဲ။ အင်္ဂလိပ် ပြဌာန်းစာအုပ်များ နဲ့ အော်ဒီယို တိတ်ခွေများဟာ အပိတ်အပင်အတားအဆီးပါပဲ။

You never learned REAL English. အစစ်အမှန် အင်္ဂလိပ်စာကို မင်း ဘယ်တုန်းကမှ မလေ့လာခဲ့ဘူး။

You learned TEXTBOOK English. မင်းက အင်္ဂလိပ် ပြဌာန်းစာအုပ်ကိုပဲ လေ့လာခဲ့တယ်။

“Your teaching is excellent! I´m very grateful to you. Thank you!”
Milan Hodac, Czech Republic ခင်ဗျားရဲ့ သင်နည်းကတော့ အလွန်ကောင်းမွန်ပါတယ်။ ခင်ဗျားကို အရမ်းကျေးဇူးတင်ပါတယ်။

How To Understand Native Speakers = အင်္ဂလိပ်လူမျိုးများပြောတာကို နားလည်ပုံ၊ နားလည်နည်း။

Megdelio studied English for 5 years in Venezuela. Teachers said he was an advanced student. မေ့ဂ်ဒေးလီယိုဟာ ဗင်နီဇွဲလားမှာ ငါးနှစ် ကြာကြာ အင်္ဂလိပ်စာကို လေ့လာခဲ့တယ်။ သူက အဆင့်မြင့် ကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ ဆရားများက (ချီးကျူးစကား)ပြောခဲ့ကြပါတယ်။

When he came to the USA he felt good. He was excited to meet Americans. He was ready. He wrote: သူ USA သို့ ရောက်ခဲ့တဲ့အခါ၊ အဆင်ပြေမယ်လို့ ခံစားမိခဲ့တယ်။ အမေရိကန်လူမျိုးများနဲ့ တွေ့စုံဖို့ စိတ်တွေလှုပ်ရှားခဲ့တယ်။ သူ အဆင်သင့်ဖြစ်ခဲ့တယ်။ ပြီးတော့ စာတွေ ရေးခဲ့တယ်။ 

“One day I tried to talk to an American woman and everything changed. The woman started talking– and I couldn’t understand her. Not at all! တစ်နေ့မှာ ငါ အမေရိကန် အမျိုးသမီး တစ်ယောက်နဲ့ စကားပြောဖို့ ကြိုးစားခဲ့တယ်။ အရာရာတိုင်းက ပြောင်းလဲခဲ့တယ်။ သူမက စပြောခဲ့တယ်။ အဲဒီနောက် သူမ ပြောတာကို ငါ နားမလည်နိုင်ခဲ့ဘူး။ လုံးဝကို နားမလည်ခဲ့တာပါပဲ။ 

Tuesday, May 17, 2011

Effortless English= သက်သောင့်သက်သာ အင်္ဂလိပ်စာ


Rule(5)
Use Point of View Stories ပုံပြင်(ရှုထောင့်)သဘောထားကို အသုံးပြုပါ။

How are you today? Are you having a great day? I’m doing well.
ဒီနေ့ မင်းနေကောင်းလား။ မင်းမှာ ကောင်းသောနေ့ ရှိပါစေ။ ငါလည်း နေကောင်းပါတယ်။

Today I’m back to explain Rule 5
ဒီနေ့ စည်းမျဉ်း (၅)ကို ရှင်းပြဖို့ ငါ လာတာ။

With Rule 2, I told you never to study grammar rules. But, of course, you want to use correct English grammar. စည်းမျဉ်း (၂)တုန်းက သဒ္ဒါစည်းမျဉ်းကို မလေ့လာဖို့ မင်းကို ငါ ပြောခဲ့တယ်။ ဒါပေမယ့် မင်းက မှန်ကန်တဲ့ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းကို အသုံးပြုချင်တယ်။

Maybe you are thinking, “How can I learn English grammar if I don’t study English grammar rules?” “အင်္ဂလိပ် သဒ္ဒါစည်းမျဉ်းကိုမှ မလေ့လာရင် ငါဘယ်လို လေ့လာလို့ရမလဲဆိုတာ” မင်းတွေးတောကောင်း တွေးတောနိုင်တယ်။

Well, today I will tell you. ကောင်းပြီး၊ ဒီနေ့ မင်းကို ငါပြောပြမယ်။

I will teach you a way to learn grammar naturally. Use this method and your grammar will improve automatically. You will automatically use the correct verb tense. You won’t think. You won’t try. သဒ္ဒါစည်းမျဉ်းကို သဘာဝအတိုင်း လေ့လာရမည့် နည်းလမ်းတစ်ခုကို  ငါ မင်းကို သင်ပေးလိုက်မယ်။ ဒီ နည်းစနစ်ကို အသုံးပြုပါ၊ ဒါဆို မင်းရဲ့ သဒ္ဒါစည်းမျဉ်းဟာ အလိုအလျှောက် တိုးတက်လာလိမ့်မယ်။ မှန်ကန်တဲ့ ကြိယာကာလ ကို အလိုအလျောက် မင်း အသုံးပြုတက်လာလိမ့်မယ်။ မင်း မတွေးတောရတော့ဘူး၊ မကြိုးစားရတော့ဘူး။

“I am glad to tell you that I have improved my English after listening to your Effortless English Lessons. I think your Effortless English system is great.”–Aleister Yu, Singapore
ခင်ဗျားရဲ့ သက်သောင့်သက်သာ အင်္ဂလိပ် သင်ခန်းစာများကို နားထောင်ပြီးနောက် ကျနော်ရဲ့ အင်္ဂလိပ်စာဟာ တိုးတက်လာတယ်ဆိုတာ ခင်ဗျားကိုပြောရလို့ ကျနော် ၀မ်းသာပါတယ်။ ကျနော် အထင်တော့ ခင်ဗျားရဲ့ သက်သောင့်သက်သာ အင်္ဂလိပ်စာ နည်းစနစ်က အလွန်ကောင်းပါတယ်။

  
Rule 5: A Story စည်းမျဉ်း (၅) ပုံပြင်(ဇာတ်ကြောင်း)။

Miyuki did very well on grammar tests. She knew all of the grammar rules. She knew English verbs. မိယုကီဟာ သဒ္ဒါစည်းမျဉ်း အစမ်းစာမေပွဲများနဲ့ ပတ်သက်လို့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခဲ့ပါတယ်။ သူမက သဒ္ဒါစည်းမျဉ်းအားလုံး နဲ့ အင်္ဂလိပ် ကြိရိယာများကို သိခဲ့တယ်။

But Miyuki had a problem. She couldn’t USE the grammar in a real conversation. She could explain the past tense, but when speaking, she would say “Yesterday I GO to school”. ဒါပေမယ့် မိယုကီမှာ ပြဿနာတစ်ခု ရှိခဲ့တယ်။ သူမ တကယ့်စကားပြောထဲမှာတော့ သဒ္ဒါစည်းမျဉ်းကို အသုံးမပြုနိုင်ခဲ့ပါဘူး။ သူမက အတိတ်ကာလ ကို ရှင်းပြနိုင်ခဲ့တယ်။ ဒါပေမယ့် စကားပြောတဲ့အခါ သူမ ပြောခဲ့တယ်။ “ မနေ့က ငါ ကျောင်းသို့ သွားတယ်။”

