အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Tuesday, June 14, 2011

ဘာသာရေး ပဋိပက္ခ

လောက၌ လူအမျိုးမျိုး ရှိကြသလို၊ ထိုလူများရဲ့ စိတ်နေသဘော သဘာဝများသည်လည်း ကွဲပြားကြသည်။ စိတ်နေသဘာဝကွဲပြားသလောက် လူတို့ရဲ့ပြဿနာများသည်လည်း အမျိုးမျိုးကွဲပြားကြပြန်သည်။ ထိုပြဿနာများထဲမှာ လူမှုရေး ပြဿနာအများစုသည်လည်း ဘာသာရေး ပဋိပက္ခများထဲသို့ အကျုံးဝင်လာပါတယ်။ တကယ်တော့ ဘာသာရေးသည် ထိုပဋိပက္ခများရဲ့ အကြောင်းခံဖြစ်၏။ ဘာသာရေး၏ ရည်ရွယ်ချက်သည် လူလူချင်းစာနာသော အရည်အသွေးကောင်းများကို ထူထောင်ဖို့၊ စည်းလုံးညီညွတ်မှု နှင့် သဟဇာတဖြစ်သော ဘ၀ကို ဖွံ့ဖြိုးတိုးတတ်ဖို့ လူသားများကို လမ်းညွှန်ဖို့ပဲဖြစ်ပါတယ်။ သို့သော်လည်း အခုခေတ်မှာ မနာလိုဝန်တိုမှု၊ လူလူချင်း နှိမ့်ချမှု နှင့် ရန်လိုမှုကို ဖွံ့ဖြိုးတိုးတတ်ဖို့ အခြား ဘာသာများကို ဆန့်ကျင်လျက် ဘာသာရေးကို ခွဲခြားဆက်ဆံလေ့ရှိနေပါတယ်။ လူများသည် ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ရန် ဘာသာရေးကို အမှန်တကယ် အသုံးပြုနေကြတာ မဟုတ်ဘဲ ဘ၀င်မြင့်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်များကို ဖန်တီးဖို့သာ အသုံးပြုနေကြ၏။ ကမ္ဘာ့ တစ်စိတ်တဒေသ နေရာများထဲမှာ ရန်လိုတဲ့ သဘောထားဖြင့် ခိုက်ရန်ဖြစ်ပွာစေတတ်သော ဘာသာရေး ပြိုင်ပွဲများက သွေးထွက်သံယိုမှု၊ သေကျေဒဏ်ရာရမှုများကို ဖန်တီးဖူးကြ၏။ ယနေ့ခေတ်မှာလည်း အချို့သောသူများသည် ဘာသာတရားကို ခုတုံးလုပ်လျက် မိမိတို့ရဲ့ ဂုဏ်ထူးရာသိမ်၊ အာဏာ ပါဝါ များ ရရှိရေး၊ တည်တန့်ရေးတွက် တလွဲအသုံးချနေကြပါတယ်။
ဘာသာရေး ခေါင်းဆောင်များသည် အခြားသော ဘာသာယုံကြည်မှု နှင့် ဓလေ့ ထုံးစံများကို ပြက်ရယ်ပြုလျက် သူတို့၏ တန်ဖိုးရှိသော ဘာသာရေး ဓလေ့ ထုံးစံများ၏ အစိတ်အပိုင်းကဲ့သို့ ကိုယ်ပိုင် ယုံကြည်မှုများကို ချီးမွမ်းပြောဆိုသော ပြစ်မှုကို ကျူးလွန်နေကြ၏။ မိမိဘာသာတရား ကောင်းစားရေးတွက် အခြားသော ဘာသာတရားများကို ရှုတ်ချခြင်းသည် မြင့်မြတ်သော ဘာသာတရားရဲ့ ကျင့်ထုံး ကျင့်နည်းတစ်ခု မဟုတ်ပါဘူး။ တစ်ဖန် အခြားသော ဘာသာတရားများက မိမိဘာသာတရားကို ရိုင်းပြစော်ကားလာတဲ့အခါ ပြန်လည်၍ လက်တုန့်ပြန် ရိုင်းပြစော်ကာခြင်းသည်လည်း မြင့်မြတ်တဲ့ ဘာသာတရားရဲ့ ကျင့်ထုံးကျင့်နည်းတစ်ခု မဟုတ်ပါဘူး။ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်တော်ထဲမှာ “ ချစ်သားတို့ အခြားသော ဘာသာတရားများက မိမိတို့ရဲ့ ဘာသာတရားကို ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ အပြစ်တင်ဝေဖန်ခြင်း နှင့် ရိုင်းပြစော်ကားခြင်းများ ပြုလုပ်လာကြတဲ့အခါ အမြတ်ဒေါသဖြစ်ခြင်း၊ ပြန်လည်၍ အခြားသော ဘာသာတရားကို ရိုင်းပြစော်ကားခြင်း မပြုလုပ်ကြနဲ့ ထိုကဲ့သို့ ပြုမူမိမယ်ဆိုရင်

