အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Tuesday, August 14, 2012

သတိရခြင်းနဲ့ လွမ်းတခြင်း


သူငယ်ချင်းတစ်ယောက်က မေးဖူးတယ် တစ်ယောက်ယောက်ကို သတိရနေတာ ဘယ်လိုဖြေဖျောက်ရမလဲ… နေ့တိုင်းလိုလို သတိရနေတာတဲ့။ ကျနော်ကလည်း မင်းက ဘယ်သူ့ကို သတိရနေတာလဲလို့ပြန်မေးလိုက်တယ် ၊ ကျနော်မေးတာကို ပြန်မဖြေသေးပဲ မိနစ်အနည်းငယ်လောက်ထိ သူနှုတ်ဆိပ်သွားခဲ့တယ်။ ဟေ့.. မေးနေတယ်လေကွာလို့ ကျနော်က ပြန်ပြီး ပြောလိုက်တော့မှ သူက ဘာရယ်မဟုတ်ပါဘူးကွာ တစ်စုံတစ်ယောက်ကိုပါတဲ့။ အမယ် မင်းက တယ်ဟုတ်နေပါလား သတိရ ရမည့် သူတွေတောင် ရှိနေပါလားလို့ ကျနော်က သူကို ခက်ရွှတ်ရွှတ်သဘောနဲ့ ပြောလိုက်တယ်။ ဒါနဲ့ မပြီးသေးဘူး ကျနော်က ပြန်ဆက်မေးတယ်။ မင်းက ဘယ်လို သတိရနေလို့ ဖြေဖျောက်လို့ မရအောင်ဖြစ်နေတာလဲ ပြောပြပါဦးလို့။ သူနည်းနည်းလေး ကျနော်ကို သိပ်မကြည်တော့သလိုနဲ့ အကြည့်တချက် မထိခနဲ့ နှင့် မင်းကလဲကွာတဲ့ ငါမသိလို့မှ မင်းကို မေးကာမှ ငါ့ကို ပုလိပ်စစ် စစ်နေပြန်ပါပြီးဟု စိတ်ဘ၀င်မကျပုံနဲ့ ကျနော်ကို ပြန်ပြောပါတယ်။ ကျနော်ကလည်း သူကို မေးရခြင်းနဲ့ ပတ်သက်လို့ ဖြောင့်ချက်သဘောအနေနဲ့ မင်းကလည်းကွာလို့ ငါမေးတယ်ဆိုတာကလည်း မင်းဆီက အကြောင်းအရာ အင်ဖော်မေးရှင်းလေးတော့ သိသင့်တယ်လေလို့ အဲဒါမှ မင်းမေးတာကို ငါက ဘယ်လို ဘာကြောင့်ဆိုတာ ပြန်ပြီးတော့ ပြောပြလို့ရမှာပေါ့လို့ ပြောလိုက်တော့မှ ကျနော်ပြောတာကို သူ သဘောတူလက်ခံသလိုနဲ့ ငါသတိရတယ်ဆိုတာ နေ့တိုင်းလိုလိုကို သူကိုသတိရနေတာကွာတဲ့ အဲဒါပဲ ငါ ပြောပြတတ်တယ် ကျန်တာတော့ ဘယ်လိုသတိရတယ်၊ ဘာကြောင့်ဆိုတာတော့ မင်းပဲ ငါ့ကိုပြောပြတော့ ဆိုပြီး နေပူထဲက ပြန်လာတဲ့သူတစ်ယောက် ပင်ပန်းနွှမ်းနယ်လွန်းလို့ ရေအေးအေးလေး တစ်ခွက်သောက်ပြီး ပင်ပန်းနွှမ်းနယ်မှုကို ဖြေချလိုက်တဲ့ ပုံစံမျိုးနဲ့ သက်ပြင်းတစ်ချက်ချကာ စကားကို ခက်နွှမ်းနွှမ်းလေး ကျနော်ကို သူပြောလိုက်တာ မြင်ရောင်နေမိသေးတယ်။ သူပြောပြချက်ကို နားထောင်ပြီးနောက် ကျနော် စိတ်ထဲ သိပ်ဘ၀င်မကျသလိုလည်း ဖြစ်လာပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ သူပြောတဲ့ သတိရတယ်ဆိုတဲ့ စကားနဲ့ သူဖြစ်ပျက်နေတဲ့ ပုံစံမျိုးနဲ့က အံဝင်ခွင်ကျမရှိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်ကလည်း ဟေ့ သူငယ်ချင်း မဟုတ်သေးဘူးနော် တစ်ခုခုတော့ လွဲနေပြီ မင်းဟာက ခါးတောင်းကြိုက်တာက တစ်ခြား ဟိုဟာက တစ်ခြားတော့ ဖြစ်နေပြီထင်တယ်လို့ ကျနော်က ပြောလိုက်တော့ ထို့နောက် သူငယ်ချင်းက ချက်ချင်းဆိုသလို ဘာလွဲတာလဲ သူငယ်ချင်းရဟု ကျနော်ကို ပြန်မေးပြန်ပါတယ်။ ကျနော်ကလည်း မင်းပဲ စဉ်းစားကြည့်လေလို့ မင်းက တစ်ယောက်ယောက်ကို သတိရတယ်တာပြောနေတာ မင်းပုံစံက တစ်စုံတစ်ယောက်ကို သတိရတဲ့ ပုံစံမျိုးလဲပေါက်မနေဘူးလို့ သူငယ်ချင်းက အဲဒါဆို ငါက ဘယ်လိုပုံပေါက်နေလို့လဲဟတဲ့။ ကျနော်ကလည်း သူကို နောက်သလိုလိုနဲ့ ပြန်ပြောလိုက်တယ် မင်းပုံစံက သတိရတဲ့ သူတစ်ယောက် တစ်စုံတစ်ယောက်ကို သတိရလို့ မျက်နှာလေးက ကြည်လင်ဝင်းပပြီး ခံစားမှုပီတိလေးတွေ သူ့မျက်နှာပြင်ပေါ်မှာ အရောင်သန်းနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ လင်းတ(လဒ)ကြီး အသားပုတ်မစားရလို့ လင်းတ(လဒ)မှိုင် မှိုင်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့။ ဒါနဲ့ သူငယ်ချင်းက “ငါနဲ့ မင်းပြောလိုက်မှ ငါ့ပုံစံက ပုံဆိုးပန်းဆိုးကို ဖြစ်ရတော့တယ်၊ ဟင်း…..သတိရတာလေးတောင် ပြန်ပြင်ပြီး သတိရ, ရမလိုဖြစ်နေပြီး”ဟု  ကျနော်ကို ပြန်ပြောပါတယ်။ သူကပြန်မေးတယ် ဒါနဲ့ နေပါဦးတဲ့ မင်းပြောသလို လင်းတ(လဒ)မှိုင် မှိုင်တာ ဘယ်လိုမျိုးလဲတဲ့။ ကျနော်ကလည်း သူငယ်ချင်း စိတ်မကြည်မလင်ဖြစ်နေတာသိလို့ သူပျော်ရွှင်အောင်ဆိုပြီး ခြေထောက်နှစ်ဖက်ကို အောက်နဲနဲကွေး၊ လက်နှစ်ဖက်ကို ရှေ့ထုတ်ကွေး၊ မျက်လုံးနှစ်ဖက်ကို အပေါ်မော့၊ လက်ဟန်ခြေဟန်ပြလျက် ဂဲ..ဂဲ ဆိုးပြီး ဟိုကြည့် ဒီကြည့် ကြည့်ကာ အသံမြည်ပြီး လမ်းလျှောက်ပြလိုက်တော့
အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!