အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Thursday, June 7, 2012

ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ


တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)

Sunday, June 3, 2012

ကိုယ်ကျင့်တရား နေ့တိုင်းပွားက၊ သူ ငါ့ နှစ်ဖြာ ချမ်းသာသာ

မြတ်စွာဘုရားရှင် သာသနာမှာ ကျင့်ရမယ့် အကျင့်သုံးမျိုး ( သို့မဟုတ်) သိက္ခာသုံးပါး ရှိပါတယ်၊ သီလသိက္ခာ သမာဓိသိက္ခာနဲ့ ပညာ သိက္ခာတို့ပဲဖြစ်ပါတယ်၊ အဲဒီအထဲမှာ သီလဟာ သိက္ခာသုံးရပ်မှာ အခြေခံ အကျဆုံးဖြစ်သလို ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာကုသိုလ်လို့ ခေါ်တဲ့ ကုသိုလ်အားလုံးရဲ့ အစ မူလ ပဓာနလဲ ဖြစ်ပါတယ်၊ နောက်သိက္ခာနှစ်ပါးကို ဖြည့်ကျင့်လိုတယ်ဆိုရင် သီလသိက္ခာကို အရင်ဖြည့်ကျင့်ရပါတယ်၊ ဘုရားရှင်ရဲ့ တရားတော်တွေမှာတော့ သီလေ ပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယေ- ဆိုပြီး မိန့်တော်မူပါတယ်၊ သီလမှာ အခြေခံပြီး သမာဓိနဲ့ ပညာကိုပွားများကျင့်ရင် စိတ်အရှုပ်တွေကို ရှင်းလင်းနိုင်မယ်လို့ ဆိုလိုတာပါ၊ အများသိနေတဲ့ သီလအကြောင်းကိုပဲ မိမိနားလည်သလို ပြောပြချင်ပါတယ်၊

 တကယ်တော့ သီလဆိုတာ ကိုယ်နှုတ် အမူအရာတွေနဲ့ မကောင်းမှု ဒုစရိုက်မလွန်ကျူးမိအောင် ကောင်းစွာထားခြင်း စောင့်ထိန်းခြင်းကို သီလလို့ ခေါ်ဆိုတာပါ၊ ခြင် ကြမ်းပိုးစတဲ့ သတ္တ၀ါ အငယ်လေးတွေက စလို့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ အသက်ကို မသတ်တာ၊ လူများပစ္စည်းကို ပိုင်ရှင်မပေးဘဲ ပိုင်ရှင်မသိအောင် မခိုးယူတာ၊ သူတစ်ပါး သားမယားကို မပြစ်မှားတာ၊ မဟုတ် မမှန်တဲ့စကား အကျိုးမရှိတဲ့စကား ကြမ်းတမ်းတဲ့စကား ညီညွတ်နေသူတွေကို ကွဲပြားအောင် ကုန်းတိုက်တဲ့စကား စတာတွေကို မပြောမဆိုတာ၊ သေရည် အရက် မူးယစ်ဆေးဝါးကို မမှီဝဲ မသုံးဆောင်ဘဲ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားတာဟာ သီလပါ၊

 စောင့်စောင့်စည်းစည်းနေတော့ သူ့အသက်သတ်ဖြတ်တာ ထိခိုက်နာကြင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စားမူးရစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက် ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာနေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ်လိုအပ်လှတယ်. ဒီလို ကောင်းကောင်းထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလဲ တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ၊

မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေကို ဒုစရိုက်မလွန်ကျူးမိစေဘဲ ကောင်းကောင်းမွန်မွန် စောင့်ထိန်းတဲ့သူဟာ ကောင်းမှုကုသိုလ်တွေ(ကောင်းတာတွေ)ကို ဆင့်ကာ မြှင့်ကာ ကြိုးစားပြုလုပ်လာမှာ သေချာလှပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလံ အာဒိမှိ ကလျာဏံ- ကောင်းမှုအားလုံးရဲ့ အစဟာ သီလပဲလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်၊
သီလရဲ့ အဓိကဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရားဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊

တကယ့်တော့ လက်တွေ့ပြုကျင့်ရမယ့် စာရိတ္တသီလ လို့ခေါ်တဲ့ မိဘကျင့်ဝတ် ဆရာ့ကျင့်ဝတ် လင့်ကျင့်ဝတ် မယားကျင့်ဝတ် တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်တွေ ကျေပွန်သူကို လူတိုင်းက ကဲ့ရဲ့ ပစ်တင် ပြောဆိုခြင်းမရှိသလို ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူ ကိုယ့်ကျင့်တ၇ားနဲ့ပြည့်စုံ လို့ လေးစား ချီးကျူး ပြောဆိုကြမှာ သေချာပါတယ်၊ ဒီလို ချီးကျူးပြောဆိုခြင်းကို သီလရဲ့ ရသ အဖြစ် မှတ်သားနိုင်ပါတယ်၊သီလကို ပြည့်ပြည့်၀၀ စင်စင်ကြယ်ကြယ် စောင့်ထိန်းသူဟာ ကိုယ့်ရဲ့ စင်ကြယ်တဲ့သီလကို သတိရတိုင်း ဆင်ခြင်တွေးမိတိုင်း ၀မ်းမြောက် ၀မ်းသာဖြစ်ရ သလို သီလစောင့်ထိန်းနေစဉ်လဲ လောဘ ဒေါသ စတဲ့ စိတ်ညစ်ညူးစရာတွေ ၀င်မလာအောင် အတတ်နိုင်ဆုံး စောင့်စည်းတားမြစ်တာဖြစ်လို့ စိတ်နှလုံးကြည်ရွှင် အေးမြ လန်းဆန်းရပါတယ်၊ ဒုစရိုက်အမှုကို မလွန်ကျူးဘဲ ကိုယ်တွေ နှုတ်တွေကို ကောင်းစွာ စောင့်ထိန်းထားသူဟာ တရားအားထုတ်စဉ်မှာလဲ မိမိရဲ့ စင်ကြယ်တဲ့ အပြစ်ကင်းတဲ့ ကိုယ်နှုတ်အမူတွေဟာ ဥာဏ်မှာထင်လာပြီး တ၇ားဘာဝနာ ရှုမှတ်ရာမှာ အလွန်ထိရောက်တာကို တွေ့ရပါတယ်၊

ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ်အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊

ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်းဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ရပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်းကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြားနားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊
 

သူတစ်ပါးကို လိမ်လိမ်လှည့်ဖျား မဟုတ်တာပြော မိဘဆရာတွေရဲ့ စကားကို နားမထောင် မိဘတွေကို စိတ်ဆင်းရဲအောင်လုပ် ကျောင်းပြေး ကျူရှင်ပြေး စတာတွေဟာ
အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!