Sunday, June 12, 2011

ချီးမွမ်းခြင်း နှင့် အပြစ်တင်ခြင်း

ချီမွမ်းခြင်း နှင့် အပြစ်တင်ခြင်းတို့သည် လူကို အကျိုးသက်ရောက်စေတဲ့ လောကီဆိုင်ရာ အခြေနေများဖြစ်ကြပါတယ်။ အပြစ်တင်ခံရတဲ့အခါ စိတ်မချမ်းသာခြင်း၊ စိတ်ဆင်းရဲခြင်း နှင့် ချီးမွမ်းခံရတဲ့အခါ ပျော်ရွှင်ကြည်နူးရခြင်းတို့သည် လူများရဲ့ သဘာဝနိယာမများဖြစ်ကြ၏။ “ပညာရှိများသည် ချီးမွမ်းခြင်းနှင့် အပြစ်တင်ခြင်းများကြားထဲတွင် စိတ်မချမ်းသာဖြစ်ခြင်းနှင့် ၀မ်းသာပီတိဖြစ်ခြင်းတို့ကို ထုတ်ဖော်ပြသလေ့မရှိ” ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူပါတယ်။ လေတိုက်တဲ့အခါ မတုန်မလှုပ် ခိုင်မာတဲ့ ကျောက်တုံးကဲ့သို့ ပညာရှိများသည် ရွေ့လျားမှုမရှိဘဲ မားမားမက်မက်ရပ်တည်ကြပါတယ်။ ထိုက်တန်သော ချီးမွမ်းခြင်းသည် နားထဲမှာ ချိုမြိန်နေပြီး မထိုက်တန်သော ချီးမွမ်းခြင်းသည် နားထဲမှာ ချိုမြိန်သော်လည်း မြှေက်ပင့်ပြောဆိုနေသကဲ့သို့ လိမ်လည်လှည့်ဖြားမှုများပါဝင်နေပါတယ်။ ဒါပေမယ့် ထိုအရာများ အားလုံးသည် လူများရဲ့ နားဆီသို့ ရောက်မလာရင် ဘယ်လို အကျိုးရလဒ်ကိုမှ ဖြစ်စေမှာမဟုတ်တဲ့ အသံများသာ ဖြစ်ကြ၏။

လောကရေးရာ ရှုထောင့်အရ ချီးမွမ်းစကား တစ်ခွန်းသည် လူများအတွက် ခွန်အားဖြစ်၍၊ ကိစ္စတစ်ခုကိုလည်း ခရီးပေါက်ရောက်စေပါတယ်။ ချီးမွမ်းစကား အနည်းငယ် ပြောဆိုခြင်းဖြင့်၊ အကူညီတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရရှိနိုင်ပါတယ်။ speaker တစ်ယောက်သည် စကားမပြောခင်၊ ပရိသတ်ကို ဆွဲဆောင်ဖို့ နူးညံ့၊ သိမ်မွေ့၊ ကောင်းမွန်တဲ့ ချီမွမ်းစကားတစ်ခွန်းနဲ့တင် လုံလောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ နူးညံ့သိမ်မွေ့တဲ့ ချီးမွမ်းစကားတစ်ခွန်သည် မာကျောတဲ့ နှလုံးသားများကိုတောင် အရည်ပျော်စေနိုင်ပါတယ်။ အစမှာ ပရိသတ်ကို ချီးမွမ်းစကားပြောမယ်ဆိုရင်၊ ပရိသတ်သည် သူ့ပေါ်မှာ အာရုံစူးစိုက်လာပါလိမ့်မယ်။ ထိုကဲ့သို့မဟုတ်ဘဲ အစကတည်းက ပရိသတ်ကို ဝေဖန်အပြစ်တင်နေရင်၊ ပရိသတ်က အာရုံစူးစိုက်လာမှာမဟုတ်သလို speaker ရဲ့ ပြောဆိုချက်ကိုလည်း သဘောကျလက်သင့်ခံမှာလည်းမဟုတ်ပါဘူး။
ဒါပေမယ့် ဗဟုသုတကြွယ်ဝပြီး အကြောင်းအကျိုးကို ရှုမြင်သုံးသပ်တတ်တဲ့ သူများကတော့ လူမှုရေးအရ မလွှဲသာလို့ မြှောက်ပင့်ပြောဆိုခြင်းကို ကျင့်သုံးမှုမရှိကြသလို၊ အမှားကိုလည်း အမှားတိုင်းလက်ခံယူဆဖို့ ဆန္ဒမရှိကြပါဘူး။ မနာလို ၀န်တိုမှုမရှိဘဲ ချီးမွမ်းထိုက်သောသူကို ချီးမွမ်းစကားဆိုခြင်း၊ အမှားများကို ပြုပြင်ပြောင်းလဲလိုသော စိတ်ဆန္ဒဖြင့် သနားကြင်နာမှုမပါဘဲ အပြစ်တင်ထိုက်သူကို ပြင်းထန်စွာပြစ်တင်ဝေဖန်ခြင်းကို ပြုလုပ်ကြပါတယ်။ တကယ်တော့ ကျွတော်တို့ဆီဆိုက်ရောက်လာတဲ့ ဘယ်လိုဝေဖန်မှုမျိုးကိုမဆို နွေးထွေးစွာ လက်ကမ်းကြိုဆိုသင့်ပါတယ်။ အကြောင်းကတော့