Monday, May 16, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day

ဘုရားလောင်းသိဒ္ဓတ္ထ မွေးဖွားပြီးနောက် ခြေလှမ်း(၇) လှမ်းနေပုံ

မြန်မာသက္ကရာဇ်  ၁၃၇၃ ခုနှစ် ကဆုန်လပြည့် ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ  ဗုဒ္ဓနေ့ဖြစ်ပါတယ် ။ ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ ဟာ ဆိုရင် မဟာလူသား မြတ်ဗုဒ္ဓ ၊ သစ္စာတ၇ားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရား ရှင်ရဲ့ မွေးနေ့ ပဲဖြစ်ပါတယ် ။ မြန်မာမှာ  တော့  ကဆုန်လပြည့်ဗုဒ္ဓနေ့ လို့ ခေါ်ဆိုပြီး နိုင်ငံ တကာသုံးအနေနဲ့တော့  ကဆုန်လပြည့်နေ့ကို ဝိဆက်ဒေး (Vesak Day)  သို့ မဟုတ်  ဝိဆာခါ ဒေး (Vesaka Day) လို့ ခေါ်ပါတယ် ။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ  ကျင်းပတဲ့ရက်တွေမတူညီသလို  အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ် ။

 အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)  လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း (fó dàn) ၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။
သုမေဓာအရှင်ရသေ့ သူ့ရဲ့ကိုယ်ကို တံတားခင်ပေးနေပုံ

မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။ အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။
        ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။
       ၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါတယ်။
မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံနေတော်မူစဉ်

ဒီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်နေ့ထူးနေ့မြတ်ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့

၁ ။      ဗုဒ္ဓမြတ်စွာဘုရား လောင်း ဟာ သုမေဓါရှင်ရသေ့ ဘဝ နဲ့ ဒီပင်္ကရာ မြတ်စွာဘုရားဆီမှာ ကြာပန်းကိုလှူ တဲ့ အချိန်၊ဒီပင်္ကရာမြတ်စွာဘုရားရှင်မှာအလှုကိုလက်ခံတော်မူပြီး ဒီရသေ့ဟာ နောက် လေးသင်္ချနဲ့ကမ္ဘာတစ်သိန်းအကြာ ဘဒ္ဒကမ္ဘာမှာ ဂေါတမ ဘွဲ့ တော်နဲ့ ဘုရားစင်စစ်ဖြစ်မယ်ဆိုတာကိုတာ ဗျာဒိတ်တော်ထားတဲ့ နေ့ဟာ  ဒီကဆုန်လပြည့် နေ့ ပါပဲ ။
မြန်မာဗုဒ္ဓဘာသာဝင်များ ညောင်ရေသွန်းလောင်နေစဉ်

၂ ။      ဘုရားလောင်းရဲ့နောက် နောက်ဆုံး  ဘဝ သိဒ္ဓတ္ထ မင်းသားအဖြစ် မဟာသက္ကရာဇ် ၆၈ ခုနှစ် ၊ ကဆုန်လပြည့်  နေ့ (ဘီစီ ၆၂၃ )သက္ကတိုင်း ၊ ကပိလဝတ္ထု မြို့တော်  နဲ့  ဒေဝဒဟ မြို့ အကြားမှာရှိတဲ့ လုမ္ဗနီ အင်းကြင်းတောမှာဖွားမြင်တော်မူခဲ့ပါတယ် ။ ဒါကြောင့်
မြတ်စွာဘုရားရှင် မွေးနေ့ဟာလည်း ကဆုန်လပြည့်နေ့ဖြစ်ပါတယ် ။  အဲဒီနေ့မှာပဲ မြတ်စွာဘုရာှးရင်ရဲ့ ဖွားဘက်တော်တွေဖြစ်တဲ့ ညီတော်အာနန္ဒာ ၊ ယသော်ဓရာမိဖုရား ၊ ဆန္ဒအမတ် ၊ကဏ္ဍက မြင်း ၊ မဟာဗောဓိညောင်ပင် နှင့် ရွှေပလ္လင် ၊  ရွှေ အိုးကြီး ၄ လုံးတို့ပါတပြိုင်တည်းပေါ်ထွန်းခဲ့ပါတယ် ။

၃ ။      မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။ ဒီဘုရားဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ပဲ မြတ်စွာ ဘုရားရှင်က အတွင်းရန်ဖြစ်တဲ့ကိလေသာရန်ကိုအောင်မြင်တော်မူခဲ့ပီး၊အပြင်ရန်ဖြစ်တဲ့မာနတ်ရန်ကိုအောင်မြင်တော်မူခဲ့ပါတယ်။
ပီးတော့မြတ်စွာဘုရားတစ်ပါးတည်းသာရရှိတော်မူအပ်တဲ့ သဗ္ဗင်ညုတရွှေဥာဏ်တော်ကြီးကိုလည်း   ဒီကဆုန်လပြည့်နေ့မှာပဲရရှိတော်မူခဲ့တာဖြစ်ပါတယ် ။

၎ ။      မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပီး တစ်နှစ်အကြာ  မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဘီစီ ၅၈၇)  သာဝတ္ထိမြို့ ဇေတဝန် ရွှေကျောင်းတော်ကြီးမှာ  ဗုဒ္ဓဝင် ပါဠိတော်ကြီးကိုဟောကြားခဲ့ပါတယ် ။ ဒါကြောင့် ဘုရားရဲ့ဖြစ်စဉ်တော် ၅၅၀ ကိုဟောကြားခဲ့တာလည်း ဒီ ကဆုန်လပြည့်ပဲဖြစ်ပါတယ် ။

၅ ။      မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ် ၄၅ ဝါပတ်လုံး တရားဓမ္မဟောကြားပီး သတ္တဝါတို့အကျိုးကို နေ့မနားညမအားကြိုးစားဆောင်ရွက်တော်မူခဲ့ပီး  မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် (ဘီစီ ၅၄၃) နေ့  ကုသိနာရုံ ပြည်  ၊ မလ္လာမင်းတို့ရဲ့ အင်ကြင်းစုံ အင်ကြင်းတောမှာပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါတယ် ။ ဒါကြောင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူတာလဲ ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ် ။

ဒီလိုထူးခြားတဲ့ အချက် ( ၅ ) ချက်နဲ့ ပြည့် စုံနေတဲ့ ကဆုန်လပြည့်နေ့ကို   ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန် လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ် ။

ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံ ကျောင်းသား/သူ လေးများမှ ဆီမီး ပူဇော်နေစဉ်

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။ ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ ဓလေ့မှာတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကိုနေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီးဗုဒ္ဓရဲ့အမှတ်အသားအပင်ဖြစ်တော်မူတဲ့ဗောဓိညောင်ပင်တို့ကိုညောင်ရေသွန်းလောင်းခြင်း ၊ ဥပုသ်သီလဆောက်တည်ခြင်း ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းတို့ လုပ်ဆောင်ကြပါတယ် ။
ဗုဒ္ဓဘာသာဝင်ညီကိုမောင်နှမအားလုံးလည်းကဆုန်လပြည့်ဗုဒ္ဓနေ့မှာကုသိုလ်ကောင်းမှုပြုနိုင်ကြဖို့အလို့ငှာ
နှိုဆော်အပ်ပါတယ်ခင်ဗျာ ။

                              ဒီဆိုက်လေးမှ တဆင့်ကူးယူဖော်ပြပါသည်။

Disseminating of Metta Sutta = မေတ္တာသုတ်ရှုပွားပုံ


(၁)     May all beings be happy and peaceful!
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၂)     May all beings feeble or strong, be happy and peaceful!
ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၃)     May all beings long, medium, or short, be happy and peaceful!
          ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၄)     May all beings great, medium or short, be happy and peaceful!
          ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၅)     May all beings seen or unseen, be happy and peaceful!
          မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၆)     May all beings living-far or near, be happy and peaceful!
          ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၇)     May all beings unborn or being born, be happy and peaceful!
          ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

