အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို မေတ္တာတရားရှိသူတို.သာ ပုံဖေါ်နိုင်စွမ်းရှိပါတယ်။ မေတ္တာပုံရိပ်ကိုလည်း မေတ္တာမျက်ဝန်းရှိသူတို့သာ နားလည်ခံစားနိုင်ပါတယ်။ လောကကြီး သာယာဝပြောဖို့ ကိုယ်ကျင့်တရားကို မြတ်နိုးပါ။ လောကကြီး သာယာလှပဖို့ သဘာဝတရားကို မြတ်နိုးပါ။ အမုန်းတရားကို တားဆီးဖို့ ချစ်ခင်မှုကို မြတ်နိုးပါ။ ဘက်လိုက်မှုကို တာဆီးဖို့ တရားမျှတမှုကို မြတ်နိုးပါ။

Sunday, November 20, 2011

လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ဘုရားရှိခိုးနည်း။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

(နေမာ တတ္သ ဘဂ၀ေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓတ္သ)

အရဟတော- ကိလေသာကင်း ရန်သူရှင်း၍ ထိုက်ခြင်းအလှူ စိတ်ကွယ်မူလည်း ငြီးမြူမယှက် သံသာစက်ကို                 ချိုးဖျက် ဖြိုးလှန်တော်မူတတ်သော…
သမ္မာသမ္ဗုဒ္ဓဿ(သမ်မာသမ်ဗုဒ်ဓတ်သ)- သစ္စာညေယျ ဓမ္မဥဿုံ (ဓမ်မ အုတ်သုံ) အလုံးစုံကို အကုန်အစင် သိမြင်တော်မူတတ်သော…
တဿ ဘဂ၀တော- ဘုန်းတော် ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား၊
နမော- ခြေ၊ လက်၊ နဖူး၊ တဒေါင်၊ ဒူး နှင့် ငါးလီ ညီစွာ ၀န္ဒနာဖြင့် သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်(၉)ပါး ကြည်ညို ပွားနည်း

ယော ဘဂ၀ါ- အကြင်မြတ်စွာဘုရားသည်၊ ဒေ၀မနုဿာနံ(ဒေ၀မနုတ်သာနံ)- နတ်လူတို့၏၊ အတ္ထာယ(အတ်ထာယ)- အကျိုးငှာ၊ ဟိတာယ- အစီးအပွားလို့ငှာ၊ သုခါယ- ချမ်းသာခြင်းငှာ၊ လောကေ- လူလောက၌၊ ဥပ္ပဇ္ဇတိ(အုပ်ပစ်ဇတိ)- ပွင့်ထွန်းကြွမြန်းတော်မူလာ၏။

၁။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ကိလေသာကင်း ရန်သူရှင်း၍ ထိုက်ခြင်းအလှူ စိတ်ကွယ်မူလည်း ငြီးမြူမယှက် သံသာစက်ကို ချိုးဖျက်ဖြိုးလှန် ဤငါးတန်ကြောင့်လည်း၊ အရဟံ- အရဟ မည်တော်မူပါပေ၏။

၂။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ သစ္စာညေယျ ဓမ္မဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ(သမ်မာသမ်ဗုဒ်ဓေါ)- သမ္မာသမ္ဗုဒ္ဓ(သမ်မာသမ်ဗုဒ်ဓ) မည်တော်မူပါပေ၏။

၃။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော(၀ိဇ်ဇာ စရဏ သမ်ပန်နော)- ၀ိဇ္ဇာစရဏသမ္ပန္န(၀ိဇ်ဇာ စရဏ သမ်ပန်န) မည်တော်မူပါပေ၏။

၎။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ စကားဆိုရိုး ခွန်းခြောက်မျိုးတွင် မှန်ကန်အကျိုးများ ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။

၅။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ သတ္တောကာသ(သတ်တောကာသ) သင်္ခါရဟု လောက သုံးခွင် ဘုံအပြင် အကုန်အစင် သိမြင်တော်မူတတ်သော ဤကြောင်းကြောင့်လည်း၊ လောက၀ိဒူ- လောက၀ိဒူ မည်တော်မူပါပေ၏။

၆။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်။ ဆုံးမထိုက်သူ နတ်လူ တိရစ္ဆာန် ယောက်ျား မှန်သမျှတို့ကို အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊အနုတ္တရောပုရိသဓမ္မသာရတ္ထိ(အနုတ်တရောပုရိသဓမ်မသာရတ်ထိ)- အနုတ္တရောပုရိသဓမ္မသာရတ္ထိ (အနုတ်တရောပုရိသဓမ်မသာရတ်ထိ)မည်တော်မူပါပေ၏။

၇။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ဗြဟ္မာနတ်လူ(ဗြန်မာနတ်လူ) သုံးဘုံလူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ(သတ်ထာဒေ၀မနုသ်သာနံ)-သတ္ထာဒေ၀မနုဿာန(သတ်ထာဒေ၀ မနုသ်သာန ) မည်တော်မူပါပေ၏။

၈။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူတက်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ (ဗုဒ်ဓေါ)- ဗုဒ္ဓ (ဗုဒ်ဓ) မည်တော်မူပါပေ၏။

၉။       သော ဘဂ၀ါ- ထိုမြတ်စွာဘုရားသည်၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂ၀ါ- ဘဂ၀ါ မည်တော်မူပါပေ၏။ 
      
ဤသို့ အတုမရှိကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဘုရားတည့်တော်သည် သဒ္ဓါရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။
အလုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြောက်တက် မကြောက်တက် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကြီးငယ်အလတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဘ၀ကုန်ဆုံးဖြစ်တုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လှည့်ပတ်စိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ထင်သေးစိတ်သွင်း အချင်းချင်းကင်းရှင်းကြပါစေ။ ဒေါသစိတ်သွင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ May all beings be happy and peaceful! May all beings feeble or strong, be happy and peaceful! May all beings long, medium, or short, be happy and peaceful! May all beings great, medium or short, be happy and peaceful! May all beings seen or unseen, be happy and peaceful! May all beings living-far or near, be happy and peaceful! May all beings unborn or being born, be happy and peaceful! Let none deceive another. Let none despise another.Let none get angry wishing misery to others. May they all be free from ailment, enmity and happy in peace!