Wednesday, June 8, 2011

ဲ့ပြဿနာများကို ဘယ်လိုရင်ဆိုင်ကြမလဲ


ပြဿနာများကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ သူများသည် စိုးရိမ်မှုများကို ပိုမိုဖန်တီတက်ကြပါတယ်။ သူတို့ရဲ့ မိသားစုအသိုင်းအ၀ိုင်းထဲမှာ နားလည်မှုလွဲခြင်း၊ သဘောထားကွဲလွဲခြင်းများ ဖြစ်ပွားလာတဲ့အခါ၊ သူတို့သည် ဘ၀ကို ပိုမိုစိတ်ပျက်အောင် ပြုလုပ်လေ့ရှိပါတယ်။ တခါတရံမှာ အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများ နှင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများလည်း ဖြစ်ပျက်လေ့ရှိနေကြပါတယ်။ အဲဒါကြောင့် လောကလူသား ဘ၀ထဲမှာ အားရကျေးနပ် ပြည့်ဝမှုများ ဘယ်နေရာမှာရှိပါသလဲ။
ဒီနေ့ခေတ် လူများသည် သူတို့ရဲ့ စား၊ ၀တ်၊ နေရေးများတွက် စီမံခန့်ခွဲခြင်း၊ ရှာဖွေလုပ်ကိုင်ခြင်း နှင့် သူတို့ရဲ့ တာဝန်ဝတ္တရားများကို ဖြည့်စည်းခြင်းကဲ့သို့သော နေ့စဉ် ဘ၀ အသက်ရှင်နေထိုင်ခြင်းတွက် ၀င်ငွေ ပိုမိုလိုအပ်ရုံသာမက၊ သူတို့ရဲ့ ကာမဂုဏ်အာရုံနဲ့ပတ်သက်တဲ့ ဇိမ်ခံမှု တိုးမြှင့်လာခြင်း ကဲ့သို့သော ဘ၀နေနည်း နည်းလမ်းတစ်ခုကိုလည်း ဖွဲစည်းထားမှုဆိုတာကိုလည်း လိုအပ်ကြပါတယ်။ အဲဒါကတော့ ပြိုင်ပွဲအမျိုးအစား တစ်ခု ဖြစ်လာပါတယ်။
လူများသည် သူတို့ရဲ့ တာဝန် နှင့် ၀တ္တရားများထက် ကာမဂုဏ်အာရုံပေါ်မှာ ပိုမို အာရုံစူးစိုက်လေ့ရှိကြပါတယ်။ ကာမဂုဏ်ဆိုသည်မှာ လူများနားလည်ထားတဲ့ အရာတစ်ခုတည်းကိုပဲ မယူဆစေခြင်ပါဘူး။ “ကာမ” ဆိုသည်မှာ အရာဝတ္ထုတစ်ခုခုပေါ်မှာ လိုချင်မှု၊ နှစ်သက်မှု၊ လိုလားတောင်းတမှုကိုဆိုလိုပါတယ်။ “ဂုဏ်” ဆိုတာကတော့ လိုချင်စရာကောင်းတဲ့အရာ၊ စွဲမက်စရာကောင်းတဲ့အရာ၊ လိုလားတောင်းတမှုကို စွဲဆောင်တဲ့အရာပဲဖြစ်ပါတယ်။
“ကာမဂုဏ်” ဆိုတာ နှစ်သက်ဖွယ်ကောင်းတဲ့ ဂုဏ်ဒြပ်တွေ၊ အရာဝတ္ထုတွေပေါ်မှာ လိုချင်မှု၊ နှစ်သက်မှု ဖြစ်တယ်ဆိုတာကို ဆိုလိုတာပါ။ လောကလူသားတို့ ပြောဆိုနေကြတဲ့ ဂုဏ်ရှိမှ တင့်တယ်မယ်။
 ဂုဏ်ရှိမှ လူရာဝင်မယ်ဆိုတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုချင်မှု၊ နှစ်သက်မှုတွေကြောင့်ပဲ လူတွေဟာ အဲဒီ နှစ်သက်စရာကောင်းတဲ့ ဂုဏ်တွေနောက်ကို တမ်းတမ်းတတ အငမ်းမရ လိုက်နေကြတာဖြစ်ပါတယ်။  အချို့သူများသည် လက်ရှိအခြေအနေမှာ ပြည့်ပြည့်စုံစုံရှိနေသထက် ပိုမို ပြီးပြည့်စုံနေသော်လည်း၊ သူတို့ရဲ့ ရည်ရှည် အနာဂတ်နဲ့ပတ်သက်လို့ စိုးရိမ်းမှုများဖြင့် သူတို့ရဲ့ မရောင့်ရဲ မတင်းတိမ်မှုများကို ဆက်လက်ကျွေးမွေးနေကြပါတယ်။ လူများသည် သူတို့ရဲ့ အိုခြင်း၊ နာခြင်း နှင့် သေခြင်းတရားနဲ့ပတ်သက်လို့ ထိပ်လန့်တုန်လှုပ်ကြသလို၊ သူတို့ရဲ့ တမလွန်ဘ၀မှာလည်း ငရဲသွားရလိမ့်မလား၊ နတ်ပြည်သွားရလိမ့်မလားဆိုပြီးတော့ စိုးရိမ်ထိပ်လန့်နေကြပါတယ်။