(၈)     Let none deceive another.
          လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။

(၉)     Let none despise another.
          ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။

(၁၀)   Let none get angry wishing misery to others.
          ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။

(၁၁)   May they all be free from ailment, enmity and happy in peace!
          ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။


The eleven benefits of disseminating Metta bhavana= မေတ္တာပွားများခြင်းရဲ့အကျိုး (၁၁)မျိုး

(၁) Enjoying a sound sleep ချမ်းသာစွာ အိပ်ရခြင်း။

(၂) Waking up peacefully= ချမ်းသာစွာ နိုးရခြင်း။

(၃) Do not having bad dreams=မကောင်းသော အိပ်မက်ကို မမြင်မက်ရခြင်း။

(၄) Being loved by human beings= လူတို့ ချစ်ခင်နှစ်သက်ခြင်း။

(၅) Being loved by non-human beings= နတ်တို့ မြတ်နိုးခင်မင်ခြင်း။

(၆) Being guarded by devas= နတ်တို့ စောင့်ရှောက်ခြင်း။

(၇) Being unaffected by fire, poison and weapons= မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း။

(၈) Developing concentration quickly= စိတ်လျင်မြန်စွာ တည်ကြည်ခြင်း။

(၉) Being serene and cheerful= မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း။

(၁၀)Never dying in bewilderment= မတွေဝေဘဲ သေရခြင်း။

(၁၁)Being reborn in the brahma realm when dying=သေသောအခါ  ဗြဟ္မာပြည်သို့ လားရခြင်း။

Sunday, May 15, 2011

Proverbs ( စကားပုံ ဆိုရိုးများ)

(၁)     Beauty is only skin deep.
လှတာမက်တော့ ညစာခက်တယ်။ အလှအပဟာ အပေါ်ယံမျှသာဖြစ်တယ်။

(၂)     A bird in the hand is worth two in the bush.
အမေကျော် ဒွေးတော်မလွမ်းနဲ့။ လက်ရှိအချိန်လောက် သေချာတာမရှိ။ မနက်ဖြန်သည် ယနေ့လောက် မသေချာပါ။ ချုံပုပ်ထဲ့က ငှက်နှစ်ကောင်ထက် လက်ထဲက ငှက်တစ်ကောင်က ပိုတန်ဖိုးရှိပါတယ်။

(၃)     Actions speak louder than words.
အပြောမဟုတ် အလုပ်သက်သေ။ အာမရိုက်နဲ့။ လူပြောမသန် လူသန်မပြော။

(၄)     A fool and his money are soon parted.
လူမိုက်နှင့်ငွေ အတူမနေ။ အခုရ အခုကုန်။

(၅)     A friend in need is a friend indeed.
လိုအပ်တဲ့အခါ ကူညီမှ ကလျာမိတ်ကောင်းပ။ စစ်မှန်မိတ်ဆွေ လိုလျှင်နေ။ အရေးကြုံသည့်အခါ အားကိုးရမှ မိတ်ဆွေစစ်။

(၆)     A little knowledge is a dangerous thing.
မပြည့်တဲ့အိုး ဘောင်ဘင်ခပ်။

(၇)     All roads lead to Rome.
နောက်ဆုံးတော့လည်း ဒီဘူတာဆိုက်တာပါပဲ။

(၈)     All’s well that ends well.
အစကောင်းမှ အနှောင်းသေချာ။

(၉)     All that glitters is not gold.
အရောင်တောက်တိုင်းရွှေမဟုတ်ပါ။ ၀ါဝါမြင်တိုင်း ရွှေလို့မထင်လိုက်ပါနဲ့။

(၁၀)   An eye for an eye, a tooth for a tooth.
သူတစ်ပြန် ကိုယ်တစ်ပြန်။ ဘ၀တစ်ပြန် ကျားတစ်ပြန်။ ပါးရိုက်ရင် နားကိုက်။

(၁၁)   Prevention is better than cure.
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း။

(၁၂)   A penny saved is a penny earned.
တစ်ပဲစု တစ်မူးရ။ ချွေတာစုဆောင်း သူဌေးလောင်း။ ချွေချွေတာတာတို့ချမ်းသာ။

(၁၃)   A rolling stone gathers no moss.
လိမ့်နေတဲ့ကျောက်ခဲ ရေညှိမတက်။

(၁၄)   A watched pot never boils.
အိပ်မပျော်သောသူအတွက် ညတာရှည်၏။

(၁၅)   Beggars can’t be choosers.
ရှိတာလေးနဲ့ လှအောင်ဝတ်။ ရတာလေးနဲ့ ၀အောင်စား။ ရွေးလွန်းလျှင် မရ။ သွေးလွန်းလျှင် မလှ။ သူတောင်းစား ချီးဂျောင် မများနဲ့။

(၁၆)   Birds of a feather flock together.
မျိုးတူရာပေါင်း။ အသွင်တူအိမ်သူဖြစ်။ သူတော်ချင်းချင်းသတင်းလွေ့လွေ့။

(၁၇)   Charity begins at home do as I say, not as I do.
ဒါန အစ ကိုယ့်အိမ်က။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်။

(၁၈)   Curiosity killed, the cat.
စပ်စုလွန်းတော့ ဒုက္ခတွေ့။

(၁၉)   Do as I say, not as I do.
ငါပြောသလိုလုပ်။ ငါလုပ်သလိုမလုပ်နဲ့။

(၂၀)   Examine what is said, not him who speaks.
ဘာပြောသလဲဆိုတာဆန်းစစ်ပါ။ ပြောသူကို ဆန်းစစ်ဝေဖန်စရာ မလိုပါ။

Saturday, May 14, 2011

ဘယ်သူတွေ ကူညီနိုင်မလဲ


တစ်ချိန်တုန်းက ချမ်းသာတဲ့အမျိုးအနွယ်မှ ကိသာဂေါတမီဆိုတဲ့ မိန်းမပျိုငယ်လေးတစ်ရှိခဲ့ပါတယ်။ သူမ အရွယ်ရောက်လာခဲ့တဲ့အခါ  ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးလို့ နှစ်အနည်းငယ်ကြာပြီးနောက် တစ်ဦးတည်းသောသားငယ်လေး တစ်ယောက်ကို မွေးဖွားပေးခဲ့တယ်။ သူမရဲ့ သားငယ်လေးသည် တစ်နှစ်သားအရွယ်လောက် ရောက်တဲ့အချိန် ရုတ်တရက်ဆိုသလို ရောဂါဝေဒနာခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။  သောကမီးများနဲ့ မွှန်ထူနေတဲ့ ကိသာဂေါတမီဟာ သေနေတဲ့ သူမရဲ့ ကလေးငယ်လေးကို ရင်ခွင်ထဲမှာ ပွေ့ချီပြီး၊ လူတိုင်းကို သူမရဲ့ သားငယ်လေးအသက် ပြန်လည်ရှင်သန်လာနိုင်တဲ့ ဆေးကောင်းများရှိသလားဆိုတာကိုပဲ မေးမြန်းလျက်၊ တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်ခဲ့ပါတယ်။  တကယ်တော့ ဘယ်သူမှ သူမကို မကူညီနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓ၏ တပည့်သား သာဝက တစ်ပါးနဲ့ သူမ တွေ့ခဲ့ပြီးနောက်  မြတ်ဗုဒ္ဓနဲ့ တွေ့စုံဖို့ သူမကို အကြံပြုခဲ့ပါတယ်။

ကိသာဂေါသမီသည် သေနေတဲ့ သားငယ်လေးကို မြတ်ဗုဒ္ဓအထံတော်သို့ သယ်ဆောင်ခဲ့ပြီး သူမရဲ့ ဇာတ်ကြောင်းအကုန်အစင်ကို ပြောပြခဲ့တဲ့အခါ၊ မြတ်ဗုဒ္ဓကလည်း မဟာကရုဏာတရားကြီးမားစွာနဲ့ လေးလေးနက်နက် နားထောင်ခဲ့ပါတယ်။ ကိသာဂေါတမီသည် ဇာတ်ကြောင်းအကုန်အစင်ကို ပြောပြီးနောက်၊ မြတ်ဗုဒ္ဓသည် “သင့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုသာရှိတယ်” ဟု သူမကို မိန့်ကြားတော်မူခဲ့ပါတယ်။ ထိုနောက် မြတ်ဗုဒ္ဓက တစ်ခါမှ သေဖူးတဲ့သူမရှိတဲ့ မိသာစု တစ်စုဆီမှ မုန့်ညှင်းစေ့ ငါးစေ့ ငါ့ဆီသို့ သွားယူလာခဲ့ပေးပါလို့ ကိသာဂေါတမီကို ခိုင်းလိုက်ပါတယ်။

ကိသာဂေါတမီလည်း ဒီလို လူမသေဖူးတဲ့ မိသာစုကို ကြိုးပန်းရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူမ လှည့်လည်ရှာဖွေခဲ့တဲ့ မိသာစုတိုင်းသည် သေခြင်းတရားကို ရင်ဆိုင်တွေ့ကြံ ခံစားဖူးကြတယ်ဆိုတာပါပဲ။ နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓက သတ္တ၀ါအာလုံးဟာ သေခြင်းတရားနဲ့ မကင်းနိုင်ဘူး၊ သတ္တ၀ါအာလုံးဆီသို့ သေခြင်းတရာဟာ လာနေတယ် ဆိုတာကို သူမကိုယ်တိုင် ရှာဖွေသိရှိစေချင်တဲ့အရာကို ကိသာဂေါသမီသည် နားလည်းသဘောပေါက်သွားခဲ့ပါတယ်။

သေခြင်းတရာဟာ သက်ရှိသတ္တ၀ါတိုင်းအတွက် မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်တွေ့ကြုံရမယ်ဆိုတဲ့ အမှန်တရားကို လက်ခံယုံကြည့်လျက်၊ ကိသာဂေါတမီသည် သူမရဲ့ ၀မ်းနည်းပူဆွေး သောကမီဟုန်များ သိပ်မကြာခင်မှာ ပြောက်ကွယ်သွားခဲ့ပါတယ်။  သူမသည် သားငယ်လေးကို အဝေးသို့သယ်ဆောင်ပြီးနောက် မြတ်ဗုဒ္ဓ၏ တပည့်များထဲမှ တပည့်တစ်ယောက်ဖြစ်လာဖို့ မြတ်ဗုဒ္ဓအထံတော်သို့ ပြန်လာခဲ့ပါတယ်။ 

 ပထမဆုံး ဒုက္ခသစ္စာတရားထဲမှာ ဟောကြားတော်မူခဲ့တဲ့အတိုင် ဒုက္ခဝေဒနာသည် ဘ၀ရဲ့ အမှန်တရားဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ အဲဒီ ဒုက္ခဝေဒနာကို ဘယ်သူမှ ရှောင်လွဲလို့ မရဘူးဆိုတာကို မှတ်သားဖို့ မြတ်ဗုဒ္ဓက ကျနော်တို့ အားလုံးကို သြ၀ါဒပေးခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သက်ရှိသတ္တ၀ါမှန်သမျှ မဖြစ်မနေရင်ဆိုင် တွေ့ကြံကြရမည့် အချက်ကြီးသုံးချက်ရှိပါတယ်။ အဲဒါတွေကတော့ ကျနော်တို့ကိုယ်တိုင် သဘာဝနိယာမတရားဖြစ်တဲ့ မအိုပါရစေနဲ့ အိုခြင်းတရားငါတို့ဆီကိုမလာပါနဲ့လို့ တားဆီးပိတ်ပင်လို့မရပါဘူး အိုခြင်းတရားကတော့ မလွဲမသွေ ကျနော်တို့အထံ ကျရောက်လာမှာပါပဲ။ ဘယ်လောက်ပဲ အလှကုန်ပစ္စည်းတွေနဲ့ လိမ်ချယ်သနေပါစေ၊ ခေတ်ပေါ် စက်ကိရိယာတွေနဲ့ ခွဲစိတ်ကုသပြုပြင်နေပါစေ အိုခြင်းဆိုတဲ့ သဘာဝနိယာမတရားကတော့ ဟားတိုက်ရယ်မောကာ တွံတေးသိန်းတန် သီးချင်းထဲကလို ပြင်းတောင်ပြင်းသေးတယ် ဆိုပြီး မြေကြီးလက်ခတ်မလွဲ ပြေးဝင်လာမှာ မြင်ယောင်နေမိပါသေးတယ်။

 မိမိတို့ ခန္ဓာကိုယ် အိုလာသည်နဲ့အမျှ နာခြင်းဆိုတဲ့ နိယာမတရားကလည်း ကပ်လိုက်နေတာပါပဲ။ နာခြင်းတရားကတော့ အိုတဲ့သူတွေကိုမှ ရောဂါဝေဒနာများ ကပ်ရောက်ခံစားနိုင်တာမဟုတ်ပါဘူး။ အရွယ်သုံးပါးမရွေး နာခြင်းဆိုတဲ့ ရောဂါဝေဒနာကို လူတိုင်း ခံစားနေကြရတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ဆိုသလို နေ့စဉ် မြင်တွေ့နိုင်ပါတယ်။ ကမ္ဘာကြီး ခေတ်မီဖွံ့ဖြိုးတို့တက်လာသည်နဲ့ အမျှ ခေတ်ပြိုင် ရောဂါဝေဒနာများသည်လည်း မရေတွက်နိုင်အောင် တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် လူတိုင်းက နာကြင်မှု ရောဂါဝေဒနာများ မိမိတို့အထံ မလာပါရောက်ဖို့ တားဆီးပိတ်ပင်လို့ မရနိုင်ပါဘူး၊ လူတိုင်း အနည်းနဲ့အများဆိုသလို ရောဂါဝေဒနာကို ခံစားကြရမှာဖြစ်ပါတယ်။ 

သေခြင်းတရားဆိုတာကတော့ ထွေထွေထူးထူးပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ကျနော် အဓိကပြောချင်တဲ့အချက်က ကျနော်တို့တတွေ အထက်ပါ အကြောင်းတရားများနဲ့ ရင်ဆိုင်တွေ့ကြုံလာကြတဲ့အခါ ထိန့်လန့် ကြောက်ရွံ့မှုများ မဖြစ်ဖို့ အမြဲလိုအပ်လှပါတယ်။ အို၊ နာ၊ သေခြင်းဆိုတဲ့ သဘာဝနိယာမတရားများကို မိမိတို့ရဲ့ နေ့စဉ်အဖြစ်အပျက်များထဲမှ အလေ့အထတစ်ခုကဲ့သို့ ဒါမှမဟုတ် မိမိတို့ရဲ့ သူငယ်ချင်းများကဲ့သို့ သတ်မှတ်ပြီး လက်ရှိကျန်နေတဲ့ ဘ၀ခရီးကို ထိန့်လန့် ကြောက်ရွံ့မှု၊ ၀မ်းနည်းပူဆွေးမှုများမရှိဘဲ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင်း….