နေ့တိုင်းဆိုသလို လူများသည် သူတို့ရဲ့ ဘ၀ထဲမှာ မရောင့်ရဲမတင်းတိမ်မှုများနဲ့ တွေ့ကြုံနေကြရပြီး၊ ဘ၀တစ်လျှောက်လုံး သူတို့ရဲ့ ပြဿနာများ၊ မရောင့်ရဲ မတင်းတိမ်မှုများကို အဆုံးသက်ဖို့ ကုစားမှုတစ်ခုကို ရှာဖွေလျှက် ဟိုပြေးလိုက်ရ၊ ဒီပြေးလိုက်ရ လုပ်နေကြပါတယ်။ လူများသည် သူတို့ သေသွားသည့်တိုင်အောင် ပျော်ရွှင်ငြိမ်းချမ်းမှုကို ဆက်လက်ရှာဖွေနေကြပါတယ်။ ဒါပေမယ့် တကယ့်အစစ်အမှန် ပျော်ရွှင်ငြိမ်းချမ်းမှု အဖြေကိုတော့ မတွေ့ရှိကြပါဘူး။ ဒီလိုနဲ့ပဲ လူတွေဟာ ဘ၀ကို အဆုံးသက်သွားနေကြပါတယ်။ လူများသည် သူတို့ အိုလာပြီဆိုတာ ခံစားသိရှိခဲ့တဲ့အခါ စိုးရိမ်ကြတယ်။ သူတို့ လိုချင်တာမရတဲ့အခါ စိုးရိမ်ကြတယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာများ ဆုံးရှုံးတဲ့အခါ စိုးရိမ်ကြတယ်။ ပြီးတော့ သူတို့ ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်များ ဆုံးရှုံးရတဲ့အခါ စိုးရိမ်မှုများဖြစ်တက်ကြပါတယ်။ အဲဒါတွေဟာ စိတ်ပျက်စရာ၊ စိတ်ဝေဒနာများဆီသို့ ဦးတည်ပေးနေပါတယ်။ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်မှုများထိတောင် ဖြစ်ပွားကောင်းဖြစ်ပွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘ၀ရဲ့ တကယ့်အစစ်အမှန် သဘောသဘာဝကို မသိရှိကြပါဘူး။ ဒါပေမယ့် ဘယ်လို အနှောက်အယှက်များ၊ ဘယ်လို ပြောင်းလဲမှုများကိုမှ ထိတွေ့ မရင်ဆိုင်ဘဲ ဘ၀ကို ထိန်းသိမ်းဖို့ ကြိုးစားနေကြပါတယ်။
ဘ၀က အမြဲတမ်း ပြောင်းလွဲနေပြီး၊ အမြဲတမ်းပြောင်းလွဲနေတဲ့ စွမ်းအင်များ နှင့် အခြေခံသဘောတရားများ၏ ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ဘ၀နှင့်အညီ ဘယ်လိုအခြေနေမျိုးမှာမှ အမြဲဖြစ်တည်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘ၀ဟာ ဘက်လိုက်မှုမရှိဘူးဆိုတာ ကျွန်တော်တို့ ခံစားမိမှာပါ။ အခြေခံသဘောတရားများ၊ စွမ်းအင်များ ညီမျှမှုမရှိတဲ့အခါ၊ ကျွန်တော်တို့သည် စိုးရိမ်ပူပန်ခြင်း၊ ဖျားနာခြင်း၊ ဝေဒနာခံစားရခြင်း နှင့် အခြားသော ပြဿနာများကို တွေ့ကြုံရပါတယ်။ အချိန်ကာလ အတားအဆီးမရှိ ကျော်လွန်နေတယ်လို့ ခံစားမိလျင် ထိုစိတ်ပိုင်းဆိုင်ရာ ပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကဲ့သို့ သူတို့ကိုယ်တိုင် အလိုလျောက် ပေါ်လာတက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကိုယ်အင်္ဂါအဖွဲ့အစည်းများနှင့် အကျိတ်များဟာလည်း သူတို့ရဲ့ ပုံမှန် လည်ပတ်ခြင်းကို ပြောင်လွဲနေပါတယ်။ ပြီးတော့ သွေးလှည့်ပတ်မှု၊ နှလုံးခုန်မှု နှင့် ဦးနှောက် ကလာပ်စည်းများကို အကျိုးသက်ရောက်မှုရှိစေပါတယ်။
 ယနေ့ လူအတော်များများသည်(Artificial life)ဆိုတဲ့ သဘာဝအလျောက် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ

Monday, June 6, 2011

How to face our problems

Those who cannot cope with their problems create more worries. When misunderstanding occurs in their family they make life more miserable. Sometimes violence, bloodshed and suicide can also take place. So where is the satisfaction in a worldly life?  Today people need more income not only for their daily living such as to provide their food, clothing, medicine, shelter and to fulfill their obligations but also they have organized a way of life such that their sensual indulgence has increased. It has become a sort of competition.
People concentrate more on pleasure rather than their duties and responsibilities, some people continue to feed their dissatisfaction by worrying about their future although they have more than enough at the moment. They worry about their sickness, old age, death and also about heaven and hell in the next birth. Everyday they experience unsatisfactoriness in their life. They run here and there searching for a remedy to end their problems throughout their life. They continue this search for peace and happiness until they die but they never find the real solution. When they feel that they are getting old they worry, they worry when they cannot get what they want, they worry when they lose their things or person they love. This leads to frustration and mental agony and may even later lead to mental derangement. We do not know the real nature of our existence but try to maintain life without experiencing any disturbances and changes.
Life is changing, it is a bundle of elements and energies which are always changing. As a result no situation will ever be according to our expectation and we feel life does not work in our favor. When the elements and energies are imbalanced we experience uneasiness, sickness, pain and many other problems. When mental energy is disturbed we experience mental problems. These mental problems if left unchecked over time manifest themselves as physical problems because our organs and glands also change their normal functioning and affect the blood circulation, heartbeat and brain cells.
Today many people lead an artificial life not knowing its danger. Many of their problems are created by themselves due to their ignorance and crazy desire for too much pleasure. Many of our problems and burdens come after middle age. To understand how our problems increase with age, let us assume there is a pit about hundred feet deep with burning charcoal at the bottom. If we put a ladder and ask some people to go down one by one, those who start to go down first will not complain about the heat until they descend to a depth of 40 to 50 feet, after that they feel a certain amount of heat. When they go further down to 70 to 80 feet and reach nearer the burning charcoal they experience the sensation of burning. They try to warn those coming after them about the danger below, but no one listens. In the same manner young people say there is nothing wrong with them and they do not experience suffering. It is as we grow older and have more death that we ‘begin to feel the heat’.
အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!