Friday, May 13, 2011

ကမ္ဘာ့ကုန်စည်ပြပွဲနေ့



ကမ္ဘာ့ကုန်စည်ပြပွဲနေ့ကို မေလ စနေနေ့ (မေလ ၁၄ ရက်) ဒုတိယမြောက်အပတ်ထဲမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ အဲဒီနေ့ကို ကမ္ဘာတ၀မ်း နိုင်ငံပေါင်း (၈၀)ထဲမှာ လှုပ်ရှားလုပ်ကိုင်နေတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲ အဖွဲ့က(WFTO) ဖွဲ့စည်းခဲ့ပါတယ်။ ကမ္ဘာ့ကုန်စည်ပြပွဲအဖွဲ့သည် လူပေါင်း (၁၁၀)သန်း ကိုယ်စားပြုပြီး အမျိုးမျိုးသော ကုန်သွယ်ရေး အဖွဲ့အစည်း(၃၅၀)ထဲမှ အသင်းဝင်တစ်ယောက်ကို ဂုဏ်ပြုချီးမြှင့်မှုများကိုလည်း ပြုလုပ်ပါတယ်။  ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့ဝင်များကို FT100 လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အလုပ်ဟာ ကုန်သွယ်မှုကို ရာနှုန်းပြည့် ကတိပေးပြီးသော အလုပ်ဖြစ်တဲ့အတွက်ကြောင့်ပါ။

ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့ဝင်အများစုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများနဲ့ ဆင်းရဲသော နိုင်ငံများမှ ဖြစ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် အဖွဲ့အစည်း၏ တာဝန်သည် အပြန်အလှန် ဆွေးနွေးခြင်း၊ ရိုးသားပွင့်လင်းခြင်းနဲ့ အလေးထားမှုအပေါ်မှာ အခြေခံလျက်၊ အကြီးမားဆုံးသော အစုရှယ်ယာများကို ရှာဖွေတဲ့ ကမ္ဘာ့ကုန်သွယ်မှု နည်းစနစ်ကို တိုးမြှင့်ဖို့ပဲဖြစ်ပါတယ်။  ပထမဆုံး ကမ္ဘာ့ကုန်စည်ပြပွဲနေ့ကို ၂၀၀၂ နှစ်ထဲမှာ ကျင့်ပခဲ့ပါတယ်။ 

ကမ္ဘာ့ကုန်စည်ပြပွဲနေ့ မှာ ကမ္ဘာတ၀မ်း အမျိုးမျိုးသော လှုပ်ရှာမှုများနဲ့ ပါဝင်လှုပ်ရှားကြပါတယ်။ ထိုနေ့မှာ  ကုန်စည်ပြပွဲနံနက်စာ၊ သင်တန်းပေး ဟောပြောပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ဖက်ရှင်ပြပွဲများ ပါဝင်ကြပါတယ်။ ထို့အပြင် စင်မြင့် ဈေးဆိုင်များ နဲ့ ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းကိုလည်း ရောင်းချခြင်းများကို ပြုလုပ်ကြပါတယ်။

Wednesday, May 11, 2011

Effortless English= သက်သောင့်သက်သာ အင်္ဂလိပ်စာ


Rule (4)
Hey, it is me. I hope you are feeling good and are enjoying the 7 Rules of Effortless English. Here’s rule 4. ဟေး..ငါပါ. မင်း နေကောင်းကျန်းမာပြီး၊ သက်သောင့်သက်သာအင်္ဂလိပ်စာ စည်မျဉ်း (၇)ချက်ကို သဘောကျနှစ်သက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါကတော့ စည်းမျဉ်း (၄)ဖြစ်ပါတယ်။

Fantastic!= တကယ်ကောင်းပါတယ်။
“I want to thank YOU for the excellent work you are doing. I think your lessons are fantastic!” မင်းရဲ့ ထူးချွန်တဲ့အလုပ်များအတွက်၊ မင်းကိုကျေးဇူးတင်ပါတယ်လို့ ငါပြောချင်ပါတယ်။ ငါ့အထင်တော့ မင်းရဲ့ သင်ခန်းစာများဟာ အလွန်ကောင်းပါတယ်။

Rule 4: An English Success Story= အင်္ဂလိပ်စာ အောင်မြင်မှုအတွက် စတိုရီ(ပုံပြင်)

Hyun, a student from Korea, said: ဟိယန်၊ ကိုရီယား ကျောင်းသားတစ်ယောက်က ပြောပါတယ်။
“I’m a very serious student. When studying English in Korea, I memorized 50,000 English words for a big test. Fifty Thousand! ကျနော်က အလွန်လေးနက်တည်ကြည်တဲ့ ကျောင်းသားတစ်ယောက်ပါ။ ကိုရီးယားမှာ အင်္ဂလိပ်စာကို လေ့လာခဲ့တုန်းက၊ အစမ်းစာမေးပွဲတစ်ခုအတွက် အင်္ဂလိပ်စာ စကားလုံးပေါင်း ငါးသောင်းကို ကျနော် အလွတ်ကျက်ခဲ့ပါတယ်။

My problem was– I couldn’t USE them. I could pass an English test. But I could not understand native speakers. ကျနော် ပြဿနာကတော့ ထိုစကားလုံးများကို အသုံးမချနိုင်ခဲ့ပါဘူး။ အင်္ဂလိပ်အစမ်းစာမေးပွဲကို ကျနော် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လူမျိုးများ ပြောတာကို ကျနော် နားမလည်ခဲ့ပါဘူး။


With Effortless English, I learned to instantly understand English. I learned how to automatically use vocabulary. After 6 months, I could speak easily. I didn’t need to think. ချက်ချင်းဆိုသလို အင်္ဂလိပ်စာကို နားလည်ဖို့ သက်သောင့်သက်သာ အင်္ဂလိပ်စာနဲ့   ကျနော် လေ့လာခဲ့ပါတယ်။

Thanks so much!” ကျေးဇူးအများကြီးတင်ပါတယ်။

RULE 4: Slow, Deep English Learning Is Best= နှေးနှေးနဲ့ နက်နက်နဲနဲ လေ့လာသော အင်္ဂလိပ်စာသည် အကောင်းဆုံး။

Hyun learned a lot of words in a short time. Her learning was short and shallow. That’s why she quickly forgot the words. That’s why she could not use them. ဟိယန်က အချိန်တိုအတွင်းမှာ အင်္ဂလိပ်စာ စကားလုံးများကို လေ့လာခဲ့ပါတယ်။ သူ့ရဲ့ လေ့လာမှုဟာ တိုတောင်းပြီ လေးနက်မှုမရှိပါဘူး။ ဒါကြောင့် သူ စကားလုံးများကို မြန်မြန် မေ့သွားတယ်။ ဒါကြောင့် သူ ထိုစကားလုံးများကို အသုံးမပြုနိုင်ခဲ့ပါဘူး။
The secret to speak easily is to learn every word & phrase DEEPLY. အင်္ဂလိပ်စကားကို လွယ်လွယ်ကူကူ ပြောရမဲ့ လျှိုဝှက်ချက်ကတော့ သီးသန့်စကားလုံးတိုင်းနဲ့ စကားစုများကို နက်နက်နဲနဲ လေ့လာရပါမယ်။

Its not enough to know a definition and not enough to remember for a test. You must put the word deep into your brain. အင်္ဂလိပ်စာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိရုံလေးနဲ့ မလုံလောက်ပါဘူး။ ပြီးတော့ အစမ်းစာမေးပွဲတစ်ခုအတွက် မှတ်မိရုံလောက်နဲ့လည်း မလုံးလောက်ပါဘူး။ မင်းရဲ့ မှတ်ဥာဏ်ထဲအထိ စကားလုံးကို နက်နက်နဲနဲ ထားရပါမယ်။

To speak English easily, you must repeat each lesson many times. အင်္ဂလိပ်စာကို လွယ်လွယ်ကူကူနဲ့ ပြောနိုင်ဖို့ အကြိမ်းအရေများများ သင်ခန်းစာ တစ်ခုချင်းစီကို ထပ်ခါတလဲလဲ မင်း လေ့လာရပါမယ်။
You must learn English deeply. မင်း အင်္ဂလိပ်စာကို နက်နက်နဲနဲ လေ့လာပါ။

Learn deeply, speak easily.နက်နက်နဲနဲ လေ့လာပါ၊ လွယ်လွယ်ကူကူနဲ့ အင်္ဂလိပ်စကားကို ပြောပါ။

How do you learn deeply? Easy– just repeat all lessons or listening many times. နက်နက်နဲနဲ ဘယ်လိုလေ့လာရမလဲ? လွယ်လွယ်လေးပါ- သင်ခန်းစာများအားလုံးကို ထပ်ခါတလဲလဲသာ လေ့လာပါ၊ အကြိမ်ပေါင်းများစွာ အင်္ဂလိပ် အော်ဒီယိုများကိုလည်း နားထောင်ပါ။

 For example, if you have an audio book, listen to the first chapter 30 times before you go to the second chapter. You could listen to the first chapter 3 times each day, for 10 days. ဥပမာ- မင်းမှာ အော်ဒီယို စာအုပ်ရှိရင်၊ ဒုတိယကဏ္ဍသို့ မသွားခင် ပထမဆုံး အခန်းကဏ္ဍကို အကြိမ်ရေ (၃၀)လောက်  နားထောင်ပါ။ (၁၀)ရက်ကြာကြာ တစ်နေ့စီကို (၃)ကြိမ်တိုင်တိုင် ပထမဆုံး အခန်းကဏ္ဍကို မင်း နားထောင်နိုင်တယ်။

Understanding Native Speakers= အင်္ဂလိပ်လူမျိုးများ ပြောတာကို နားလည်ခြင်း။
“My English is now much improved because of you, and also my understanding of native speakers is much better than before. So I would like to say thank you very very much!!”  အခု ကျနော်ရဲ့ အင်္ဂလိပ်စာဟာ ခင်ဗျားကြောင့် အများကြီး တိုးတက်ခဲ့ပါတယ်။ ပြီးတော့ အရင်ကထက် ပိုပြီး အင်္ဂလိပ်လူမျိုးများပြောတာကိုလည် အတော် နားလည်နေပါပြီ။ ဒါကြောင့် ခင်ဗျားကို အရမ်း…အရမ်း…. ကျေးဇူးတင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။

Deep Learning Of English Grammar= အင်္ဂလိပ်သဒ္ဒါကို နက်နက်နဲနဲ လေ့လာခြင်။

What about grammar? How do you learn it deeply, without studying grammar rules? သဒ္ဒါနည်းကရော ဘယ်လိုလဲ? သဒ္ဒါစည်းမျဉ်း စည်းကမ်းများကို မလေ့လာဘဲ နက်နက်နဲနဲ ဘယ်လိုလေ့လာရမလဲ?

I’ll tell you in the next email. နောက်ထပ် အီးမေးထဲမှာ ကျနော် ခင်ဗျားကို ပြောပြပါ့မယ်။

Have a great day! ထူးခြားကောင်းမွန်တဲ့ နေ့ရက်များရှိပါစေ…..

Tuesday, May 10, 2011

ဘဝရှင်သန်နည်းများ

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

(၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့
စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက
နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။

လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။
တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။

"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား?
သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို
ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က
ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး
ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ
ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက
အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို
ဆက်လျှောက်ကြတယ်။

ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့
စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို
ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို
ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို
ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို
ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။

လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို
လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့
စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ
သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို
သင်လိုချင်တိုင်း ရနိုင်ပါတယ်။

(၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို
ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို
ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ
နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့
အကောင်းဆုံးနည်းဖြစ်တယ်။

လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။
ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။
အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို
ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင်
အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။
အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက
အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး
ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။
သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။

အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများလက်လွတ်ချိန် နောက်ဆုံးစက္ကန့်ထိ
သင်တောင့်ခံနိုင်ရင် သင်ဟာ အောင်နိုင်သူဖြစ်တယ်။ အောင်မြင်ခြင်းဟာ
များသောအားဖြင့် နောက်ဆုံးမှရောက်လာတတ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်
ဘာပဲလုပ်လုပ် တစ်ဝက်တစ်ပျက်ကနေ ကျွန်တော်တို့ ရပ်မသွားသင့်ဘူး။
ရှောင်လွဲမသွားသင့်ဘူး။ ရှေ့ဆက်လမ်းတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ
ကြံ့ကြံ့ခံပြီး ဆက်လျှောက်သွားသင့်တယ်။ ဒါမှ နောင်တစ်ချိန်မှာ
ငါမလုပ်လိုက်ရပါလားဆိုတဲ့ နောင်တတွေ မကျန်မှာဖြစ်တယ်။

နှစ်သက်ပျော်ဘွယ်တဲ့ဘဝဆိုတာ အခက်အခဲကြားက တည်ဆောက်ထားတာဖြစ်တယ်။
အခက်အခဲဆိုတာ လူတစ်ယောက်အတွက် ဓားသွေးကျောက်ဖြစ်တယ်။ အခက်အခဲတွေကို
သင့်ရဲ့သန်မာမှု၊ သင့်ရဲ့ယုံကြည်မှုနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရင်
ရောင်ခြည်ဖြာတဲ့ဘဝကို သင်တွေ့ရပါလိမ့်မယ်။

(၃) နိုင်ချင်ရင် ရှုံးမှာကို မကြောက်နဲ့။ ရှုံးတာကိုမကြောက်မှ
နောက်ဆုံးမှာ အောင်နိုင်တာကိုရမယ်။ ရှုံးတာကိုကြောက်နေရင် နောက်ဆုံးမှာ
ရှုံးတာပဲရမယ်။

လူ့ဘဝလမ်းမှာ အန္တရာယ်အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကို
ကျွန်တော်တို့လူတိုင်း ရင်ဆိုင်ရတတ်တယ်။ အောင်နိုင်တာရှိသလို
ရှုံးနိမ့်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့ဘဝရဲ့အောင်နိုင်မှုဆိုတာ

သင့်အတွက် တန်ဘိုးရှိသော စကားလုံးများ

 
အောင်မြင်မှုရဲ့လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

(ဘင်ဂျမင်ဒစ်ဆရေလီ)

အောင်မြင်ကျော်ကြားသူဖြစ်အောင်မကြိုးစားပါနှင့်၊တန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားပါ။

(အယ်ဘတ်အိုက်စတိုင်း)


လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။
ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌
အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။

(ဟင်းရစ်အစ်ဆန်)

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
(အီစွတ်)

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား
ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဆမ်းမာဆက်မော)

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး
အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။
(လိုင်ဗွီ)




စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။
(ဆာဖရန်စစ်ဘေကွန်)

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
(လူခရီးတပ်စ်)

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)


ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။
(ဂျော့ဖရီချော်ဆာ)

Monday, May 9, 2011

မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးကိုလိုလားမှု



ကပိလ၀တ်ပြည်နှင့် ကောလိယပြည်အကြား၌ ရောဟိဏီ အမည်ရှိသော မြစ်ငယ်တစ်ခု ရှိ၏။ ထိုမြစ်ငယ်မှ စီးဆင်းသောရေကို ကန်ပေါင်ဖို့လျက် လှောင်ထားသော ဆည်ကြီးတစ်ခုလည်း ရှိလေ၏။ ကပိလ၀တ်ပြည်သား လယ်သမားများသည် လည်းကောင်း၊ ကောလိယ ပြည်သား လယ်သမားတို့သည် လည်းကောင်း ထိုဆည်မှရေကို အလျဉ်းသင့်သလို ထုတ်ယူသုံးစွဲကြမြဲ ဖြစ်၏။ ထိုနှစ်တွင်မူ မိုးခေါင်သောကြောင့် လယ်ရေ မလုံမလောက် ဖြစ်နေကြသည်။ ထိုကြောင့် နှစ်ဖက်သော လယ်သမားတို့သည် ထိုဆည်မှရေကို သူ့ဘက်ရထိုက်သည် ကိုယ့်ဘက်ရထိုက်သည်ဟု အငြင်းပွားကြကုန်၏။ လယ်သမားအချင်းချင်း အငြင်းပွားကြရာမှတစ်ဆင့် အုပ်ချုပ်သော မင်းသို့တိုင်အောင် ပြဿနာ ဆိုက်ရောက်သွားလေသည်။ လယ်ရေဝေငှမှုကိစ္စသည် မပြီးပြေသေးပေ။ နောက်ဆုံး၌ ကောလိယမင်းနှင့် ကပိလမင်းတို့ စစ်ကြေညာသည့်အဆင့်သို့ ရောက်ရှိသွားလေသည်။
ရေဟိဏီမြစ်အနီးရှိ ကွင်းပြင်တစ်ဝိုက်၌ နှစ်ဖက်သော စစ်တပ်ကြီးများ ချီတက်ရောက်ရှိနေကြလေပြီ။ တစ်ဖက်နှစ့်တစ်ဖက် အလျှော့မပေး၊ ပြေငြိမ်းရေးစကားကို မဆိုတော့ပေ။ ဓားလှံဖွေးဖွေး စစ်ရေးပြ၍သာ နေကြလေ၏။ ထိုကြောင်းကို သိတော်မူသော ဗုဒ္ဓသည် စစ်မြေပြင်သို့ တစ်ပါးတည်း ကြွရောက်လာလေ၏။ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ အေးချမ်းခြင်း အသရေတို့နှင့် ပြည့်စုံသော ဗုဒ္ဓကို ဖူးမြင်ရသောအခါ စစ်သွေးစစ်မာန် တက်ကြွလျက်ရှိသော မင်း၊ မှူးမက်၊ သေနာပတိ၊ စစ်သည် ဗိုလ်ပါတို့သည် လက်နက်အသီးသီးကို ပစ်ချကာ ဗုဒ္ဓထံသို့ အာရုံစူးစိုက်မိကြလေ၏။ ဗုဒ္ဓကို လက်စုံမြှောက်၍ ရှိခိုးဦးတင်မိကြလေ၏။ “ကပိလမင်း နှင့် ကောလိယမင်းတို့၊ သင်တို့၏ ဤစစ်ပွဲသည် အဘယ်အရာကို အကြောင်းပြု၍ ဖြစ်ပွားကြသနည်း” ဟု ဗုဒ္ဓက တည်ငြိမ်စွာ မေးမြန်းတော်မူလေ၏။ “ ရောဟိဏီမြစ်၏ ဆည်ရေကို အကြောင်းပြု၍ ဖြစ်ပွားကြပါသည် ဘုရား” ဟု နှစ်ဖက်စလုံးက လျှောက်ထားကြလေသည်။ “မင်းအပေါင်းတို့၊ ဤရေသည် မည်မျှလောက် အဖိုးထိုက်တန်ပါသနည်း၊ အတိုင်းမသိ အဖိုးထိုက်တန်ပါသလား” “အရှင်ဘုရား၊ အတန်အသင့်မျှ အဖိုးထိုက်တန်ပါသည်။ အတိုင်းမသိ အဖိုးထိုက်တန်သည်ကား မဟုတ်ပါဘုရား”  “မင်းအပေါင်းတို့ သင်တို့နှစ်ဖက်သော ခတ္တိယနွယ်ဝင် မင်းအပေါင်းတို့၏ အသက်စည်းစိမ်သည် မည်မျှလောက် အဖိုးထိုက်တန်ပါသနည်း”  “အရှင်ဘုရား၊ များစွာ အဖိုးထိုက်တန်ပါသည်။ အတိုင်းအဆ မရှိနိုင်ပါ ဘုရား”  မင်းအပေါင်းတို့၊ အဖိုးအနည်းငယ်သာလျှင် ထိုက်တန်သော ရောဟိဏီ ဆည်ချောင်းရေကို အကြောင်းပြု၍ အတိုင်းအဆမရှိ အဖိုးထိုက်တန်သော သင်တို့၏ အသက်စည်းစိမ်ကို အဘယ်ကြောင့် ဖျက်ဆီးပစ်ချင်ကြကုန်သနည်း။ ခိုက်ရန်ဖြစ်ပွားခြင်းသည် စိုးစဉ်းမျှအကျိုးမရှိပေ” ဟု ဟောကြားတော်မူလေသည်။

Sunday, May 8, 2011

ငါ့လိုရဟန္တာမဟုတ်သေးနှင့်ဥရုဝေလမိတ္တူများ



ထိုအခါ မြတ်စွာဘုရားအား “ဤအချည်းနှီးသော ယောက်ျားအား 'ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊(သို့ရာတွင်) ငါကဲ့သို့ရဟန္တာကား မဟုတ်သည်သာတည်း' ဟု အကြံဖြစ်နေသည်မှာကား ကြာမြင့်လှပေပြီ၊ ငါသည် ဥရုဝေလကဿပရသေ့ကို ထိတ်လန့်စေရပါမူကောင်းလေစွ ”ဟု အကြံဖြစ်တော်မူ၏၊
(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)

(၁)
ဥရုဝေလတောအုပ်လေးဆီသို့ ချဉ်းကပ်မိတိုင်း အသိဉာဏ်အလင်းရှာဖွေရင်း ခြောက်နှစ်တာမှောင်ပိန်းခဲ့ရရှာ သည့် သိဒ္ဓတ္ထအရှင်၏ နေ့ရက်များအတွက် ကိုယ်စားနာကျင်မိတတ်ပါသေးသည်။ တစ်လောကလုံးလင်းဖို့ တစ်ကိုယ်တော် မှောင်ခဲ့ရရှာလေသည့် အရှင့်သားသိဒ္ဓတ္ထ ။ အမှောင်ထဲမှာ ခြေဖျားထောက်ထောက်စမ်းရင်း နောက်ဆုံးတော့ အလင်းတွေ့သွားခဲ့လေသည်။ သည်လိုဆိုတော့လည်း သူက နေရဉ္ဇရာကမ်းမှာ ရပ်ရင်း ဓမ္မပီတိဖြင့် ကြည်နူးမိပြန်သေးသည်။ ဗောဓိညောင်ရွက်လေတိုးသံသည်ပင် သစ္စာဆည်းလည်းသံ ပဲ့တင်နေ တတ်လေသည်ပဲ။

ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ ရောက်လေတိုင်း အခါအခွင့်သင့်သည့်အခါ ဗုဒ္ဓဂယာမှ ကီလိုမီတာအနည်းငယ်ကွာ ဝေးသည့် ဥရုဝေလတောအုပ်လေးသို့ ရောက်တတ်မြဲပင်ဖြစ်ပါသည်။ သူ့အတွက်တော့ သိဒ္ဓတ္ထအရှင်၏ သစ္စာအလင်းမတွေ့မီနှင့် သစ္စာအလင်းထွန်းညှိစဉ်ကာလများဖြင့် သမိုင်းအရည်ရွှမ်းသော ဥရုဝေလသည် နေရဉ္ဇရာမြစ်ကမ်းပါးတွင် ကိုက်ဖဲ့ချင်စရာမှဲ့ဝင်းနေတတ်သည်။


တကယ်ဆိုတော့ ဥရုဝေလသည် ရာသီပြောင်းသက္ကရာဇ်တို့၏ တိုက်စားမှုဖြင့် စိမ်းညို့စွပ်စိုမှုတို့ မရှိတော့။ ထီးတည်းကျောက်စရစ်ကုန်းခေါင်ခေါင်များသည်ပင် ဥရုဝေလ၏ စွဲမက်ဖွယ်အာရုံဖြစ်သည်။ မဒမ်သုဇာတာ နို့ဂဏာဆွမ်းကပ်လှူသည့် နေရဉ္ဇရာမြစ်ကမ်းပါးဆီက လှမ်းမျှော် ကြည့်ရသော ဥရုဝေလသည် သူ့ခြေလှမ်း များကို ရှေ့တိုးလာစေရန်ဆွဲဆောင်နိုင်ဆဲပင်ဖြစ်သည်။

ဥရုဝေလသည် သူ့အတွက် လောကကို နားလည်စေသော သင်ရိုးများဖြင့် စောင့်နေတတ်လေသည်၊ ဥရုဝေလ တောင်ကုန်းလေးပေါ်တွင် ရပ်ကာ နေရဉ္ဇရာမြစ်နှင့် ဂယာကွင်းပြင်ကျယ်ကြီးကို စီးမိုးကြည့်မိတိုင်း ရသေ့ကြီး တစ်ပါး၏ နေမျိုးဆေးကောက်ကြောင်းများကို သူမြင်နေတတ်ပါသည်။ တစ်ခါတစ်ရံမှာတော့ ရသေ့ကြီး၏ ဟန်ပန်အမူအရာများက အော်ပီကျယ်၏ ကာတွန်းပြကွက်ကို ရှုမှတ်လိုက်ရသလိုမျိုး ပြုံးမိရသေး၏။ “ရဟန်းကြီး ဂေါတမကား တန်ခိုးတော့ ကြီးပါပေ၏၊ငါ့လိုတော့ ရဟန္တာမဟုတ် သေးတကား”တဲ့။ အော် ဖြစ်မှဖြစ်ရလေ၊

သူ၊သူ့ပတ်ဝန်းကျင်နှင့် သူနေထိုင်လျက်ရှိသော ကမ္ဘာမြေ၏ ထောင့်ချိုးကအသက်ရှူသံများသည်လည်း ရသေ့ကြီး၏ စကားကို သံယောင်လိုက်ကာ နောက်ကျကျန်ရစ်ခဲ့တတ်ကြလေသည်ပဲ မဟုတ်လား၊ သည်သို့ ဖြင့်သာ ရထားများတစ်စီး ပြီးတစ်စီးထွက်ခွာသွားခဲ့ကြသည်။ သံသရာဟု အမည်ပေးထားသော ဘူတာရုံအို လေးထဲမှာ သူနှင့်အတူ မနိုင်မနင်းအထုပ်အပိုးများ ကျန်ရစ်တတ်မြဲပင်။ ၀ယ်ယူထားမိသည့် ရထား လက်မှတ်က ရီဖန်းဒ်(Refund)ပြန် ထုတ်ယူလို့ မရနိုင်အောင် ရက်လွန်ပုပ်ဆွေးနေခဲ့ပြီ။

(၂)

ရသေ့ကြီး၏ အမည်အပြည့်အစုံက ဥရုဝေလကဿပဖြစ်သည်၊ ရသေ့ကြီးက ဥရုဝေလတောအုပ်တွင် အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်သည်။ သို့သော် ညီနောင်သုံးပါးက သီးခြားစီနေကြသည်။ ဥရုဝေလကဿပက ရသေ့ငါးရာ၊နဒီကဿပက ရသေ့သုံးရာ၊ ဂယာကဿပက ရသေ့နှစ်ရာကို လောကုတ္တရာ အရေးအတွက် ထိန်းကျောင်းပေးနေကြသည်။ ဗုဒ္ဓအရှင်က သစ္စာလေးပါးတရားနှင့် အနတ္တဒေသနာကို ဗာရာဏသီ မိဂဒါဝုန်မှာ ကြေငြာတော်မူပြီးသည်နှင့် နေရာဟောင်းဖြစ်သည့် ဥရုဝေလတောအုပ်လေးဆီ ပြန်လည်ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။

ဥရုဝေလကဿပသည် ဗုဒ္ဓအရှင် ဥရုဝေလတောအုပ်လေးသို့ ကြွလာရခြင်း၏ အဓိကပစ်မှတ်ဖြစ်သည်။ ဥရုဝေလကဿပရသေ့ကြီးပျော်မွေ့ရာ ရသေ့ငါးရာဖြင့် ပြည့်နေသည့် ကျောင်းသင်္ခန်းများထဲ ဗုဒ္ဓအရှင်အတွက် သီတင်းသုံး နားခိုဖွယ်ရာ နေရာလွတ်မရှိ၊ သို့သော် ဗုဒ္ဓအရှင်က ဥရုဝေလကဿပနှင့် အနီးကပ်နေထိုင်ရန် ပိုင်းဖြတ်တော်မူပြီးဖြစ်သည်။ “နေစရာကျောင်းသင်္ခန်းမရှိရင်လည်း လွတ်နေတဲ့ မီးဖိုချောင်လေးမှာ နေပါရစေ”တဲ့။ သာသနာပြုလမ်းပြရာတွင် နုံချာသောမီးဖိုချောင်လေးသို့လည်း ကျောင်းဝိဟာအမှတ်ဖြင့် ဗုဒ္ဓအရှင် ၀င်ရောက်စံပျော်ရပါလိမ့်မည်။ မီးဖိုချောင်းလေးတွင် ဗုဒ္ဓအရှင်၏ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းရန် အရင်းအမြစ်က ရှိနေခဲ့ပါသည်။ မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ်ဇုံ...။


ဥရုဝေလကဿပရသေ့ကြီးက မူရင်းစိတ်ကောင်းလေးရှိသော ပုထုဇဉ်။ ဗုဒ္ဓအရှင်ကို တားရှာပါသေးသည်။ သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့သည်။ ထိုညက ဥရုဝေလကဿပအပါအ၀င် ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြသေးသည်။ ရသေ့တို့အမြင်တွင် ဗုဒ္ဓအရှင်က သာမန်လူချော လူလှ ရဟန်းကြီးဂေါတမသာဖြစ်သည်။
အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!